၁၇.၃ ၂၀၁၂ ခုနှစ် နံနက် ၁ နာရီခွဲခန့်တွင် မိတ္ထီလာမြို့ ရတနာမာန်အောင်ရပ်ကွက် နယ်မြေ (၄) တွင် မီးလောင်ခဲ့သဖြင့် အိမ်ထောင်စု ၈ စု မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၅၈ ဦးသည် အိုးမဲ့အိမ်မဲ့ ဘ၀သို့ ရောက်ရှိခဲ့ရသည်။ ထိုအိုးမဲ့အိမ်မဲ့ဘ၀ရောက်ခဲ့ရသော မီးဘေးသင့် အိမ်ထောင်စုများ၏ ယာယီနားခိုရာ ရတနာမာန်အောင်ဘုရား တန်ဆောင်းအတွင်း သို့ နံနက် (၇)နာရီခွဲတွင် မိတ္ထီလာမြို့ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးအဖွဲ့မှ သွားရောက်၍ လူသားချင်းစာနာထောက် ထားသောအားဖြင့် ဒုက္ခရောက်နေသော မီးဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး နံနက်စာ အဟာရများသွားရောက်၍ ကျွေးမွေးခဲ့ကာ အိမ်ထောင်စုအချိုးကျ တစ်စုလျှင် ငွေသား တစ်သောင်းကျပ် ဖြင့် အိမ်ထောင်စု ၈ စုကို ထောက်ပံ့ကူညီခဲ့ပါသည်။ထိုသို့ကူညီရခြင်းမှာ မီးဘေးသင့်ပြည်သူများ၏ ဘ၀နှင့် လိုအပ်ချက်များကို စာနာထောက်ထားသောအား ဖြင့် ထောက်ပံ့ ကူညီပေးခဲ့ခြင်းဖြစ်ပါသည်။
သွားရောက်ကူညီခဲ့သောသတင်းဓါတ်ပုံများ
သတင်းနှင့်ဓါတ်ပုံများပေးပို့
သူ ညီလေးကောင်းမြတ်လေး အား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း