ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာကျွန်းရဲ့ အနောက်တောင်ဖက် (၂၆၈)မိုင်အကွာ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အာအား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင် (၂၆-၁၂-၂၀၀၄) ရက်နေ့ နံနက် (၇)နာရီခွဲအချိန်တွင် အင်အား (၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာ ဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၃)သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်းအမြင့် (၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီအချိန်တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။ အဆိုပါ အချက်များတွေ့ရျိပါက အနည်းဆုံးအမြင့် (၁၀)မိတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခ်န့ကြာအောင်နေ ထိုင်ကြရန် အကြံပြုပါတယ်။
ဒေါက်တာထွန်းလွင်
ရခိုင်ကမ်းရိုးတမ်းရှိကျွန်းငယ်တစ်ကျွန်းဖြစ်သော ရေနံသာကျွန်းဝယ် မီးတောင်ဟောင်းတစ်ခုပေါက်ကွဲလျှက်ရှိပြီး မီးတောင်ပြာများ လေထဲသို့ထိုးထွက်လျှက်ရှိသည်ဟု သံတွဲမြို့ခံတစ်ဦးကဖုန်းဖြင့် ပြောသည်။ ထိုကျွန်းပေါ်ဝယ် လူနေအိမ်ခြေမရှိဟုသိရသည်။
အဲဒီကျွန်းမှာ ခြေလျင်တပ်ခွဲ ၁ ခွဲ နဲ့ အမြောက်တပ်စု တစု ရှိပါတယ်။ လူအင်အားပေါင်း ၇၀ နီးပါးလောက်ရှိမယ်
အဲဒီလူတွေကို သွားကယ်မယ်ဆိုရင်တောင် သဗြုချိုင်ကနေ အသွားအပြန်နဲ့ဆို မနက်ဖြန်လောက်မှ ပြန်ရောက်မယ်။ ရေတပ်ကယ်ဆယ်ရေးသဘောင်္ရဖို့ ကကရေကို တင်ပြရမှာဆိုတော့...။
ကံကောင်းကြပါစေ ဘော်ဘော်တို့ရေ။
မြန်မာနိုင်ငံအတွက် Tsunami alert ထုတ်ပြန်လိုက်ပါပြီ
မြန်မာနိုင်ငံအတွက် စူနာမီလှိုင်းခန့်မှန်းရောက်ရှိချိန်များမျာ
CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
PYINKAYAING 15.9N 94.3E 1150Z 11 APR
SITTWE 20.0N 92.9E 1226Z 11 APR
MERGUI 12.8N 98.4E 1316Z 11 APR
YANGON 16.5N 96.4E 1507Z 11 APR
မြန်မာ နိုင်ငံ အတွက် စုနမိ ရောက်ရှိ မည့် နေရာများ နှင့် အချိန် များ မှာ
စစ်တွေ ၊ ကျောက်ဖြူ ၊ မြိတ်၊ ပြင်ခရိုင် ၊ ရန်ကုန် တို့  ဖြစ်သည်။
ယနေ့  ည ဖြစ်သည်
(လက်ဆင့် ကမ်းပါ)