Co2zeиith

11 views
Skip to first unread message

Co2zeиith

unread,
Mar 20, 2012, 9:04:24 PM3/20/12
to co2z...@googlegroups.com, mayanmardailymail, mrsorcerer, 1989ga...@gmail.com, 8layl...@gmail.com, angelc...@gmail.com, aung...@gmail.com, aungm...@gmail.com, babykni...@gmail.com, bad.d...@googlemail.com, bluesky...@gmail.com, charmo....@gmail.com, chitm...@gmail.com, chitsaya...@gmail.com, cutie...@gmail.com, djkok...@gmail.com, dk.fig...@gmail.com, dnw...@gmail.com, edit...@gmail.com, eichawsa...@gmail.com, emc.pai...@gmail.com, eszo....@gmail.com, eveche...@gmail.com, fallinl...@gmail.com, fido.di...@gmail.com, guni...@gmail.com, heyma...@gmail.com, info...@gmail.com, jadecro...@gmail.com, jum...@gmail.com, kaungla...@gmail.com, khingm...@gmail.com, kot...@rediffmail.com, kyawmyo...@gmail.com, kyawsw...@yahoo.com, ladys...@gmail.com, linmyat...@gmail.com, lover...@gmail.com, luthit.a...@gmail.com, luthita...@gmail.com, mapy...@gmail.com, mcjp...@gmail.com, momal1...@gmail.com, nawma...@gmail.com, newo...@gmail.com, panth...@gmail.com, parpuu...@gmail.com, peaceto...@gmail.com, phyohtet...@gmail.com, phyop...@gmail.com, phyophyom...@gmail.com, phyowai...@gmail.com, point....@gmail.com, polarsta...@gmail.com, prin...@gmail.com, royal.t...@googlemail.com, saiwon...@gmail.com, sanda...@yahoo.com, smilela...@gmail.com, snowgir...@gmail.com, star....@gmail.com, sweethe...@gmail.com, thatoe.t...@googlemail.com, thatp...@gmail.com, theintt...@gmail.com, thuth...@gmail.com, venmu...@gmail.com, vj.den...@gmail.com, winmyi...@gmail.com, yadar...@gmail.com, yaew...@gmail.com, yannau...@gmail.com, yewint...@gmail.com, zarlo...@gmail.com, zarni...@yahoo.com, zarza...@gmail.com, (ဖြိုးအိဝေ), (ဖြူဖွေး), ei 18 (မြေက်ဒဂုံ), ei phyu san(17), hlamaung.shwe, jue kay kay(sanchaung), junojuno.k, kolat.hledan, kswin.malone, ladywin.jewellin, laminlay.mh, lanlan.maygawadi, lawkanat.1500.91, lay.rockerboy3, littlebird288(mon yee), love.lorn26693(စိုးချေ), lovernatural.92, mintayza.88, mr.passo69, mr.peterure, nyochaw.kcsy, simon.zmyint, theriverclub.bsn, 09july20110347pm, achitnatsoelay9999, Aung Khing Min, Aung Min MK9, Chow Kit K G, dangerous7500951 dangerous7500951, danu...@gmail.com, Game က ညီ၎, heavenkgmalay ၂, HR - Zar Zar Wint, KHAI BO BO, khin myat88, KHUN AUNG NGE, kiss love, KO LAT, ko myint, Kyaw Swar, linli...@gmail.com, lu bo, lwinpyin...@googlemail.com, may snow, mayiloveyou4, mgpala ., Mydiary, N M T ညီမင်းသစ်, Newgeneration, phyominthein88, rfa, Shrek®, ZAW GYI MK9, Zin Mar, ကို ဖုန်း လူ, ကိုသန်းထွေး, ကိုကျော် NLD, ငမုန်း, စုတ်ချွန်း, ဆရာမ, တတ်လူငယ်, ထွန်းမင်း, နတ်ဆိုးလေး, ဘိုကံ, မစိမ်း, မစု P1, မနန္ဒာ, မမီမီကျော်, မမီးမီး, မမငြိမ်း, မမြတ်သက်မွန်, မကြီး, လင်းဇော်ထိုက်, သင်းသင်းအေး, အကိုဆရာ, အိ, ဦးဇင်း နေတိုး, ဦးမိုးကောင်း, ကောင်းမြတ် မင်း, ကျော်ဇင်, မော်လမြိုင်, သွေး, အောင်ကို လတ်, အောင်ကိုကို, အောင်ရဲလင်း, အေးစု, အေးထွန်း, အေးလောင်, ကြောင်မလေး, နှင်းနှင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များမှ ပိတ်ပင်

