အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပသွားမည်
၂ဝ၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲကို မဟာမိတ် မြန်မာ (Mahamate Myanmar) အန်ဂျီအိုအဖွဲ့က ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။ မဟာမိတ် မြန်မာသည် မြန်မာနိုင်ငံအတွင်းရှိ အိတ်ခ်ျအိုင်ဗွီ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ ကူးစက်ရောဂါနှင့် နှီးနွယ်သူများ၏ အခွင့်အရေးများ ပြည့်ဝစွာ ရရှိရေးအတွက် စီမံကိန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေကျပ် သိန်း ၂ဝ ၊ ဒုတိယဆု ငွေကျပ် ၁ဝ သိန်း ၊ တတိယဆု ငွေကျပ် ၇ သိန်းနှင့် နှစ်သိမ့်ဆု နှစ်ဆုကို ၃ သိန်းစီ သတ်မှတ်ထားသည်။ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲကို စိတ်ပါဝင်စား သူများအနေဖြင့် မှတ်တမ်းရုပ်ရှင်နှင့်ပက်သက်သည့် အတွေ့အကြုံများပါဝင်သည့် CV တစ်စောင်၊ ယခင်က မိမိ ရိုက်ကူးခဲ့ဖူးသည့် ၅ မိနစ်နှင့်အထက် မှတ်တမ်းရုပ်ရှင်နမူနာတစ်ကား၊ လူ့အခွင့်အရေးနှင့် အထက်ဖော်ပြပါ မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ဝင်စားရခြင်း အကြောင်းအရင်များကို ဖော်ပြသည့် ပျဉ်းမျှ ၃ မိနစ်စာ အသံဖိုင် (သို့မဟုတ်) ရုပ်သံဖိုင်တစ်ခုကို အောက်ဖော်ပြပါလိပ်စာများသို့ စက်တင်ဘာလ (၁ဝ) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါ သည်။ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲအတွက် လျှောက်ထားသူများအနက်မှ စကာတင် (၁၅)ဦးကို ရွေးချယ်ကာ ရိုက်ကူး တည်း ဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းစီ ပေးအပ်သွားမည်ဖြစ်သည်။ စိတ်ပါဝင် စားသူများအနေဖြင့် မဟာမိတ် မြန်မာရုံးသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဦးစိုးကျော်မောင် ဖုန်း (+95) 9 455 20 6699 ၊ co.mah...@gmail.com နှင့် ဒေါ်အေးရီလင်း ဖုန်း (+95 -1) 500 619 (Ext 201) ahso.a...@gmail.com သို့ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
“ရုပ်ရှင်ဇာတ်လမ်းတိုး ပြိုင်ပွဲကို စိတ်ဝင်စားသူတိုင်းကို ဖိတ်ဖော်ပါကြောင်း။ လူ့အခွင့်အရေးဆိုတာ လူခပ်သိမ်းနှင့် သက်ဆိုင်တဲ့အတွက် ဆန့်ကျင်ဖက်လိင်အသွင်ဖြင့် နေထိုင်သူများ၊ လိင်တူ ချစ်မြတ်နိုးသူများ၊ မူးယစ်ဆေး သုံးစွဲသူများ၊ အမျိုးသမီးငယ်လေးများနှင့် အိတ်ခ်ျအိုင်ဗွီပိုးဖြင့် အသက်ရှင်နေထိုင်သူများနှင့် လိင်လုပ်ငန်း လုပ်ကိုင် သူများအနေဖြင့် အများနည်းတူ ထိုက်သင့်သော အခွင့်အရေးများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိသင့်ပါတယ်” ဟု မဟာမိတ် မြန်မာအဖွဲ့အစည်းမှ PITCH စီမံကိန်း၏ Country Focal ဖြစ်သော ဦးရန်ဝင်းစိုးက တိုက်တွန်း ပြောကြားခဲ့သည်။
သတင်းမှတ်တမ်း
သတင်း]ကို အဆင်ပြေသလို တည်းဖြတ်နိုင်ပါတယ် . ..
အပြည်အစုံကိုလည်း အောက်မှ ဖော်ပြပေးထားပါတယ်။