ဆွေးနွေးပွဲဖိတ်ကြားခြင်း
သက်ဆိုင်ရာပညာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၊ ပညာရှင်များကို ပြည်တွင်းအဖွဲ့အစည်းများနှင့် ဆက်စပ်ပေးပြီးအသိပညာ၊အတွေ့အကြုံများဖလှယ်၊ လက်ဆင့်ကမ်းနိုင်စေရန်အတွက်အပတ်စဉ် စနေနေ့ တိုင်း Share Space အစီအစဉ်ကိုဆောင်ရွက်လျက်ရှိပါသည်။
ယခုအပတ်တွင်“အပူပိုင်းဒေသအတွင်းဆောင်ရွက်ခဲ့သော food-for-education အစီအစဉ်နှင့် ပတ်သက် ပြီးအကဲဖြတ်ဆန်းစစ်ချက်များ”ကိုပြန်လည်တင်ပြသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သတင်းမီဒီယာများ အပါအ၀င် အရပ်ဖက်အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများအားလုံး တက်ရောက်နိုင်ပါကြောင်း လေးစား စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။ ဖေဖော်ဝါရီလ ၁၆ရက် (စနေနေ့)
အချိန်။ ။ ညနေ ၂ နာရီမှ ၄နာရီအထိ
နေရာ။ ။ အစည်းအဝေးခန်းမ (၁)၊ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre)
နောက်ခံ။ ။ Food-for-education အစီအစဉ်သည် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်း ရေရှားဒေသ တွင်ကြုံတွေ့ရသောပညာရေးနှင့်စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့သော အစီအစဉ်တစ်ခုဖြစ်ပါသည်။ အစီအစဉ်၏ ရည်ရွယ်ချက်မှာ သတ်မှတ်ကာလအတွင်း ကျောင်းခေါ်ချိန်ပြည့်မီအောင်တက်ရောက်ခဲ့သောကလေးငယ်များ၏ မိသားစုများကိုစားနပ်ရိက္ခာရာရှင်များ ထောက်ပံ့သောအစီအစဉ်တစ်ခုဖြစ်သည်။ ဤနည်းအားဖြင့် မူလတန်းအရွယ်ကလေးငယ်များ၏ ကျောင်း တက်မှုကိုတိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်၍ အကောင်အထည်ဖော်ခြင်းဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် ကျောင်းနေအရွယ် ကလေးရှိသောမိသားစုများ၏ စားနပ်ရိက္ခာဖူလုံရေးကိုလည်းတစ်စိတ်တစ်ပိုင်းအားဖြင့် ဖြေရှင်းပြီးသားဖြစ်သွားစေမည်ဖြစ်သဖြင့် “ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သောအစီအစဉ်” ဟုလည်း တင်စားနိုင်ပါသည်။ ထိုအစီအစဉ်၏ ထိရောက်မှုကိုကလေးများကျောင်းတက်ရောက်မှုနှုန်းနှင့် ကလေးပါဝင် သောမိသားစုများ၏ အာဟာရတန်ဖိုးပြည့်မီမှုအခြေခံနှစ်မျိုးပေါ်မူတည်၍ ဆန်းစစ်ခဲ့သော သုတေသနတွေ့ ရှိချက်များကို USAID Humanitarian Assistance ProgrammeDevelopment Specialist ဖြစ်သူ ဦးအောင်နိုင်မှ ပြန်လည်တင်ပြသွားမည်ဖြစ်ပါသည်။
အစီအစဉ်
၁။နိဒါန်းနှင့် မိတ်ဆက်ခြင်း
၂။ သုတေသနတွေ့ရှိချက်များကိုတင်ပြခြင်း
၃။ တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်း
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့
Local Resource Centre