ဘာလို့စိတ်ညစ်နေမှာလဲ ……………… ။ |
|
|
ကျွန်မ
ဒီစာလေးကိုရေးချင်နေခဲ့တာကြာပီ .. ဒီကြားထဲအလုပ်တွေများနေတာနဲ့မရေးဖြစ်ဘူး ..
ပြီးတော့ ဘယ်ကဘယ်လိုစပြီး စာရေးရမယ်မှန်းလည်း |
မသိဘူးလေ ..
ဒါပေမယ့် ကျွန်မမြင်ခဲ့တဲ့မြင်ကွင်းလေးတွေနဲ့ပတ်သက်ပြီး
သင်ခန်းစာရခဲ့တာလေးတွေကို ပြောပြချင်လို့ကြိုးစားပြီးရေးလိုက်ပါတယ် .. |
အဲ့ဒါကြောင့်
ဗဟုသုတမကြွယ်ဝတာ၊ စာလုံးအသုံးအနှုန်းမသုံးနှုန်းတတ်တဲ့မပြေပြစ်မှုတွေအတွက်
သည်းခံပြီးဖတ်ပေးစေလိုပါတယ် .. ။ |
|
ပီးခဲ့တဲ့
ဒီဇင်ဘာလတုန်းက ကျွန်မတို့အလုပ်က ၀န်ထမ်းအားလုံးကို
ငွေဆောင်အပျော်ခရီးလိုက်ပို့ပေးခဲ့တယ် .. အသွားတုန်းကတော့ ညဘက် |
ကြီးဆိုတော့
ကားပေါ်မှာအိပ်ပီးလိုက်သွားတော့ ဘေးပတ်ဝန်းကျင်တွေမကြည့်မိဘူးပေါ့ .. ဒါပေမယ့်
အပြန်ခရီးကိုနေ့လည်မှာကားစထွက်ခဲ့တော့ |
ရန်ကုန်-ပုသိမ်
လမ်းမကြီးတစ်လျှောက်က ပင်ပန်းဆင်းရဲစွာရုန်းကန်နေကြရတဲ့
လူတွေရဲ့ဘ၀မြင်ကွင်းတွေကို မြင်ခဲ့ရတယ် .. အဲ့လမ်းမကြီးက အရမ်း |
ကြမ်းပါတယ်
.. အခုမှ ပြုပြင်နေဆဲပေါ့ .. အဲ့မှာ ပထမဦးဆုံးစတွေ့လိုက်တာက
ကတ္တရာကြိုနေတဲ့လူတွေပေါ့ .. နေပူကြဲတဲအချိန်မှာ |
ပူလောင်လှတဲ့မီးတွေနဲ့
အလုပ်လုပ်နေကြတဲ့သူတွေ .. ဘယ်လောက်များပူလောင်လိုက်ကြမလဲ ..
အသက်ရှင်ရက်ငရဲခံနေကြရသလိုပါပဲ .. |
ပီးတော့
နေပူကြီးထဲမှာ လမ်းခင်းနေကြရတဲ့လူတွေ .. ဗွက်တွေထနေတဲ့
ချောင်းရေတွေဘေးမှာရေချိုးနေတဲ့ကလေးတွေ .. နွားကျောင်းနေတဲ့လူတွေ .. |
ပင်ပန်းဆင်းရဲလှတဲ့မြင်ကွင်းတွေကတော့
တစ်ပုံကြီးပါပဲ .. ဒီလိုနဲ့ညဘက်ရောက်လာတော့မြင်ရတဲ့မြင်ကွင်းတွေကလည်း
သံဝေဂရချင်စရာတွေကြီးပါ .. |
ရန်ကုန်ကတိုက်ခန်းတွေရဲ့
အခန်းကျဉ်းလေးတစ်ခန်းစာတောင်မရှိတဲ့ အိမ်သေးသေးလေးတွေ၊ ဘေးပတ်ဝန်းကျင်မှာလည်း
လယ်ကွင်းပဲရှိတယ် .. |
လျှပ်စစ်မီးလည်း
မရှိကြပါဘူး .. ကျွန်မတို့အလုပ်က အစ်ကိုတစ်ယောက်ပြောတာတော့
နေမ၀င်ခင်ထမင်းပီးအောင်စား နေ၀င်တာနဲ့ အိပ်ယာဝင်ကြရ |
တာတဲ့ ..
