ကျွန်မဖတ်ဖို့ (၂၇)
(၁) ပြီးဆုံးသွားတဲ့စာမျက်နှာကို ပြန်မလှန်ချင်ရင် မလှန်တာက အကောင်းဆုံးပဲ။
ဖုန်သလိပ်တွေကြောင့် မျက်စိစပ်မှာ စိုးလို့ပါ။
(၂) တကယ်လို့ ရွေးချယ်ခွင့်ရှိခဲ့ရင် အမုန်းနဲ့ အချစ်တစ်ခုကို အဆုံးမသတ်ပါနဲ့။
(၃) နောင်တဆိုတာ စိတ်ဓာတ်ကိုအနှောင့်အယှက်ပေးတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်။
နောင်တဆိုတာ ဆုံးရှုံးမှုထက် ပိုကြီးတဲ့ဆုံးရှုံးမှု၊ အမှားထက်
ပိုကြီးတဲ့မှားယွင်းမှုဖြစ်တယ်။ ဒါကြောင့် ဘယ်တော့မှ နောင်တ မရပါနဲ့။
(၄) အချစ်က မီးအိမ်၊ သူငယ်ချင်းကအရိပ်ဆိုရင် မီးငြိမ်းသွားတဲ့အခါ
သင့်ပတ်လည်မှာ အရိပ်တွေပဲ ကျန်နေတာကို တွေ့ရလိမ့်မယ်။ သူငယ်ချင်းဆိုတာ
နောက်ဆုံးအချိန်ထိ သင့်ကို အားအင်တွေပေးတဲ့သူဖြစ်တယ်။
(၅) အချစ်က ထမင်းဖြူနဲ့တူတယ်၊ ရိုမန်တစ်က စားပွဲခုံပေါ်က ဟင်းနဲ့တူတယ်။
ဆာလောင်နေချိန်မှာ လူတွေက ထမင်းစားချင်ကြတယ်။ ဒါပေမဲ့ ဗိုက်လည်းဝရော လူတွေက
ဟင်းကောင်းမကောင်းဆိုတာကိုပဲ ဆွေးနွေးကြတယ်။ စားခဲ့တဲ့ထမင်းဖြူရဲ့အရသာကိုတော့
ဘယ်သူမှ သတိမရကြဘူး။
(၆) ဘယ်သူမှ ကိုယ့်ကိုယ် စိတ်ရှုပ်၊ စိတ်အနှောင့်ယှက်ပေးနေတာ မဟုတ်ဘူး။ ကိုယ်က
တခြားလူရဲ့စကား၊ တခြားလူရဲ့ အပြုအမှုနဲ့ ကိုယ့်ကိုယ်ကို
စိတ်အနှောင့်အယှက်ပေးနေတာဖြစ်တယ်။
(၇) အောင်မြင်တဲ့လူတိုင်းမှာ စတင်ခြင်းဆိုတာရှိတယ်။ စတင်ရဲတဲ့သူကမှ
အောင်မြင်တဲ့လမ်းကို ရှာတွေ့မှာဖြစ်တယ်။
(၈) ရည်မှန်းချက်ပန်းတိုင်ရှိသူ၊ အဝေးကိုလှမ်းမြင်တတ်သူတွေကို လောကကြီးက
အမြဲလမ်းဖယ်ပေးတယ်။
(၉) ပတ်ဝန်းကျင်က ကိုယ့်စိတ်အလိုအတိုင်း ဖြစ်နေမှာမဟုတ်ဘူး။ အဆိုးမြင်သူက
ပတ်ဝန်းကျင်ရဲ့ အထိန်းချုပ်ကို ခံရတယ်။ အကောင်းမြင်သူက ပတ်ဝန်းကျင်ကို
ထိန်းချုပ်တယ်။
(၁ဝ) မနာလို၊ ဝန်တိုတယ်ဆိုတာ ဓားတစ်လက်နဲ့တူတယ်။ တခြားသူရဲ့နောက်ကျောကို
ထိုးရင်ထိုး မထိုးရင် ကိုယ့်ရင်ကို ကိုယ်ပြန်ထိုးတယ်။
*နိုင်းနိုင်းစနေ*
ကျွန်မဖတ်ဖို့ (၃၂) <http://www.99sanay.com/2011/10/blog-post_09.html>
(၁) ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်----
(i) သူတစ်ပါးပိုင်နက် မကျူးလွန်နဲ့ (သူတစ်ပါးရဲ့အိမ်ရှေ့မှာ
ကိုယ့်အာဏာကိုမပြနဲ့)
(ii) သူတစ်ပါးစကား ကြားမဖြတ်နဲ့
(iii) အောင်မြင်မှုရဖို့ ဆန္ဒမစောနဲ့
(iv) မေးမြန်းတဲ့မေးခွန်းမှာ ဦးတည်ချက်ပါပါစေ
(v) ဖြေတဲ့အဖြေက အခြေအနေနဲ့ကိုက်ညီပါစေ
(vi) ပြောတဲ့စကားမှာ အစ အဆုံး ရှိပါစေ
(vii) အမှန်တရားကို အခြေခံထားပါ
(၂) လူတွေမှာပါတဲ့ မျက်လုံးနှစ်လုံးက တန်းတူညီမျှတယ်။ ဒါပေမဲ့
လူတွေကိုကြည့်တဲ့အကြည့်က မျှတမှုမရှိဘူး။ လူတွေမှာပါတဲ့ နားတစ်စုံက
ဘယ်ညာနှစ်ဖက်မှာခွဲထားတယ်။ ဒါပေမဲ့ တစ်ဖက်ကိုပဲ
အာရုံစိုက်နားထောင်တတ်တယ်။ လူတွေမှာ
ပါးစပ်တစ်ပေါက်ပဲပါတယ်။ ဒါပေမဲ့ စကားနှစ်မျိုး လှည့်ပြောတတ်တယ်။
(၃) မေတ္တာစိတ် ပေးကမ်းနိုင်သူဟာ အသိပညာရှိသူ၊
ဦးနှောက်ခြောက်စရာတွေကို ချေဖျက်နိုင်သူက ဉာဏ်ရည်ဉာဏ်စွမ်းရှိသူ၊
စိတ်ကူးအိပ်မက်ရှိတာက အသိဉာဏ်တဲ့၊ အဲဒီစိတ်ကူးအိပ်မက်ကို
အကောင်အထည်ဖော်နိုင်တာက အရည်အချင်းဖြစ်တယ်။
(၄) ငွေကြေးကိုဆုံးရှုံးတာက နည်းတဲ့ဆုံးရှုံးမှု
ကျန်းမာရေးကိုဆုံးရှုံးတာက များတဲ့ဆုံးရှုံးမှု
ရဲစွမ်းသတ္တိကိုဆုံးရှုံးတာက အရာအားလုံးကိုဆုံးရှုံးသတဲ့။
