မမြင်ရသော သူရဲကောင်းများ

2 views
Skip to first unread message

Co2zeиith

unread,
Mar 19, 2012, 2:47:56 PM3/19/12
to 1989ga...@gmail.com, 8layl...@gmail.com, angelc...@gmail.com, aung...@gmail.com, aungm...@gmail.com, babykni...@gmail.com, bad.d...@googlemail.com, bluesky...@gmail.com, charmo....@gmail.com, chitm...@gmail.com, chitsaya...@gmail.com, cutie...@gmail.com, djkok...@gmail.com, dk.fig...@gmail.com, dnw...@gmail.com, edit...@gmail.com, eichawsa...@gmail.com, emc.pai...@gmail.com, eszo....@gmail.com, eveche...@gmail.com, fallinl...@gmail.com, fido.di...@gmail.com, guni...@gmail.com, heyma...@gmail.com, info...@gmail.com, jadecro...@gmail.com, jum...@gmail.com, kaungla...@gmail.com, khingm...@gmail.com, kot...@rediffmail.com, kyawmyo...@gmail.com, kyawsw...@yahoo.com, ladys...@gmail.com, linmyat...@gmail.com, lover...@gmail.com, luthit.a...@gmail.com, luthita...@gmail.com, mapy...@gmail.com, mcjp...@gmail.com, momal1...@gmail.com, nawma...@gmail.com, newo...@gmail.com, panth...@gmail.com, parpuu...@gmail.com, peaceto...@gmail.com, phyohtet...@gmail.com, phyop...@gmail.com, phyophyom...@gmail.com, phyowai...@gmail.com, point....@gmail.com, polarsta...@gmail.com, prin...@gmail.com, royal.t...@googlemail.com, saiwon...@gmail.com, sanda...@yahoo.com, smilela...@gmail.com, snowgir...@gmail.com, star....@gmail.com, sweethe...@gmail.com, thatoe.t...@googlemail.com, thatp...@gmail.com, theintt...@gmail.com, thuth...@gmail.com, venmu...@gmail.com, vj.den...@gmail.com, winmyi...@gmail.com, yadar...@gmail.com, yaew...@gmail.com, yannau...@gmail.com, yewint...@gmail.com, zarlo...@gmail.com, zarni...@yahoo.com, zarza...@gmail.com, (ဖြိုးအိဝေ), (ဖြူဖွေး), ei 18 (မြေက်ဒဂုံ), ei phyu san(17), hlamaung.shwe, jue kay kay(sanchaung), junojuno.k, kolat.hledan, kswin.malone, ladywin.jewellin, laminlay.mh, lanlan.maygawadi, lawkanat.1500.91, lay.rockerboy3, littlebird288(mon yee), love.lorn26693(စိုးချေ), lovernatural.92, mintayza.88, mr.passo69, mr.peterure, nyochaw.kcsy, simon.zmyint, theriverclub.bsn, 09july20110347pm, achitnatsoelay9999, Aung Khing Min, Aung Min MK9, Chow Kit K G, dangerous7500951 dangerous7500951, danu...@gmail.com, Game က ညီ၎, heavenkgmalay ၂, HR - Zar Zar Wint, KHAI BO BO, khin myat88, KHUN AUNG NGE, kiss love, KO LAT, ko myint, Kyaw Swar, linli...@gmail.com, lu bo, lwinpyin...@googlemail.com, may snow, mayiloveyou4, mgpala ., Mydiary, N M T ညီမင်းသစ်, Newgeneration, phyominthein88, rfa, Shrek®, ZAW GYI MK9, Zin Mar, ကို ဖုန်း လူ, ကိုသန်းထွေး, ကိုကျော် NLD, ငမုန်း, စုတ်ချွန်း, ဆရာမ, တတ်လူငယ်, ထွန်းမင်း, နတ်ဆိုးလေး, ဘိုကံ, မစိမ်း, မစု P1, မနန္ဒာ, မမီမီကျော်, မမီးမီး, မမငြိမ်း, မမြတ်သက်မွန်, မကြီး, လင်းဇော်ထိုက်, သင်းသင်းအေး, အကိုဆရာ, အိ, ဦးဇင်း နေတိုး, ဦးမိုးကောင်း, ကောင်းမြတ် မင်း, ကျော်ဇင်, မော်လမြိုင်, သွေး, အောင်ကို လတ်, အောင်ကိုကို, အောင်ရဲလင်း, အေးစု, အေးထွန်း, အေးလောင်, ကြောင်မလေး, နှင်းနှင်း, co2z...@googlegroups.com, mayanmardailymail