ဘတ္ထရီအိုးဖိုးတတ်နိုင်တဲ့သူတွေကတော့ မီးထွန်းနိုင်ပေမယ့် ဖယောင်းတိုင်ဖိုးတောင်
မတတ်နိုင်တဲ့သူတွေအတွက်ကတော့ အတိမှောင်ပိန်း |
နေတာပါပဲလေ ..
ညဘက်အကောင်တစ်ကောင်တတ်လာရင်တောင် မြင်ရမှာမဟုတ်ပါဘူး .. ပြီးတော့ ခြင်၊ ယင်၊
မှတ် အကောင်ပေါင်းစုံလည်း |
ကိုက်ခံကြရမှာပါပဲ
.. ဒါတွေအားလုံးကတော့
ဘ၀ပေးကုသိုလ်ကံတွေပါ .. လူဘ၀က ပုံသဏ္ဍာန်အမျိုးစုံရှိတာပါပဲလေ ..
ဘ၀မှာအသက်ရှင်နေထိုင်ဖို့ |
အတွက်
အသက်မွေးဝမ်းကျောင်းအလုပ်တွေ မျိုးစုံလုပ်ပီးရပ်တည်ရမှာပါပဲ .. မွေးလာကတည်းက
ဘ၀ကိုရွေးချယ်လို့မှမရနိုင်တာ .. |
ကျွန်မတို့ဘ၀တွေမှာလည်း
စိတ်ညစ်စရာတွေအများကြီးပါပဲ .. ဒါပေမယ့် သူတို့ဘ၀တွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ
အရမ်းကိုသာလွန်ကောင်းမွန်နေပါတယ် |
ပညာမသင်နိုင်တဲ့သူတွေနဲ့စာရင်
ကျွန်မတို့ဘွဲ့ရအောင်သင်နိုင်တယ် .. ထမင်းကိုခက်ခက်ခဲခဲရှာမှ စားနေရတဲ့သူတွေထက်
ကျွန်မတို့အဆင်ပြေပြေ |
ပိုစားနိုင်တယ်
.. နေမကောင်းဖြစ်တဲ့အခါမှာလည်း သူတို့တွေထက် ကျွန်မတို့ ပိုဂရုစိုက်နိုင်တယ် ..
သာတဲ့အချက်တွေအများကြီးပါ .. |
အားလုံးသူတို့နဲ့စာရင်
ကျွန်မတို့ဘ၀တွေက ပိုအဆင်ပြေပြေနေထိုင်နိုင်ပါတယ် .. ။ |
|
အခုကျွန်မပြောချင်တာက
ကျွန်မမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းလေးတွေကြောင့် ငါသာဆိုရင်ဆိုတဲ့အတွေးနဲ့အတူ
သင်ခန်းစာတွေရလိုက်ပါတယ် .. |
ကျွန်မတို့ထက်ဆိုးတဲ့ဘ၀မှာတောင်
သူတို့အဆင်ပြေပြေနိုင်ထိုင်နိုင်သေးရင်
ကျွန်မတို့ဘ၀မှာကောဘာလို့ကောင်းကောင်းမနေနိုင်ရမှာလဲ .. |
ပျော်ပျော်ဘာလို့မနေနိုင်ရမှာလဲ
.. စိတ်ညစ်စရာတွေချည်း ဘာလို့တွေးနေမှာလဲ .. စိတ်ညစ်စရာတွေကြုံလာတိုင်းလည်း
ဘာလို့အကြာကြီးခံစားနေမှာလဲ .. |
ဒါကြောင့်
ကိုယ်ရထားတဲ့ဘ၀လေးကို တန်ဖိုးရှိအောင်နေပါ .. အသက်ရှင်နေသမျှ ကာလပတ်လုံးမှာတော့
အခက်အခဲတွေ၊ စိတ်ညစ်စရာတွေအမျိုးမျိုး |
ကြုံနေရမှာပါပဲ
.. ဒါပေမယ့် စိတ်ညစ်စရာတွေကြုံလာတိုင်းမှာ ငါ့ထက်ဆိုးတဲ့လူတွေရှိနေပါသေးလား၊
သူတို့တောင် ပျော်ပျော်အသက်ရှင်နေနိုင်သေးရင် |
ငါကော
ဘာလို့မနေနိုင်ရမှာလဲ စိတ်သွင်းလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ .. ဒါဆိုရင်
ကြုံတွေ့လိုက်ရတဲ့ ပြသနာလေးဟာလည်းသေးငယ်သွားပီး |
ဖြေရှင်းနိုင်တဲ့အဖြေလည်း
ထွက်လာဖို့လွယ်ကူသွားပါပီ .. အရေးကြီးဆုံးက သေးငယ်တဲ့ပြသနာကို
ကြီးထွားစေလာနိုင်တဲ့ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့ |
ပါပဲ ..