Wednesday, March 21, 2012

Posted by Co2zeиith အကြောင်းအရာ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များ ပိတ်ပင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ်မှာ ရှပ်ပြေးယာဉ်များအား ငှားရမ်းခြင်း မပြုရန် အာဏာပိုင်းများမှ ဖိအားပေး ပိတ်ပင်ထားကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရိုင် ရွေးကောက်ပွဲ ခရီးစဉ်အတွင်း မြိတ်ကျွန်းစု ကျေးရွာများအား သွားရောက်မှာ ဖြစ်ပြီး အဆိုပါရွာများမှာလည်း ဟောပြောပွဲများ ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်...။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှပ်ပြေးယာဉ်ငှားရမ်းသုံးစွဲလျှင် အခမဲ့ သုံးစွဲခွင့်ပေးမည့် ရှပ်ပြေးယာဉ်ပိုင်ရှင်များ ရှိကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုသွားပြီးငှားရမ်းခွင့်ရရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ရန် နီးကပ်လာသည်နှင့် အမျှ အောက်ခြေ အာဏာပိုင်များမှ မသိသာတမျိုး သိသိသာသာတဖုံ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ်များအား ပိတ်ပင်တားဆီးလျှက် ရှိပြီး မဲစာရင်းမှားယွင်းမှုများ၊ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်များအား ချောင်းမြောင်း ပစ်ခတ်မှုများ..၊ အဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်များအား ဖျက်ဆီးမှုများ ဖြစ်ပေါ်လျှက်ရှိပါတယ်..။

မဲစာရင်းမှားယွင်းမှုများအား တိုင်ကြားရာမှာ တချို့သော မြို့နယ်များ၌ ပြန်လည် ပြင်ဆင်ပေးမှုများ ပြုလုပ်ပေးသော်လည်း အချို့သောမြို့နယ်များမှာ အချိန်ကြာရှည်အောင် တမင်လုပ်ကိုင်မှုများ ရှိနေကြောင်း သိရှိရသည်။


ဓာတ်ပုံ... အဖွဲ့ချုပ်မှ ရှပ်ပြေးယာဉ် ငှားရမ်းခွင့်အား ပိတ်ပင်ထားပေမယ့် ကျောက်ဖြူ ရေနက်စီမံကိန်းမှာ တရုတ်ကုမ္ပဏီများ ငှားရမ်းအသုံးပြုနေသည့် မလိခရှပ်ပြေးယာဉ်အား တွေ့ရစဉ်။

Posted in: ဆက်သွယ်မေးမြန်းချက်
သတင်း၊...၊ ဒီမိုဝေယံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုစတာများဖျက်ဆီးခံရခြင်