မမြင်ရသော သူရဲကောင်းများ

Tuesday, March 20, 2012

Posted by Co2zeиith အကြောင်းအရာ သတင်း
မြစ်မခသတင်းထောက် ရန်နိုင် ပြန်ပြောပြတဲ့ သတင်းကြောင့် ကျမ ရင်ထဲ နင့်နည်းသိပ်သည်းသွားတယ်။ ဒီလို ဖြစ်ရပ်မျိုးတွေ ဒီလို မိသားစုတွေဟာ ကျမ ပတ်ဝန်းကျင်မှာအများကြီးပါ၊ သူတို့ အကြောင်းကြားတိုင်းလည်း အဲလိုပဲ ခံစားရပါတယ်။

ရန်နိုင်ပြောပြတာက အန်အယ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်တာဝန်ကို ထမ်းဆောင်နေတဲ့ သူ တဦးရဲ့ ဇနီးသည် အကြောင်းပါ။

ဒဂုံမြို့သစ်မြောက်ပိုင်း ရဲ့... ရပ်ကွက်မှာ ကျမတို့ရဲ့ သတင်းထောက် ရန်နိုင် နေထိုင်ပါတယ်။ သူနဲ့ ၃ အိမ်ကျော်လောက်မှာ အန်တီ့ရဲ့သက်တော်စောင့်တဦးမိသားတစု နေထိုင်ကြပါတယ်။

အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ သက်တော်စောင့်တာဝန်ထမ်းဆောင်နေတဲ့ အဲဒီအကိုကြီးမှာ သားသမီး ၃ယောက်ရှိတယ်။ ဇနီးသည်ကတော့ နိုင်ငငံရေးသမားတို့ရဲ့ ဇနီး၊ မယားဖြစ်တဲ့ အတွက် ထုံးစံအတိုင်း ဘ၀ကို ဆင်းရဲ ပင်ပန်းကြီးစွာ၊ မျက်နှာငယ် သိမ်ငယ်စွာနဲ့ ဖြတ်သန်းနေကြရတယ်။

`ကလေးတွေ ကျောင်းစရိတ်မရှိရင်လည်း ဆွေမျိုးတွေ ဆီကနေ ပိုက်ဆံချေးတာနဲ့ အကြွေးတွေလည်း မနည်းဘူး၊ သူ့အမျိုးသားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အလုပ်ပဲ လုပ်နေတော့ အခြား ၀င်ငွေလည်း မရှိဘူး၊မိသားစု ထမင်းစားဖို့ရော၊ ကလေးကျောင်းစ၇ိတ်တွေရော အားလုံးကို အဲဒီအမျိုးသမီးကပဲ တာဝန်ယူ ဖြေရှင်းနေရတာ၊ အကြွေးတွေနဲ့ ဆိုတော့ စိတ်ညစ်တယ် ထင်ပါရဲ့ ...အမြဲတမ်း ညှိုးငယ်ပြီး နေကြတာ လူရုပ်တောင် မပေါ်ဘူး`လို့ ရန်နိုင်က အဲဒီမိသားစုလေးအကြောင်း ပြောပြတယ်။

ကျမ ဖေဖေဟာ ၁၉၈၈ ခုနှစ်ကတည်းက သပိတ်ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံရေးလုပ်ခဲ့တယ်၊ ဖေဖေ နိုင်ငံရေးလုပ်ကတည်းက ကျမတို့မိသားစုဟာ ဖေဖေ့ဝင်ငွေ မရှိဘဲ၊မေမေတယောက်တည်းဝင်ငွေ ( ကျောင်းဆရာမ တယောက်ရဲ လစာငွေ) နဲ့နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရ့ပါတယ်။

နိုင်ငံရေးသမားမိသားစုတစုအနေနဲ့ ဘယ်လို ဆင်းဆင်းရဲရဲနေထိုင်စားသောက်ခဲ့ရသလဲ။လူ့ပတ်ဝန်းကျင် အသိမ်းအ၀ိုင်းမှာ ဘယ်လောက် ညှိုးငယ်ခဲ့ရသလဲ ဆိုတာတွေက နိုင်ငံရေးသမား မိသားစုလို့ ပြောလိုက်ရင် လုံလောက်တယ်။ ကျမ ကိုယ်တိုင် ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ဖြတ်သန်းမှုတွေကိုး။

