| ရန်ကုန်အင်တာနက် ဆိုင်များတွင် စအဖ မှ အမျိုးသမီးငယ်များအား ဆိုင်ဝန်ထမ်းပုံစံဖြင့် လာရောက်ထည့်သွင်းထား |
|
|
|
| Friday, 30 April 2010 02:08 | |
|
အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့) မှ အင်တာနက်ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။ ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားလာပါတယ်။ ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်.... |