ဆန္ဒထုတ်ဖော်ခွင့်မပြု
၂၀၂၀ ပြည့်နှစ်သည် ခေတ်သစ်မြန်မာ့သမိုင်းအတွက် ပထမဦးဆုံးသော အရေးကြီးသည့် ဆန္ဒထုတ်ဖော်မှုများ၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နှစ်တစ်နှစ် ဖြစ်ပါသည်။ နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်များနှင့် ရွေးကောက်ပွဲများကို ဆန္ဒထုတ်ဖော်ပွဲများက မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် အစိုးရများသည် သမိုင်းတစ်လျှောက်တွင် ဆန္ဒထုတ်ဖော်သူများကို သံသယမျက်လုံးများဖြင့် ကြည့်ခဲ့ကြပြီး၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို ကန့်သတ်ခဲ့ကြပါသည်။ မျက်မှောက်ခေတ်တွင်မူ ဆန္ဒထုတ်ဖော်သူများအပေါ် နှောင့်ယှက်မှုနှင့် ခြောက်လှန့်မှုများကို မီဒီယာများတွင် အမြဲပင်တွေ့ရှိနေရဆဲပင် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဆန္ဒထုတ်ဖော်သူ ၁၀၀ နီးပါးသည် ဆန္ဒထုတ်ဖော်သည့်အတွက် တရားစွဲဆို ခံခဲ့ရသည်။
ရာပြည့်အထိမ်းအမှတ်အနေအဖြစ် FEM သည် အသေးစိတ်ကျကျနှင့် ပညာရပ်ဆန်ပြီး အရေအတွက်ကောက်ယူမှုကို အခြေခံသော စစ်တမ်းတစ်ခုကို ဆန္ဒထုတ်ဖော်သူများကို မေးမြန်းရန် စီစဉ်ခဲ့ပါသည်။ ၎င်းတို့၏ အတွေ့အကြုံများကို သုံးသပ်ပြီး မြန်မာနိုင်ငံ၏ ဆန္ဒထုတ်ဖော်ခွင့် အခြေအနေကို နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းများနှင့် တိုင်းတာခဲ့ပါသည်။
တွေ့ရှိချက်များ
မြန်မာနိုင်ငံရှိ ပြည်သူများသည် အများအားဖြင့် အာဏာပိုင်များက အများပြည်သူ၏ မကျေနက်ချက်များ/တိုင်တန်းချက်များ/နစ်နာချက်များကို လျစ်လျူရှုသည်ဟု ထင်မြင်ယူဆကြလျှင် ဆန္ဒထုတ်ဖော် ကြပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော်လည်း ရှင်းလင်းမှုမရှိသော၊ ပြဿနာဖြစ်စေသော ဥပဒေကို ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်များကိုယ်တိုင်က ယေဘုရအားဖြင့် သိရှိနားလည်ခြင်း မရှိကြပါ။ အထူးသဖြင့် ဆန္ဒထုတ်ဖော်ခွင့် ရရန် ဆန္ဒထုတ်ဖော်သူများသည် ခွင့်ပြုမိန့် လိုအပ်သည်ဟု အာဏာပိုင်များက