ရန်နိုင်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်တဦးရဲ့ မိသားစု ဘ၀ကို ကျမ နားလည် စာနာပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်နိုင်ဖို့အတွက် အိမ်က ဇနီးမယားနဲ့သားသမီးတွေရဲ့ ဒုက္ခနဲ့ ပံ့ပိုးမှုတွေက မသေးလှဘူး ဆိုတာကို ကျမ ကောင်းကောင်းကြီး သဘောပေါက်နားလည်ပါတယ်။

မနေ့တုန်းကတော့ သူပြောလိုက်တဲ့ စကားက ကျမရင်ထဲကို တော်တော်လေး ထိထိခိုက်ခိုက်ဖြစ်သွားရစေတယ်။

`အဲဒီအကိုကြီးရဲ့ မိန်းမ ဘယ်လောက်တောင် ဒုက္ခတွေ များပြီး စိတ်ပျက်နေပြီလဲ မသိဘူး။ အိမ်နားက ချောင်းထဲ ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်သေးတယ်၊ တော်သေးတယ် မြင်တဲ့သူတွေ ရှိလို့`တဲ့...။


စားဝတ်နေရေး အခက်အခဲတွေအပြင် ကြွေးပူ ၃ သိန်း ဆိုတဲ့ငွေကြောင့် ကိုယ့်ကိုယ်ကို တောင်သတ်သေချင်နေတာလေလို့ ရန်နိုင်က နောက်ဆက်တွဲ ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် အလုပ်ကို ကိုယ့်ထမင်း ကိုယ်စား၊ကိုယ့်မိသားစု ဘ၀နဲ့ရင်းပြီး လုပ်နေတဲ့ သူ၊ ခင်ပွန်းသည်ကို အတတ်နိုင်ဆုံး ပံ့ပိုးနားလည်ပေးရင်း မကြခဏ နစ်မြှုပ်ရရှာတဲ့ ဇနီးမယား၊ ဖခင်ရဲ့ ၀င်ငွေနဲ့ ထောက်ပံ့မှုကို လုံးဝ ခံစားခွင့်မရဘဲ အမေတယောက်တည်းရဲ့ အင်အားနဲ့ တ၀က်တပျက် ကျွေးမွေးစောင့်ရှောက်ခွင့်သာ ရရှာတဲ့ သားသမီး ၃ဦး ဘ၀။



အန်တီ့ သက်တော်စောင့်လုပ်နေတဲ့အကိုကြီးဟာ သူ အမတ်မဖြစ်ဘူးဆိုတာလည်း သိတယ်၊ လွှတ်တော်ထဲ မရောက်နိုင်ဘူးဆိုတာလည်း သိပါရဲ့။ အမတ်တွေ၊၀န်ကြီးတွေ ဆိုတာဝေးလို့ အန်တီရဲ့ သက်တော်စောင့် အဆင့်ထက်ပိုပြီးတော့လည်း မျှော်လင့်ပုံမရရှာပါဘူး။ ဒါပေမဲ့ သူ့ ဘ၀ကိုရော၊ သူ့မိသားစု ရဲ့ ဘ၀ကိုရော ရင်းပြီး ဘာကြောင့်ပေးဆပ်နေတာလဲ။

သူ့ ဇနီးသည်ကရော နှစ် ၂၀ ကျော်ကြာအောင် ခင်ပွန်းသည်ကို ရှိသမျှအင်အားလေးနဲ့ အကောင်းဆုံး ပံ့ပိုး ပေးဆပ်နေတာ ဘာအတွက်လဲ။

ဒီလို ဘ၀တွေနဲ့ ပေးဆပ်မှုတွေဟာ ...အန်အယ်ဒီပါတီထဲမှာ အပြည့်ရှိနေတယ်။ သူတို့တွေဟာ ဘာကြောင့် ဒီလို တွေပေးဆပ်နေကြတာလဲ။

အန်အယ်ဒီပါတီရုံးမှာ ရုံးပုံမှန်အတက်အဆင်းလုပ်ပြီး ပါတီအလုပ်တွေ လုပ်နေကြတဲ့သူတွေမှာလည်း ဒီလို ဘ၀တွေ အများကြီး ရှိပါတယ်။

