> *အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားနှင့်*
>
> *ME ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ*
>
>
>
> သူငယ်ချင်းတို့ရေ................
>
> Myanmar Egress ကျောင်းသားဟောင်းများ မတွေ့ဖြစ်တာ
> လအနည်းငယ်ရှိသွားပြီနော်.......။ အခု တို့သူငယ်ချင်းတွေ ပြန်ဆုံတွေ့ရမည့်
> အခွင့်အလမ်းနှင့် အစီအစဉ်ကို CEC အဖွဲ့မှ ကြိုးစားလုပ်ဆောင်ပေးလိုက်ပါပြီ။
>
> စက်တင်ဘာလ ၁၅ ရက်နေ့မှာကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၁
> (International Day of Democracy 2011) ကိုကြိုဆိုသောအားဖြင့် ဒီမိုကရေစီနှင့်
> ပတ်သက်သော ရုပ်ရှင်ကားများပြသမည့် အထူးအစီအစဉ် ဖြစ်ပါသောကြောင့် Myanmar
> Egress ကျောင်းသားဟောင်းများမှ မည်သူမဆို လွပ်လပ်စွာ
> လာရောက်ကြည့်ရှုအားပေးနိုင်ပါသည်။ အစီအစဉ်ကို အောက်ပါအတိုင်း
> ကျင်းပမည်ဖြစ်ပါသည်။
>
>
> နေ့ရက်။ ။ ၁၁ စက်တင်ဘာလ၂၀၁၁ (တနင်္ဂနွေ)
>
> အချိန်။ ။ နံနက် ၉ နာရီမှ ညနေ ၅ နာရီ (ရုပ်ရှင်နှစ်ကား)
>
> နေရာ။ ။ သမ္မတဟိုတယ်၊ ပထမထပ်၊ Myanmar Egress
>
>
>
> *အစီအစဉ်*
>
> ၁. International Day of Democracy 2011 အဖွင့်မိတ်ဆက် ကို ဆရာများမှ
> အမှတ်တရစကားပြောကြားခြင်း
>
> ၂. Film Shows များပြသခြင်း
>
> ၃. ရုပ်ရှင်နှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြပေးခြင်း
>
> ၄. Feed back ပေးခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း တို့ ဖြစ်ပါသည်။
>
>
> ဒီအစီအစဉ်မှာ သူငယ်ချင်းအားလုံးအတွက် အမှတ်တရတွေ၊
> နွေးနွေးထွေးထွေးဆရာတို့ရဲ့အားပေးမူတွေ၊ ဗဟုသုတများနဲ့ သတင်းအချက်အလက်အသစ်တွေ
> ကိုလည်း ရရှိသွားမယ်လို့ CEC အဖွဲ့ဝင်များက ယုံကြည်ပြီး သူငယ်ချင်းများ
> အားလုံးကို အရင်တစ်ခါလိုပဲ အားရပါးရ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ
> ပြန်လည်ဆုံစည်းကြပါစို့...............။
>
>
>
>
>
>
>
>
>