ထင်နေဆဲဖြစ်သည်။ ဆန္ဒထုတ်ဖော်သည့် အကြောင်းအရာခေါင်းစဉ်၊ ထုတ်ဖော်မည့် ပုံစံ နှင့် နေရာ တို့ကို လွှမ်းမိုး ချုပ်ကိုင်ရန် ကြိုးစားခြင်းအားဖြင့် အာဏာပိုင်များသည် ပုံမှန်အားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုပိုင်ခွင့်နှင့် စုဝေးခွင့်ကို ဝင်ရောက်ဟန့်တားလေ့ရှိကြသည်။
ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားနေချိန်များတွင်မူ အဆင်ပြေအောင် ပံ့ပိုးကူညီပေးရမည့်အစား အာဏာပိုင်များ၏ အဓိက ရည်မှန်းချက်သည် ဆန္ဒထုတ်ဖော်မှုကို ပိတ်သိမ်းရန်သာဖြစ်ပြီး အဆိုပါ၄င်းတို့၏ ပြင်ဆင်မှုများသည် များသောအားဖြင့် မလိုအပ်၊ အချိုးမမျှ မသင့်လျော်သည်က များသည်။ အဆိုပါအာဏာပိုင်များသည် ဆန္ဒထုတ်ဖော်သူများအပေါ် မလိုအပ်သော၊ အချိုးမမျှ မသင့်လျော်သော အင်အားသုံးဖြေရှင်းမှုများကိုလည်း လုပ်လေ့ရှိပြီး ဆန္ဒထုတ်ဖော်သူများကို ဒဏ်ရာရစေရန် တမင်မရည်ရွယ်သည့်တိုင် ထိုသို့ ဖြစ်စေသည့် နည်းစနစ်များကို ဆင်ခြင်စဉ်းစားသုံးသပ်မှုမရှိဘဲ အသုံးချလေ့ရှိကြပါသည်။ ဆန္ဒထုတ်ဖော်သူ အများအပြားသည် အကြမ်းဖက်လေ့ မရှိသော်လည်း အာဏာပိုင်များသည် ဆန္ဒထုတ်ဖော်ပွဲများကို မြန်မြန်ပိတ်သိမ်းကြပြီး ဥပဒေကြောင်းအရ လက်ခံနိုင်ဖွယ် အကြောင်းပြချက် မရှိဘဲ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးသည်။
ဆန္ဒထုတ်ဖော်မှုများ ပြီးဆုံးချိန်တွင် များစွာသော ဆန္ဒထုတ်ဖော်သူများသည် ၎င်းတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို ကျင့်သုံးမှုကြောင့်ပင် တရားစွဲဆိုခံရသည်။ အများအားဖြင့် စွဲဆိုချက်များသည် ဥပဒေနှင့် မညီသော သိမ်းကျုံးကာ အုပ်စုလိုက် အပြစ်ထိုက်သင့်ခြင်း ဖြစ်သည်။ တရားစွဲဆိုခံရသော ဆန္ဒထုတ်ဖော်သူများသည် အဆုံးတွင် ပြစ်ဒဏ်သင့်စေသော စီရင်ချက်များသာ ထွက်ရှိလာမည်ဖြစ်သည့် နှေးကွေးသော ရုံးတင် စစ်ဆေးမှုများကို ရင်ဆိုင်ကြရာတွင် ဥပဒေဆိုင်ရာ နှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့ မရကြပါ။ ဆန္ဒထုတ်ဖော်သူများသည် ၁၀၀ % ပြစ်ဒဏ်ကျခံရနှုန်း ရှိနေသည်။
