မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည် မြန်မာနဲ့ မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀န်ကြီးချုပ် နာဂျစ် ရာဇတ် ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့  မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
AFPမလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို သူဦးဆောင်သည့် ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) နှစ်ပတ်လည် ညီလာခံတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။လာရောက်မယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။ မနှစ် နိုဝင်ဘာလအတွင်းမှာလည်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးရေး အစီအစဉ် အတွက် မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် လာရောက် လည်ပတ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ နဲ့ ဟောင်ကောင် ပြီးရင် ၆ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၀ - ၁၁ ဘဏ္ဍာနှစ် အတွင်း မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၅၈၆ သန်းရှိရာမှာ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့  သွင်းကုန် ၁၄၅ သန်းဖိုး ရှိတယ်လို့  သိရပါတယ်။
RFA
ပါရီမြို့တွင် မတ်လ ၁၄ ရက် ကပြုလုပ်ခဲ့သောအခမ်းအနား၌ ပြင် သစ်သမ္မတ နီကိုလတ်ဆာကော်ဇီက မီရှဲယိုကို Legion of Honour ဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ပါရီမြို့ရှိ Elysee သမ္မတနန်းတော်တွင် ပြုလုပ်သော ယင်းအခမ်းအနားသို့ ပြင်သစ်သမ္မတကတော် ကာလာဘရူနီ၊ သမ္မတဟောင်း ဂျက်ရှီယက်၏ ဇနီးဘာနန်ဒက်တီရှီယက်အပါအ၀င် ပြင်သစ်ဆိုင်ရာ မလေးရှားသံအမတ်ကြီး အဗ္ဗဒူအဇက်ဇိုင်နယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှဲယို မလေးရှား အမျိုးသမီးသရုပ်ဆောင် မီရှဲယိုသည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။
အခမ်းအနားတွင် ကမ္ဘာတစ်ဝန်းရှိ အနုပညာနှင့်ဖျော်ဖြေရေးနယ်ပယ်မှ ၁၁ ဦးကို ဆာကော်ဇီက Legion of Honour နှင့် The Order of Merit ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆုရရှိသူများထဲတွင် မီရှဲယိုအပါအ၀င် ပြင်သစ်တေးရေးဆရာ Jean- Michel Barre နှင့် ဒီဇိုင်းပညာရှင် Jean-Claude Jitrois တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ပြင်သစ်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု Legion of Honour ဆုကို ပြင်သစ် ပထမသမ္မတနိုင်ငံ ထူထောင်ခဲ့သော နပိုလီယန်ဘိုနာပတ်က ၁၈၀၂ ခုနှစ်၊ မေလ ၁၉ ရက်တွင် စတင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၁၈၀၄ ခု နှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် စတင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော အမျိုးသား၊ အမျိုးသမီး မရွေး၊ ပြင်သစ်နိုင်ငံသား သို့မဟုတ် ပြည်ပနိုင်ငံသားများကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အမျိုးအစား ငါးမျိုး ခွဲခြားထားကြောင်း သိရသည်။
Commandeur of the Légion d'Honneur ဘွဲ့ကို မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိထားသည်။
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှဲယိုမှာ Legion of Honour ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။
EMG
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် နောက်ထပ်ကျန်နေသေးတဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်ဖို့ အဆင်မပြေတော့ကြောင်း ဒေါက်တာတင် မျိုးဝင်းက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်၊မအိုင်ကျေးရွာအုပ်စု၊ပထက်ကျေးရွာအတွင်းမှဈေးဆိုင်သည်များသည်ကျေးရွာသားများအားအကြွေးရောင်းချလျှက်ရှိရာအကြွေးပြန်မဆပ်နိုင်သောရွာသားများကို
ပထက်ရဲကင်းမှရဲတပ်ကြပ်ကြီးအုန်းမြင့်ထံတိုင်ကြားရပါသည်။၎င်းရဲတပ်ကြပ်ကြီးအုန်းမြင့်မှအကြွေးမပေးနိုင်သူများကိုနည်းမျိုးစုံအကြပ်ကိုင်ခြိမ်းခြောက်ပြီးအကြွေးရှင်များဘက်မှကူညီဆောင်ရွက်ပေးနေပါသည်။
အကြွေးရှင်အတွက်ငွေတစ်သိန်းပြန်လည်ရရှိခဲ့လျှင်ရဲကြီးအတွက်နှစ်သောင်းကျပ်ပေးနေရကြောင်းဈေးဆိုင်သည်များပြောပြချက်အရသတင်းရရှိပါသည်။၎င်းအပြင်ဆိုင်ကယ်တတ်စီသမားများ၊
သံဗာန်မောင်းသူများသည်လည်း၎င်းတို့မြင်တွေ့ကြုံရသည်များကိုရဲများထံသတင်းအမြန်ဆုံးပေးပို့ဖမ်းဆီးစေပြီးသတင်းပေးခ(ဆိုင်ကယ်ခ/သံဗာန်ခ)များစွာရရှိနေကြောင်းလည်းသိရှိနေရပါသည်။