ဆယ်တန်း ကျောင်းသူလေး မမေသူအောင် အား ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှု

149 views
Skip to first unread message

Co2zeиith

unread,
Mar 24, 2012, 6:07:46 AM3/24/12
to 1989ga...@gmail.com, 8layl...@gmail.com, angelc...@gmail.com, aung...@gmail.com, aungm...@gmail.com, babykni...@gmail.com, bad.d...@googlemail.com, bluesky...@gmail.com, charmo....@gmail.com, chitm...@gmail.com, chitsaya...@gmail.com, cutie...@gmail.com, djkok...@gmail.com, dk.fig...@gmail.com, dnw...@gmail.com, edit...@gmail.com, eichawsa...@gmail.com, emc.pai...@gmail.com, eszo....@gmail.com, eveche...@gmail.com, fallinl...@gmail.com, fido.di...@gmail.com, guni...@gmail.com, heyma...@gmail.com, info...@gmail.com, jadecro...@gmail.com, jum...@gmail.com, kaungla...@gmail.com, khingm...@gmail.com, kot...@rediffmail.com, kyawmyo...@gmail.com, kyawsw...@yahoo.com, ladys...@gmail.com, linmyat...@gmail.com, lover...@gmail.com, luthit.a...@gmail.com, luthita...@gmail.com, mapy...@gmail.com, mcjp...@gmail.com, momal1...@gmail.com, nawma...@gmail.com, newo...@gmail.com, panth...@gmail.com, parpuu...@gmail.com, peaceto...@gmail.com, phyohtet...@gmail.com, phyop...@gmail.com, phyophyom...@gmail.com, phyowai...@gmail.com, point....@gmail.com, polarsta...@gmail.com, prin...@gmail.com, royal.t...@googlemail.com, saiwon...@gmail.com, sanda...@yahoo.com, smilela...@gmail.com, snowgir...@gmail.com, star....@gmail.com, sweethe...@gmail.com, thatoe.t...@googlemail.com, thatp...@gmail.com, theintt...@gmail.com, thuth...@gmail.com, venmu...@gmail.com, vj.den...@gmail.com, winmyi...@gmail.com, yadar...@gmail.com, yaew...@gmail.com, yannau...@gmail.com, yewint...@gmail.com, zarlo...@gmail.com, zarni...@yahoo.com, zarza...@gmail.com, (ဖြိုးအိဝေ), (ဖြူဖွေး), ei 18 (မြေက်ဒဂုံ), ei phyu san(17), hlamaung.shwe, jue kay kay(sanchaung), junojuno.k, kolat.hledan, kswin.malone, ladywin.jewellin, laminlay.mh, lanlan.maygawadi, lawkanat.1500.91, lay.rockerboy3, littlebird288(mon yee), love.lorn26693(စိုးချေ), lovernatural.92, mintayza.88, mr.passo69, mr.peterure, nyochaw.kcsy, simon.zmyint, theriverclub.bsn, 09july20110347pm, achitnatsoelay9999, Aung Khing Min, Aung Min MK9, Chow Kit K G, dangerous7500951 dangerous7500951, danu...@gmail.com, Game က ညီ၎, heavenkgmalay ၂, HR - Zar Zar Wint, KHAI BO BO, khin myat88, KHUN AUNG NGE, kiss love, KO LAT, ko myint, Kyaw Swar, linli...@gmail.com, lu bo, lwinpyin...@googlemail.com, may snow, mayiloveyou4, mgpala ., Mydiary, N M T ညီမင်းသစ်, Newgeneration, phyominthein88, rfa, Shrek®, ZAW GYI MK9, Zin Mar, ကို ဖုန်း လူ, ကိုသန်းထွေး, ကိုကျော် NLD, ငမုန်း, စုတ်ချွန်း, ဆရာမ, တတ်လူငယ်, ထွန်းမင်း, နတ်ဆိုးလေး, ဘိုကံ, မစိမ်း, မစု P1, မနန္ဒာ, မမီမီကျော်, မမီးမီး, မမငြိမ်း, မမြတ်သက်မွန်, မကြီး, လင်းဇော်ထိုက်, သင်းသင်းအေး, အကိုဆရာ, အိ, ဦးဇင်း နေတိုး, ဦးမိုးကောင်း, ကောင်းမြတ် မင်း, ကျော်ဇင်, မော်လမြိုင်, သွေး, အောင်ကို လတ်, အောင်ကိုကို, အောင်ရဲလင်း, အေးစု, အေးထွန်း, အေးလောင်, ကြောင်မလေး, နှင်းနှင်း, co2z...@googlegroups.com, mayanmardailymail, mrsorcerer

ဆယ်တန်း ကျောင်းသူလေး မမေသူအောင် အား ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှု

Saturday, March 24, 2012

Posted by Co2zeиith အကြောင်းအရာ သတင်း
မိတ္ထီလာမြို့ ပျဉ်သာအုပ်စု ပျဉ်သာကျေးရွာနေ အဖ ဦးပေါ်ဦး အမိ ဒေါ်မြခင်တို့၏ သမီးဖြစ်သူ မမေသူအောင် ၁၀တန်းကျောင်းသူသည် ရွှေရင်မျှော် ဘုရားသို့သွားရောက်ပြီး ပြန်အလာ ရွာကြီးဇရပ်နားအရောက် နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် နေပူပြင်းသဖြင့် ဆိုင်ကယ်မောင်းနေစဉ် နှာခေါင်းသွေးယိုကျလာသောကြောင့် ရုတ်တရက် လန့်ကာ ဆိုင်ကယ်အရပ်တွင် လဲကျသွားခဲ့ပါသည်။ထိုအခါ အနီးနားတွင် လမ်းပြင်နေကြသော အလုပ်သမားများမှလမ်းကြုံကားတစ်စီးဖြင့် သာစည်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။ သာစည်ဆေးရုံမှ လိုအပ်သော ကုသမှုများ ယာယီပြုလုပ်ပေးခဲ့ပြီး မန္တလေး ဆေးရုံသို့သွားရောက်၍ ၄ ရက်ကြာ တက်ရောက်ကုသခဲ့ရပါသည်။
ထိုအချိန်တွင် မမေသူအောင် နေထိုင်သော မိတ္ထီလာမြို့ ပျဉ်သာကျေးရွာရှိ နေအိမ်သို့ ရဲဝန်ထမ်း ဒုရဲအုပ်အောင်ဇော်ဦးနှင့် အာကာပြည့်တို့ နှစ်ဦးနှင့် ရ၀တ ရုံးမှ လူနှစ်ဦးတို့ ရောက်ရှိလာပြီး မမေသူအောင် ၏မိခင်အား မမေသူအောင်နှင့် ဆိုင်ကယ်ကို အပ်ရန် နှင့် လူကို အာမခံနှင့်ခေါ်ရန် မခေါ်လျှင် ဖမ်းဆီးမည် ထောင်ချမည် ကလေးထောင်ပို့မည်ဟု ခြိမ်းခြောက် ခဲ့ပါသည်။ဒုရဲအုပ် အောင်ဇော်ဦးမှလည်း ပြစ်မှု- ၃၃၇ ဖြင့် တရားစွဲဆိုရန်အတွက် မမေသူအောင်နှင့် ဆိုင်ကယ် ကို ရဲစခန်းသို့ စေလွှတ်ရန် အကြောင်းကြားစာကိုလည်း (၁၈.၂.၂၀၁၂) ရက်စွဲဖြင့်တစ်ကြိမ်
(၂၇.၂.၂၀၁၂)ရက်စွဲဖြင့်တစ်ကြိမ် နှစ်ကြိမ် ပေးပို့ကာ ရဲစခန်းသို့ဆင့်ခေါ်စာများကိုပေးပို့ခဲ့ပါသည်။ အမှန်မှာ မမေသူအောင် ဆိုင်ကယ်လဲသော ကိစ္စသည် မည်သူတစ်ဦးတစ်ယောက်မှ ၀င်တိုက်ခြင်းမရှိသလို ပစ္စည်းတစ်စုံတစ်ရာမှလည်း ထိခိုက်ခဲ့ခြင်းမရှိခဲ့ပါ၊၊ ကျန်းမာရေးကိစ္စရုတ်တရက်ပေါ်ပေါက်လာ၍သာ ဆိုင်ကယ် လဲသွားခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြစ်မှု-၃၃၇ နှင့် ငြိစွန်းခြင်းမရှိပါဟု ဥပဒေအကြောင်းနားလည်တတ်ကျွမ်းသော လူများက သုံးသပ်ခဲ့ပါသည်။ ဒုရဲအုပ် အောင်ဇော်ဦးမှ ဆိုင်ကယ် သိမ်းလိုသဖြင့်
ခေါ်ယူဆွေးနွေးမှုပြုခြင်းဖြစ်ပါသည်။
ထို့နောက် ဒုတိယအကြိမ်ထပ်မံ၍ ရဲအရာရှိနှစ်ဦးက ပျဉ်သာကျေးရွာရှိ မကြူ၏ဆိုင်တွင်အရက်သောက်ရင်း မမေသူအောင်၏ အဘွားဒေါ်မြရင်အား အရက်ဆိုင်သို့ခေါ်ပြီး
ထပ်မံငွေညှစ်တောင်းရမ်းခဲ့ပါသည်။
မမေသူအောင် စာမေးပွဲဖြေဆိုရန်ကျောင်းသွားစဉ်တွင် အနောက်မှလိုက်ပြီး ငွေတောင်းရမ်းရာတွင် မရ၍ ဖမ်းဆီးပြီးထောင်ချမည်၊ ကလေးကျဉ်းထောင်ပို့မည် ဟုထပ်မံခြိမ်းခြောက်ခဲ့ပါသည်။ ထို့အတွက်ကြောင့် မမေသူအောင်မှာ စာမေးပွဲကိုတစ်ရက်သာ ဖြေဆိုနိုင်ခဲ့ပြီး ရဲများ၏ ခြိမ်းခြောက်မှုကို မခံနိုင်လွန်းသည့်အတွက် တိမ်းရှောင်ပုန်းနေခဲ့ရပါသည်။
ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှု ကြောင့် နောင်နှစ်တွင်တက်ရောက်ခွင့်ရမည့် တက္ကသိုလ်အား မမေသူအောင်လွဲချော် ခဲ့ရပါသည်။ ကျောင်းသားအခွင့်ရေးစာမေးပွဲဖြေဆိုမှုလက်လွှတ်းခဲ့ရသည်။
ဆင်းရဲလှသော တောင်သူလယ်သမား မျိုးရိုးဖြစ်သောကြောင့် တစ်နှစ်တာ အတန်းပညာရေးကို
ခက်ခက်ခဲခဲ သင်ယူထားခဲ့ရသော်လည်း စာမေးပွဲကို ဆုံးအောင် ဖြေဆိုခြင်း မပြုနိုင်တော့ပါ။ မမေသူအောင်၏ အဖွားဖြစ်သူဒေါ်မြရင်မှာလည်း ရဲအရာရှိများ ၏ ခြိမ်းခြောက်မှု ၊ ငွေတောင်းရမ်းမှု ၊ စိုးရိမ်မှုတို့ကြောင့် စိတ်သောကများ၍ အိပ်ယာထဲ လဲနေရပါသည်။စီးပွားရေးချို့တဲ့၍ ဆင်းရဲနွမ်းပါးသောကြောင့် ရဲများ၏ ဥပဒေဆိုင်ရာ ခြိမ်းခြောက်
ပြောဆိုမှုအား ဥပဒေနှင့်ညီမညီ ဥပဒေနှင့်သက်ဆိုင်သော အကြံဥာဏ်အကူညီများကို
စေတနာဖြင့် ဆောင်ရွက်ပေးမည့်သူများ လိုအပ်လျှက်ရှိပါသည်။
အပြစ်မဲ့သော ကျောင်းသူမလေး မှာ ခက်ခဲစွာသင်ယူ ရင်းနှီးမြှုပ်နှံ ထားရသော တစ်နှစ်တာပညာရေး ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းကို မိဘပြည်သူများသိရှိစေရန်၊ အမှုမှန်အတိုင်းဖြစ်ပေါ် စေရန် နှင့် အာဏာအလွဲသုံးစားပြုလုပ်သော ရဲဝန်ထမ်းများအား အရေးယူဆောင်ရွက်ပေးစေရန်မိသားစုနှင့်တကွ ဒေသခံများမှလိုလားလျှက်ရှိပါသည်။