(၅) အိမ်ကထွက်တဲ့အခါ လမ်းဖြောင့်ကိုလျှောက်ပါ
ပါးစပ်ကထွက်တဲ့စကား နားဝင်ချိုပါစေ
လက်ကထွက်တဲ့အလုပ် အကျိုးရှိပါစေ
(၆) မျက်နှာကိုလှအောင် လိမ်းခြယ်တာက တတိယတန်းစားလိမ်းခြယ်မှု
စိတ်ဓာတ်ကိုလှအောင် လိမ်းခြယ်တာက ဒုတိယတန်းစားလိမ်းခြယ်မှု
ဘဝကိုလှအောင် လိမ်းခြယ်တာက ပထမတန်းစားလိမ်းခြယ်မှု
(၇) ကျွန်တော်တို့ မလှပလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာတယ်။
ကျွန်တော်တို့ မကြီးမြတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂုဏ်သိက္ခာရှိတယ်။
ကျွန်တော်တို့ မပြည့်စုံလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားတယ်။
ကျွန်တော်တို့ ထာဝရမတည်မြဲလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးသားတယ်။
(၈) သာမန်လူတွေက မျက်လုံးနှစ်လုံးဖွင့်ပြီး လောကကြီးကိုကြည့်တယ်။
အမြဲအကြည့်မှားတယ်။
ထူးကဲတဲ့လူတွေက မျက်လုံးတစ်ဖက်ဖွင့်၊ တစ်ဖက်ပိတ်နဲ့ လောကကြီးကိုကြည့်တယ်။
အရိပ်အကဲကို ရှင်းရှင်းလင်းလင်းမြင်တယ်။
ပိုထူးကဲလွန်တဲ့လူတွေက မျက်လုံးနှစ်လုံးပိတ်ပြီး စိတ်နဲ့လောကကြီးကိုကြည့်တယ်။
အားလုံးကို အောင်မြင်လွှမ်းမိုးတယ်။
(၉) စကားပြောနည်း လိုအပ်ချက်---
(၁) ပြောသင့်ချိန်မှာပြောတာ --- အဆင့်အတန်းရှိတယ်
(၂) မပြောသင့်ချိန်မှာ မပြောတာ ---- ထက်မြက်တယ်
(၃) ဘယ်အချိန်မှာပြောသင့်/မပြောသင့်တာကိုသိတာ ---- အသိဉာဏ်ရှိတယ်
(၁ဝ) သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို
မနင်းချေနဲ့။
သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့စေနဲ့။
သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့
အောင်မြင်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။ ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး
ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်စေနဲ့။
ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်က ဖတ်မိတာတွေကို စုစည်းဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
--
စက္ကန့်တိုင်း ပြေးလွှားနေတာ သတိထားပါ
အချိန်စက်ဝန်းက သင့်ကို အဖက်မလုပ်တတ်ဘူး
ဒီနေ့အတွက် လက်မထောင်နိုင်အောင် ကောင်းမှု တစ်ခု သင်ပြုပါ
နောက်နေ့အတွက်သည် နောက်နေ့ ဖြစ်လာမဲ့သင့်အတွက်မို့
ဒီနေ့ သင်ဟာ ဒီနေ့အတွက်ပဲ ဖြစ်တယ်ဆိုတာကို လုံးဝ မမေ့နဲ့ ။
http://barnay.wordpress.com
--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။
Myanmar Daily Mail ၏ Group စာမျက်နှာမှာ
http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog
စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။
ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး
mayanmar...@googlegroups.com သို့ လိပ်မူ၍ Email
ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင်
တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့်
စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့်
ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက
mayanmardaily...@googlegroups.com သို့ Email ပို့ကာ
အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက
mayanmardailym...@googlegroups.com သို့ Email
ပို့၍နှုတ်ထွက်နိုင်သည်။