ပါတီရုံးလာဖို့ ကားခကိုတောင် မိန်းမဆီကနေ မျက်နှာငယ်ငယ်နဲ့ တောင်းပြီး ထွက်လာတဲ့ ပါတီဝင်တွေ၊ ပါတီက ပေးလိုက်တဲ့ တာဝန်ကို ကိုယ့်ထမင်းကိုယ်စားပြီး အလုပ်လုပ်နေတဲ့ပါတီဝင်တွေ၊ အခွင့်မသင့်ရင် ထောင်ကျခံလိုက်ရတဲ့ ပါတီဝင်တွေ၊ အနာဂတ်ပျောက်ကုန်တဲ့ မိသားစုတွေရဲ့ ဘ၀နဲ့ ရင်းပြီး နိုင်ငံရေးလုပ်နေကြတာ။

သူတို့တွေဟာ နိုင်ငံတကာက ပေးတဲ့ ဆုတွေလည်း မရကြပါဘူး၊ သူတို့တွေရဲ့ ပေးဆပ်မှု တွေကို ဘယ်သူကမှလည်း အသိမှတ်မပြုကြပါဘူး။ဘယ်သူကမှလည်း ထောက်ပံ့ကြေးမပေးဘူး၊ဘာအခွင့်အရေးမှလည်း မရကြဘူး။

ဒါပေမဲ့ သူတို့ဟာ ခုချိန်ထိ ပေးဆပ်နေကြတုန်းပါပဲ။

အဲဒီလို လူတွေ၊ မိသားစုတွေ မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ တကယ့်ကို သူရဲကောင်းတွေပါ၊ ဒီလိုလူတွေနဲ့ မိသားစုတွေရှိနေတဲ့အတွက် မြန်မာပြည် ဒီမိုကရေစီရေးကို လျှောက်လှမ်းနိုင်ကြတာပါ။ တကယ်တော့ ဒီလူတွေရဲ့ အားနဲ့ ပေးဆပ်မှုကို အသိမှတ်ပြုကြရမှာပါ။

ကျမ သက်ပြင်းချပြီး သတင်းထောက် ရန်နိုင်ကို ပြောလိုက်ပါတယ်။

အဲဒီ အဖြစ်အပျက်ကို သတင်းရေးပါ။ သတင်းဆောင်းပါး ကောင်းကောင်း တပုဒ်အနေနဲ့ခုပဲ ချရေးလိုက်ပါလို့တိုက်တွန်းမိပါတယ်။

အဲဒါကတော့ သူတို့ အတွက် ကျမတို့ လုပ်ပေးနိုင်တာလေး တခုပါပဲ။

မူရင်း



မတ်လ (၁၆) ရက်နဲ့ (၁၉)ရက် နေ့စွဲများနဲ့ မဲစာရင်းမှားယွင်းမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများ

Posted by Co2zeиith အကြောင်းအရာ သတင်း






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ (၁၆) ရက်နဲ့ (၁၉)ရက် နေ့စွဲများနဲ့ မဲစာရင်းမှားယွင်းမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများအကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

မူရင်း
https://www.facebook.com/



သစ်ထူးလွင် သတင်းWebSite အား ပြည်တွင်းမှ ဘမ်းလိုက်ပြန်ဘီ

Monday, March 19, 2012

Posted by Co2zeиith အကြောင်းအရာ သတင်း
ယနေ့ မတ်လ(၁၉)ရက်နေ့ မှာတော့ www.thithtoolwin.com ကို မြန်မာပြည်တွင်မှ ပြည်သူလူ
ထု ၀င်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်ပါတယ်။

www.thithtoolwin.com Myanmar News Now မှ မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်
ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီး
ဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်း
လျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။


ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများနှင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်း
သတင်းများကိုလည်း Myanmar News Now မှ ပုံမှန်တင်ပြပေးနေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အများပြည်သူ ကြည့်ရှုနေတဲ့
အင်တာနက်စာမျက်နှာကို ပိတ်ဆို့ လိုက်မှုနှင့်ပါတ်သတ်၍ ပြည်တွင်းမှ ပြည်သူပြည်သားများ၊
သတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင် အဖွဲ့ အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်ပြီး မြန်မာအစိုးရမှ www.thithtoolwin.com Myanmar News Now ကို
ပြည်တွင်းမှာ ပြန်လည်ကြည့်ရှုနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

at 8:18 PM 0 ယောက် ဆွေးနွေး ထားတရ်

Reply all
Reply to author
Forward
0 new messages