သို့
မိတ်ဆွေများခင်ဗျား
ယ္ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ကျရောက်မည့် "ကလေးကူးသန်းရောင်းဝယ်မှုပပျောက်ရေးနေ့ Day Against Child Trafficking" ကို ပြုလုပ်ကျင်းပနိုင်ရန်အတွက် ကျနော်တို့  Burma ACT အဖွဲ့မှ ကြိုးစားစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဓိကအနေဖြင့် ပြည်သူလူထုအား ဦးတည်ပြီး အသိပညာပေးမှုပြုလုပ်သွားမည်ဖြစ်ပြီး။ အစိုးရဌာများ၊ တာဝန်ရှိသူများကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စည်းရုံးလှုံဆော်သွားမည် ဖြစ်ပါသည်၊
ပထမတော့ အဖွဲ့ များအားလုံးကို ဖိတ်ကြားဆွေးနွေးရန် ဖြစ်သော်လည်း အခမ်းအနားအား ပြုလုပ်ကျင်းပမည်၊ မကျင်းပမည်ဆုံးဖြတ်ချက် စောင့်ဆိုင်းခဲ့ရသည့်အတွက် အချိန်နောက်ကျသွားသည်ကတစ်ကြောင်း၊ ပြုလုပ်ခွင့် လျောက်ထားရသည့် အခြေအနေများအရလည်းကောင်း အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများလည်း မအားမလပ်ဖြစ်မည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ မိမိအနေဖြင့်လည်း ခရီးထွက်ခဲ့ရသည်က တစ်ကြောင်းတို့ ကြောင့် ဆွေးနွေးပွဲပြုလုပ်ပြီး ပြုလုပ်မည့်အစီအစဉ်များကို ဆွေးနွေးရှင်းပြခြင်း၊ အကြံဥာဏ်ရယူခြင်းတို့ မပြုလုပ်နိုင်ခဲ့သည့်အပေါ် နားလည်မှုပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
စီစဉ်ထားမှု အခြေအနေများကို အောက်ပါအတိုင်းစီစဉ်ထားပါသည်၊
(၁) အခမ်းအနားကို ရန်ကုန်တိုင်း။ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်။ ဘာတာဈေး (လှိုင်ရတနာဈေး) အနောက်ဖက် စက်မှုရိပ်သာ ၀န်းအတွင်းတွင် ဆောင်ရွက်ရန်စီစဉ်ထားပါသည်။
(၂) အခမ်းအနားပြုလုပ်ရန်အတွက် ရပ်ကွက်၊ ရဲစခန်း၊ သဘင်ကောင်စီ တို့၏ ခွင့်ပြုထောက်ခံချက်များရယူထားပြီး မြိုံနယ်အထွေထွေ အုပ်ချုပ်ရေး မှူးထံတင်ပြထားခဲ့ပြီးဖြစ်ပါသည်။ ၄င်းမှတဆင့် ခရိုင်သို့ဆက်လက်တင်ပြမည်ဖြစ်ပါသည်၊ ဦးစီးမှူးမှ သူတာဝန်ယူပါသည်ဟု ပြောပါသည်၊ လုံခြုံရေး အစီအစဉ်ကိုလည်း မြိုံနယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ စီစဉ်ရေးဆွဲပေးခဲ့ပါသည်။
(၃) ကျင်းပရန် နေရာ၊ ဇာတ်စင်၊ မီးများအတွက် မြို့နယ်အတွင်းရှိလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
(၄) အခမ်းအနားအစီအစဉ်ကိုအောက်ပါအတိုင်းပြင်ဆင်ထားပါသည်။
(က) ဖွင့်လှစ်ခြင်းနှင့် တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း ( မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ ၊ မြို့နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တစ်ဦး၊ Burma ACT မှ ဆရာဦးအောင်မျိုးမင်း)
(ခ) ရည်ရွယ်ချက်နှင့် ကလေးကူးသန်းရောင်းဝယ်မှုဆိုတာကို ရှင်းလင်းပြောကြားခြင်း (Burma ACT မှ ဦးအောင်ဇော်ထွေးနှင့် VCD မှတ်တမ်း)
(ဂ) United ACT မှ ပြဇာတ်ဖြင့်တင်ပြခြင်း
(ဃ) ဟား ၅ ကောင် အငြိမ့် အဖွဲ့ဖြင့် အသိပညာပေး၊ ဖျော်ဖြေမှုများပြုလုပ်ခြင်း
(င) အမေးအဖြေများပြုလုပ်ခြင်းအစီအစဉ်ကိုတော့ အခြေအနေအရပြုလုပ်သွားမည်ဖြစ်ပါသည်။
(၅) ဘတ်ဂျက်အခြေအနေ - ယ္ခုနှစ်တွင် ကျပ် (၁၅) သိန်းသာရှိတဲ့အတွက် အစီအစဉ်များကို ယ္ခင်နှစ်ကလို မလုပ်နိုင်ဘဲ လျော့ချထားပြီး၊ ဆောင်ရွက်နေရပါသည်။ ဘတ်ဂျက်လိုငွေပြနိုင်သည့်အတွက်လည်း စီစစ်ဆောင်ရွက်နေရပါသည်။
(၆) ဖိတ်စာပြုလုပ်နေပြီး ဖိတ်စာပြီးပါက မိတ်ဆွေများထံ ဖိတ်ကြားပေးသွားမည်ဖြစ်ပါသည်။ ပူးပေါင်းပါဝင်ကြဖို့ ကိုလည်း ဖိတ်ခေါ်လိုပါသည်။
(၇) United ACT ပြဇာတ်တွင်ပါဝင်သော ကလေးငယ်များ၏ ခရီးစရိတ်နှင့် စားစရိတ်များကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၈) Boot များထားနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Boot များပြုလုပ်လိုပါက ကြိုတင်သတင်းပေးထားစေချင်ပါသည်၊
မိတ်ဆွေများအနေဖြင့် အခမ်းအနားအတွက် အကြံပြုစရာ၊ ဆွေးနွေးစရာများရှိပါက လေးစားစွဖြင့် ကြိုဆိုအပ်ပါသည်။
လေးစားစွာဖြင့်
အောင်ဇော်ထွေး
Advocacy Officer (YGN)
Burma ACT
5-December-2013