ချဲထီရောင်းချခြင်း

Wednesday, March 21, 2012

Posted by Co2zeиith အကြောင်းအရာ သတင်း
ယခုအခါမြန်မာနိုင်ငံမြို့ကြီးများတွင်ချဲထီရောင်းချနေသူများကိုဖမ်းဆီးအရေးယူမှုများရှိနေသော်လည်းတနင်္သာရီတိုင်း၊
ကျွန်းစုမြို့နယ်၊မအိုင်ကျေးရွာအုပ်စု၊ပထော်ကျေးရွာနှင့်ပထက်ကျေးရွာများတွင်ချဲထီရောင်းချနေသူများကိုသက်ဆိုင်ရာအာဏာပိုင်များကဖမ်းဆီးခြင်းမပြုဘဲချဲထီရောင်းချသူများနှင့်အတူကျေးရွာအတွင်းဆိုင်ကယ်များစီးလျှက်အတူသွားလာနေကြပါသည်။
ပထော်ကျေးရွာရာအိမ်မှူး(သို့)အုပ်ချူပ်ရေးမှူးဦးအုန်းညွန့်သည်ဦးမောင်နွဲ့ဆိုသူနှင့်ပူးပေါင်းကာချဲထီရောင်းချခွင့်ပြုထားပါသည်။ပထက်(ဆင်မယဉ်သာ)ကျေးရွာတွင်အနိုင်ဆိုသော(ယောကျာင်္လျှာ)
သည်ရဲဒုတပ်ကြပ်နေလင်းအောင်နှင့်ဆွေမျိုးတော်စပ်သူဖြစ်ပြီးချဲထီရောင်းချခွင့်ပြုထားပါသည်။သက်ဆိုင်ရာအထက်လူကြီးများမှထိုသူများကိုထိရောက်စွာအရေးယူပေးနိုင်ရန်

အသိပေးတင်ပြလိုက်ပါသည်။


ရုပ်သံဖိုင် ဒေါင်းလုပ်ဆွဲရန် လင့်ခ်များ

ကျောင်းသူလေးမှပြောကြားချက်

အပိုင်း ၁
http://www.youtube.com/watch?v=-AMwMR-CNHI&feature=share

အပိုင်း ၂
http://www.mediafire.com/?cbsf182ke9314f1
ကွန်နက်ရှင်မကောင်းတော့သဖြင့် မီဒီယာဖိုင်းယားဖြင့်တင်ပေးထားပါသည်။

ကျောင်းသူလေးမိခင်မှပြောကြားချက်

အပိုင်း ၁

http://youtu.be/dvyJVE1_6jc

School Girl.docx
School Girl.pdf
Reply all
Reply to author
Forward
0 new messages