Posted by Co2zeиith အကြောင်းအရာ သတင်း


ဧရာဝတီတိုင်း၊မြောင်းမြို့နယ် ၊ ရှမ်းရေကျော်ကျေးရွှုာ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျေးရွာအုပ်စု ရုံးတွင် မတ်လ ၁၆ ရက်နေ့ညက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများ ဓါးဖြင့် ခုတ်ဖြတ် ဖျက်ဆီးခံရပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ နောက်တစ်နေ့ နေ့လည်တွင် မန်းဂျော်နီ ကိုယ်တိုင် သွားရောက် ကြည့်ရှု့စစ်ဆေးပြီး မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူများဖြစ်သော ဦးမောင်ဖုန်း၊ ဦးမောင်ပြုံး၊ ဦးဇော်ဇော်၊ ဦးဂျော့ တို့လည်း အတူလိုက်ပါသွားကြ၍ အဖြစ်အပျက် အသေးစိတ်အား ဆက်လက်စုံစမ်းနေကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အောင်နိုင်ရေးအဖွဲ့နှင့် ဥပဒေ အကြံပေးအဖွဲ့ တို့မှ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ တိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရပါသည်။

“ဒါပြည်သူတွေကို ကြောက်လန့်အောင်လုပ်တာပဲ၊ ဒါပေမဲ့ အဲဒီကပြည်သူတွေကိုတော့ စိတ်ရှည်သည်းခံပြီး ဆက်လက်အောင်ပွဲဝင်နိုင်အောင် ဆက်ပြီး ကြိုးစားပေးကြပါ၊ ဘာတုန့်ပြန်မှုမှ မလုပ်ပါနဲ့” ဟု မန်းဂျော်နီ မှ ရွာသားများကို ပြောကြားသွားကြောင်း သိရသည်။ ဆက်လက်ပြီး “ဥပဒေကြောင်းအရ ဆက်ပြီးရင်ဆိုင်သွားမယ်၊ လောလော ဆယ် တိုင်ချက်ဖွင့်ဖို့ ပြင်ဆင်ထားတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခဏခဏ ပြောနေတဲ့ တရားဥဒေ စိုးမိုးမှု မရှိသေးဘူးဆိုတာ ပြတာပဲ။ ဒါကြာင့် တရားဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ပြချင်ယင် ဒီကိစ္စကို ဖော်ထုတ် အရေးယူပေးဖို့ လိုပါတယ် “ ဟုမန်ဂျော်နီက ပြောကြားကြောင်း သိရပါသည်။
National League for Democracy face book

မြောင်းမြမြို့နယ် အတွင်းရှိ မဲစာရင်းများတွင် အိမ်ထောင်စုတစ်ခုလုံး မပါရှိခြင်း၊ ပါဝင်သော်လည်း ကွဲလွဲမှားယွင်းခြင်း၊ သေဆုံးပြီးသူများ ပြန်လည်ပါဝင်နေခြင်

Posted by Co2zeиith အကြောင်းအရာ သတင်း


မတ်လ ဒုတိယပတ်က မြောင်းမြမြို့အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးနေသည်ကို တွေ့မြင်ရစဉ်
လွန်ခဲ့သည့် မတ်လဆန်းပိုင်းက ထုတ်ပြန်ကြေညာခဲ့သည့် မဲပေးရမည့် လူဦးရေစာရင်းတွင် လွဲမှားမှုများစွာ ဖြစ်ပေါ်နေကြောင်း မြောင်းမြမြို့မှ မဲဆန္ဒရှင်များက အထောက်အထားများဖြင့် ပြောကြားခဲ့ကြသည်။


ကွဲလွဲမှားယွင်းသည်ဟု ဆိုရာ၌ အိမ်ထောင်စုတစ်ခုလုံး မဲပေးရမည့် စာရင်းတွင် ပါဝင်မလာခြင်း၊ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးကျန်၊ နှစ်ဦးကျန် ကျန်ရှိနေခြင်း၊ မှတ်ပုံတင်တစ်ခုတည်းဖြင့် မဲဆန္ဒရှင်တစ်ဦးထက် ပိုမိုပါဝင်နေခြင်း၊ မှတ်ပုံတင်များ မှားယွင်းခြင်း၊ နေရပ်များ မှားယွင်းခြင်း၊ အဖအမည်များ မှားယွင်းခြင်းအပြင် သေဆုံးပြီးသူများ ပါဝင်ခြင်းများရှိကြောင်း သိရသည်။

