---------- Forwarded message ----------
From:
Ko Lay <kol...@gmail.com>Date: 2010/10/19
Subject: Fwd: ဖတ်ပြီးရင်မြန်မြန်forwardလုပ်ပေးပါ
To: tin tin <
tint...@gmail.com>, tintin aye <
tintin...@gmail.com>, thet han <
theth...@gmail.com>, sai yar zar toe <
saiyar...@gmail.com>, Thinn THIDAR <
tttt6...@gmail.com>
Pls read attached file
---------- Forwarded message ----------
From: Su Su Maw <
susuma...@gmail.com>
Date: 2010/10/19
Subject: Fwd: ဖတ်ပြီးရင်မြန်မြန်forwardလုပ်ပေးပါ
To:
တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အကြောင်းကြားချက်နဲ့ Email
စာတစ်စောင်တစ်စောင် ၀င်လာရင် Email မှာ ပါလာတဲ့ Attached File ကို
လုံးဝ(လုံးဝ) မဖွင့်မိဖို့ Sophos အမည်ရှိ ကွန်ပြူတာလုံခြုံရေး နည်း
ပညာကုမ္ပဏီတစ်ခုက သတိပေးထားပါတယ်။ အဲဒီ Email မှာ မြန်မာစစ်အစိုးရရဲ့
အကြမ်းဖက် ဖမ်းဆီးနှိပ် ကွပ်မှုတွေကို ခံနေရတဲ့ ရဟန်းသံဃာတော်များနဲ့
ပြည်သူလူထုကို ထောက်ပံ့ကူညီဖို့ ဘုန်းတော်ကြီး ဒလိုင်း လားမားက
မေတ္တာရပ်ခံထားပြီး ဒလိုင်းလားမားရဲ့ မူရင်းစာကို Attached File မှာ
ဖွင့်ကြည့်ဖို့ ညွှန်ကြား ထားပါတယ်။
အဲဒီဖိုင်ကို ဖွင့်လိုက်ရင် ထရိုဂျန်အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုးဟာ
ကိုယ့်ရဲ့ ကွန်ပြူတာအတွင်း ၀င်ရောက်လာ ပြီး ကိုယ့်ရဲ့ စကားဝှက်တွေ၊
ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဘဏ်စာရင်း နံပါတ်တွေကို ယူသွား
လိမ့်မယ်လို့ သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ပါဝင်တဲ့ Attached File ရဲ့
အမည်ကတော့ ddhl burma_001.dot ဖြစ်ပါတယ်။ (Source: DVB)
သုံးသပ်ချက် ။ ။ ဒီဗိုင်းရပ်စ်ကို နအဖက ငှားရမ်းထားတဲ့ ရုရှက
ကွန်ပြူတာဟက်ကာများက ဖြန့်ဝေတယ်လို့ ယူဆပါတယ်။ မကြာသေးခင်ကဘဲ
ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ သူတို့ရဲ့ Email ကို ၀င်ကြည့်ခံရတယ်လို့
သတိပေးပါတယ်။ ဒါဟာ မြန်မာဘလော့ဂါတွေကို အစီအစဉ်ကျကျနဲ့ ဖျက်ဆီးလိုတဲ့
ရည်ရွယ်ချက်နဲ့ လုပ် ဆောင်နေတာ သိသာထင်ရှားပါတယ်။ ဒီသတင်းကို နီးစပ်ရာ
ဘလော့ဂါတွေနဲ့ မျိုးချစ်မြန်မာလူငယ်များကို လက်ဆင့်ကမ်းပေးကြပါလို့
မေတ္တာရပ်ခံပါတယ်။
Best Regards,
Song
အကိုအမများ၊ သူငယ်ချင်းများခင်ဗျား ...
ဒီလင့်ကို လုံးဝအသုံးမပြုကြပါနဲ့ခင်ဗျာ။ အထူးသဖြင့် ကိုယ့်ရဲ့ e-mail
account နဲ့ login မလုပ်မိဖို့ အရေး ကြီးပါတယ်။ IT technician
ညီလေးတယောက် သတိပေးတာပါ။ ဒီလင့်ကိုသုံးမိရင် ကိုယ်မသိဘဲ ကိုယ့်ရဲ့
password ကို ခိုးယူပြီး အခြားသူတွေဆီကို မေးလ်တွေ အလိုလို ပို့တတ်ပါတယ်။
နောက်ပြီး ကိုယ့်ရဲ့ အချက် အလက်တွေကိုလည်း ခိုးယူတတ်ပါတယ်။
စုံစမ်းလို့ရသလောက်ဆိုရင် နအဖဘက်က အစီစဉ်တကျ လုပ် ဆောင်နေတယ်လို့
ယူဆရပါတယ်။ လက်လှမ်းမီသလောက်လည်း ဖြန့်ဝေပေးကြပါ။ ၀င်လာတဲ့ မေးလ်တွေ
ကိုလည်း သေချာစိစစ်ပြီးမှ အကြောင်းပြန်တာမျိုး လက်ခံတာမျိုး
လုပ်သင့်ပါတယ်။
စေတနာ(အလုပ်)ကောင်းလျှင်ကံကောင်းသည်။