စိတ်ညစ်စရာရှိရင် ညစ်ပါ .. ဒါပေမယ့် ခဏပဲညစ်ပါ .. ပြီးရင်အဖြေရှာပါ ..
ကိုယ့်အောက်ကလူတွေကိုကြည့်ပါ .. သူတို့ဘ၀တွေထက် ကောင်းတဲ့ |
ကိုယ့်ရဲ့ကောင်းခြင်း၊
သာခြင်းတွေကိုပြန်စဉ်းစားပါ .. ပြန်အားတင်းပြီး ပြသနာကိုအနိုင်ယူပါ ..
ဘယ်လိုအခက်အခဲမျိုးကိုပဲကြုံကြုံ ငါ့ဘ၀ကဆိုးလိုက်တာ |
ဆိုပြီး
စိတ်ဓါတ်မကျပါနဲ့ .. ကိုယ့်ထက်ဆိုးတဲ့လူတွေလောကမှာတစ်ပုံကြီးဆိုတာ နားလည်ထားရင်
လောကကြီးကနေချင်စရာပါလို့ .. ဘ၀ကတိုတိုလေးပါ .. |
အချိန်ကလည်းနည်းနည်းလေးပါ
.. ဒီလိုနည်းတဲ့အချိန်ကို ဘာလို့စိတ်ညစ်ခြင်းတွေနဲ့ ကုန်ဆုံးစေမှာလဲ .. ရတောင့်ရခဲလှတဲ့ လူ့ဘ၀လေးမှာ |
တန်ဖိုးရှိအောင်နေပြီး
အဲ့လိုဘ၀တွေကိုမရောက်သွားဖို့ ကြိုးစားကြရမှာပါ .. လောကမှာ အဆိုးတွေချည်း
ရှိနေတာမဟုတ်ပါဘူး .. |
အဆိုးနဲ့အကောင်းအမြဲဒွန်တွဲနေပါတယ်
.. အကောင်းကိုသာ ရှာဖွေတတ်ဖို့လိုပါတယ် .. ဒါကြောင့် ဒီရခဲလှတဲ့ လူ့ဘ၀မှာ |
လောဘ၊ ဒေါသ၊ မောဟ၊
မာန၊ ဣဿာနှင့် မစ္ဆရိယဆိုတဲ့ အကုသိုလ်စိတ်တွေကင်းဝေးပြီး
လောကဓံရဲ့ရိုက်ပုတ်မှုတွေကို ဘယ်ထောင့်ကပဲလာလာ |
အောင်မြင်စွာဖြတ်ကျော်ကာ
လောကီ၊ လောကုတ္တရာအကျိုးသယ်ပိုးနိုင်ကြပါစေလို့
သည်းခံဖတ်ပေးတဲ့သူငယ်ချင်းအားလုံးကို ဆုတောင်းပေးလိုက်ပါတယ် |