''ကျွန်မတို့ မိသားစုက ၂၀၁၀ ပြည့်နှစ်မှာ မဲပေးခဲ့ကြပါတယ်။ မဲပေးဖို့ စာရင်းကြေညာတော့လည်း ပါလာပါတယ်။ ကျွန်မတို့ မိသားစုမှာ မဲပေးခွင့်ရှိတာ ငါးဦးရှိပါတယ်။ အခု မဲပေးရမယ့် စာရင်းကပ်တာကိုသွား ကြည့်တော့ တစ်မိသားစုလုံး ပါမလာဘူး။ ကျွန်မတို့က ဒီမှာပဲအိမ် တိုင်တွင်းစွတ်နဲ့ တစ်သက်လုံး နေလာတာ။ အိမ်ထောင်စုစာရင်း အပြည့်အစုံ ရှိတယ်။ မှတ်ပုံတင်ရှိတယ်။ လမ်းမတန်းမှာလည်း နေတယ်။ အိမ်ကျော်သွားစရာ အကြောင်းကို မရှိတာပါ။ ကင်းစောင့်ခ၊ မီးခနဲ့ ရပ်ကွက်က ကောက်သမျှ ကုန်ကျစရိတ်တွေကျတော့ တစ်ခါမှ အိမ်ကျော်သွား တာမရှိဘူး။ မဲပေးရမယ့် စာရင်းကျတော့ တစ်မိသားစုလုံး ကျန်ခဲ့တယ်။ ကျွန်မတို့နားမှာပဲ အိမ်ထောင်စုလိုက် ကျန်ခဲ့တာတွေ တော်တော်ရှိတယ်'' ဟု အမှတ်(၉)ရပ်ကွက် အတွင်းနေ ထိုင်သူတစ်ဦးက ပြောပါသည်။

''ကျွန်တော်တို့က မဲစာရင်းမှာ တော့ပါတယ်။ မှတ်ပုံတင်တွေ လွဲနေတယ်။ တစ်ဦးကျန်၊ နှစ်ဦးကျန်တွေ အများကြီးပဲ။ အဖေနာမည်တွေ လွဲနေတာ၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် လွဲနေတာတွေက အများဆုံးပဲ။ တစ်နေ့လုပ် တစ်နေ့စားလည်း ဖြစ်သလို ဘယ်သူ့ပြောရမှန်း မသိတာနဲ့ မပြောဖြစ်တဲ့သူ အများကြီးရှိပါတယ်'' ဟု သူဌေးကုန်းရပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

''ကျွန်မတို့က ရပ်ကွက်ထဲမှာ၊ လမ်းထဲမှာ သာရေးနာရေးနဲ့ ရပ်ကွက်အရေးအတွက် ရပ်မိရပ်ဖလို နေတာပါ။ မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ မဲစာရင်းကောက်တဲ့ ရပ်ကွက်တာဝန်ရှိသူတွေလည်း အကူအညီလိုရင် အမြဲလာနေကျပါ။ ဒါပေမယ့် မဲပေးရမယ့် စာရင်းမှာ ပါမလာဘူး။ တစ်မိသားစုလုံး မပါတာ။ ရပ်ကွက်အတွက် လိုအပ်တာ လာကောက်တဲ့အခါ မေးကြည့်တော့ ပါပါ မပါပါ သိပ်မှအရေးမကြီးတာလို့ ပြောသွားတယ်''ဟု မြို့ခံတစ်ဦးက ဆိုသည်။