Full report >>
---
--- Zawgyi ---
---
ဆႏၵထုတ္ေဖာ္ခြင့္မျပဳ
၂၀၂၀ ျပည့္ႏွစ္သည္ ေခတ္သစ္ျမန္မာ့သမိုင္းအတြက္ ပထမဦးဆုံးေသာ အေရးႀကီးသည့္ ဆႏၵထုတ္ေဖာ္မႈမ်ား၏ ႏွစ္ ၁၀၀ ျပည့္အထိမ္းအမွတ္ ႏွစ္တစ္ႏွစ္ ျဖစ္ပါသည္။ ႏိုင္ငံေရး ေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ဖြဲ႕စည္းပုံအေျခခံဥပေဒအသစ္မ်ားႏွင့္ ေ႐ြးေကာက္ပြဲမ်ားကို ဆႏၵထုတ္ေဖာ္ပြဲမ်ားက မိတ္ဆက္ေပးလိုက္ျခင္း ျဖစ္သည္။ ရလဒ္အေနျဖင့္ အစိုးရမ်ားသည္ သမိုင္းတစ္ေလွ်ာက္တြင္ ဆႏၵထုတ္ေဖာ္သူမ်ားကို သံသယမ်က္လုံးမ်ားျဖင့္ ၾကည့္ခဲ့ၾကၿပီး၊ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ စုေဝးခြင့္ကို ကန႔္သတ္ခဲ့ၾကပါသည္။ မ်က္ေမွာက္ေခတ္တြင္မူ ဆႏၵထုတ္ေဖာ္သူမ်ားအေပၚ ေႏွာင့္ယွက္မႈႏွင့္ ေျခာက္လွန႔္မႈမ်ားကို မီဒီယာမ်ားတြင္ အၿမဲပင္ေတြ႕ရွိေနရဆဲပင္ ျဖစ္ပါသည္။ ၂၀၁၉ ခုႏွစ္တြင္ ဆႏၵထုတ္ေဖာ္သူ ၁၀၀ နီးပါးသည္ ဆႏၵထုတ္ေဖာ္သည့္အတြက္ တရားစြဲဆို ခံခဲ့ရသည္။
ရာျပည့္အထိမ္းအမွတ္အေနအျဖစ္ FEM သည္ အေသးစိတ္က်က်ႏွင့္ ပညာရပ္ဆန္ၿပီး အေရအတြက္ေကာက္ယူမႈကို အေျခခံေသာ စစ္တမ္းတစ္ခုကို ဆႏၵထုတ္ေဖာ္သူမ်ားကို ေမးျမန္းရန္ စီစဥ္ခဲ့ပါသည္။ ၎တို႔၏ အေတြ႕အႀကဳံမ်ားကို သုံးသပ္ၿပီး ျမန္မာႏိုင္ငံ၏ ဆႏၵထုတ္ေဖာ္ခြင့္ အေျခအေနကို ႏိုင္ငံတကာ ဒီမိုကေရစီ စံႏႈန္းမ်ားႏွင့္ တိုင္းတာခဲ့ပါသည္။
ေတြ႕ရွိခ်က္မ်ား
ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားသည္ အမ်ားအားျဖင့္ အာဏာပိုင္မ်ားက အမ်ားျပည္သူ၏ မေက်နက္ခ်က္မ်ား/တိုင္တန္းခ်က္မ်ား/နစ္နာခ်က္မ်ားကို လ်စ္လ်ဴရႈသည္ဟု ထင္ျမင္ယူဆၾကလွ်င္ ဆႏၵထုတ္ေဖာ္ ၾကပါသည္။ လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က ဥပေဒေရးရာ ျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း ရွင္းလင္းမႈမရွိေသာ၊ ျပႆနာျဖစ္ေစေသာ ဥပေဒကို ဆႏၵထုတ္ေဖာ္သူမ်ားႏွင့္ အာဏာပိုင္မ်ားကိုယ္တိုင္က ေယဘုရအားျဖင့္ သိရွိနားလည္ျခင္း မရွိၾကပါ။ အထူးသျဖင့္ ဆႏၵထုတ္ေဖာ္ခြင့္ ရရန္ ဆႏၵထုတ္ေဖာ္သူမ်ားသည္ ခြင့္ျပဳမိန႔္ လိုအပ္သည္ဟု အာဏာပိုင္မ်ားက ထင္ေနဆဲျဖစ္သည္။ ဆႏၵထုတ္ေဖာ္သည့္ အေၾကာင္းအရာေခါင္းစဥ္၊ ထုတ္ေဖာ္မည့္ ပုံစံ ႏွင့္ ေနရာ တို႔ကို လႊမ္းမိုး ခ်ဳပ္ကိုင္ရန္ ႀကိဳးစားျခင္းအားျဖင့္ အာဏာပိုင္မ်ားသည္ ပုံမွန္အားျဖင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသားေျပာဆိုပိုင္ခြင့္ႏွင့္ စုေဝးခြင့္ကို ဝင္ေရာက္ဟန႔္တားေလ့ရွိၾကသည္။
ဆႏၵထုတ္ေဖာ္မႈ ျဖစ္ပြားေနခ်ိန္မ်ားတြင္မူ အဆင္ေျပေအာင္ ပံ့ပိုးကူညီေပးရမည့္အစား အာဏာပိုင္မ်ား၏ အဓိက ရည္မွန္းခ်က္သည္ ဆႏၵထုတ္ေဖာ္မႈကို ပိတ္သိမ္းရန္သာျဖစ္ၿပီး အဆိုပါ၄င္းတို႔၏ ျပင္ဆင္မႈမ်ားသည္ မ်ားေသာအားျဖင့္ မလိုအပ္၊ အခ်ိဳးမမွ် မသင့္ေလ်ာ္သည္က မ်ားသည္။ အဆိုပါအာဏာပိုင္မ်ားသည္ ဆႏၵထုတ္ေဖာ္သူမ်ားအေပၚ မလိုအပ္ေသာ၊ အခ်ိဳးမမွ် မသင့္ေလ်ာ္ေသာ အင္အားသုံးေျဖရွင္းမႈမ်ားကိုလည္း လုပ္ေလ့ရွိၿပီး ဆႏၵထုတ္ေဖာ္သူမ်ားကို ဒဏ္ရာရေစရန္ တမင္မရည္႐ြယ္သည့္တိုင္ ထိုသို႔ ျဖစ္ေစသည့္ နည္းစနစ္မ်ားကို ဆင္ျခင္စဥ္းစားသုံးသပ္မႈမရွိဘဲ အသုံးခ်ေလ့ရွိၾကပါသည္။ ဆႏၵထုတ္ေဖာ္သူ အမ်ားအျပားသည္ အၾကမ္းဖက္ေလ့ မရွိေသာ္လည္း အာဏာပိုင္မ်ားသည္ ဆႏၵထုတ္ေဖာ္ပြဲမ်ားကို ျမန္ျမန္ပိတ္သိမ္းၾကၿပီး ဥပေဒေၾကာင္းအရ လက္ခံႏိုင္ဖြယ္ အေၾကာင္းျပခ်က္ မရွိဘဲ ဆႏၵထုတ္ေဖာ္သူမ်ားကို ဖမ္းဆီးသည္။
ဆႏၵထုတ္ေဖာ္မႈမ်ား ၿပီးဆုံးခ်ိန္တြင္ မ်ားစြာေသာ ဆႏၵထုတ္ေဖာ္သူမ်ားသည္ ၎တို႔၏ ဒီမိုကေရစီ အခြင့္အေရးမ်ားကို က်င့္သုံးမႈေၾကာင့္ပင္ တရားစြဲဆိုခံရသည္။ အမ်ားအားျဖင့္ စြဲဆိုခ်က္မ်ားသည္ ဥပေဒႏွင့္ မညီေသာ သိမ္းက်ဳံးကာ အုပ္စုလိုက္ အျပစ္ထိုက္သင့္ျခင္း ျဖစ္သည္။ တရားစြဲဆိုခံရေသာ ဆႏၵထုတ္ေဖာ္သူမ်ားသည္ အဆုံးတြင္ ျပစ္ဒဏ္သင့္ေစေသာ စီရင္ခ်က္မ်ားသာ ထြက္ရွိလာမည္ျဖစ္သည့္ ေႏွးေကြးေသာ ႐ုံးတင္ စစ္ေဆးမႈမ်ားကို ရင္ဆိုင္ၾကရာတြင္ ဥပေဒဆိုင္ရာ ႏွင့္ ေငြေၾကးဆိုင္ရာ အေထာက္အပံ့ မရၾကပါ။ ဆႏၵထုတ္ေဖာ္သူမ်ားသည္ ၁၀၀ % ျပစ္ဒဏ္က်ခံရႏႈန္း ရွိေနသည္။
|