''ရပ်ကွက်ထဲမှာတော့ သတင်းက အစုံပဲ။ မဲတစ်မဲကို ကျပ် ၄၀၀၀၀ လောက်နဲ့ ပေးဝယ်မယ်။ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းတဲ့သူတွေက စည်းရုံးရေးလို့ မပြောဘဲနဲ့ လယ်သမားတွေကို ငွေထုတ်ချေးမယ်ဆိုတဲ့ သတင်းမျိုးနဲ့ စုခေါ်ပြီး အဲဒီရောက်မှ အောင်နိုင်ရေးအတွက် ပါတီတစ်ခုက မဲဆွယ်တာမျိုးဖြစ်တာတွေလည်း ကြားနေရတယ်။ အောင်နိုင်ရေးအတွက် ဟောပြောတဲ့ နေရာကိုလာဖို့ ပါတီတစ်ခုကနေ တစ်ဦးကို ကျပ် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ပေးမယ်ဆိုပြီး ခေါ်တာတွေ လည်းရှိတယ်၊ မရှိတဲ့သူတွေကတော့ သွားတယ်လို့လည်း ကြားရတယ်'' ဟု မြောင်းမြမြို့ခံတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။

''ခရိုင်ကော်မရှင်က ပြင်ဆင်ပေးမယ်ဆိုတာ ဥပဒေမှာ ပါပြီးသားပဲလို့ ပြောတယ်။ မြို့နယ်ကော်မရှင်ကတော့ ပထမမေးတော့ ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ ရတယ်ပြောတယ်၊ နောက်တစ်ကြိမ်မေးတော့ ပြင်ဆင်ပေးလို့ မရဘူးလို့ ပြောပြန်ရော။ တချို့ ရပ်ကျေးကော်မရှင်တွေကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြင်ဆင်ပေးဖို့ တင်ပြတာကို မဲဆွယ်တယ်ထင်ပြီး လုပ်ပေးဖို့အကြောင်းကို အတိအကျမပြောဘူး''ဟု မတ်လ ၁၇ ရက်နေ့အထိ အခြေအနေကို မြောင်းမြမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အောင်နိုင်ရေးတာဝန်ခံ ဦးမြင့်လွင်က ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မှတ်ပုံတင် တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်

Posted by Co2zeиith အကြောင်းအရာ သတင်း
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မဲစာရင်းများမှာ မှားယွင်းမှုများ ရှိနေပြီး မှတ်ပုံတင် တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် စာရင်းတွင် သေဆုံးပြီးသူများ၊ အသက်မပြည့်သေးသူများ၊ မဲဆန္ဒနယ် တစ်နေရာထက်ပိုပြီး ပါဝင်နေသူများလည်း ပါဝင်နေကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ အချို့ထံမှ သိရသည်။

''ကျွန်မတို့ မရမ်းကုန်းမြို့နယ်မှာ ၁၀ ရပ်ကွက်ရှိတယ်။ မဲစာရင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကပ်တယ်။ ကျွန်မတို့က တစ်စုံတောင်းပြီး ပြန်စစ်တော့ တော်တော်များများ ကျန်တာကို တွေ့ရတယ်။ ထူးခြားချက်အနေနဲ့ ပြောရင်တော့ ရပ်ကွက်တစ်ခုမှာဆိုရင် နိုင်ငံသားကတ် တစ် ခုတည်းနဲ့ကို လူတစ်ထောင်ကျော် တွေ့ရတယ်။ နာမည်လည်း မတူဘူး။ အဖေနာမည်လည်း မတူဘူး။ နောက်ရပ်ကွက်တစ်ခုမှာဆိုရင် ထပ်တာတို့၊ ကျန်တာတို့ဟာ အများဆုံး ၄၀၀ ကျော်အထိ တွေ့ရတယ်။ တချို့ရပ်ကွက်တွေမှာ ၁၀၀ ကျော် ရှိတယ်။ ၂၀၀ ကျော် ရှိတယ်''ဟု မရမ်း ကုန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ ထိုသို့ မဲစာရင်းတွင် မဲစာရင်း မပါဝင်သူများ ရှိခြင်း၊ တစ်ကြိမ်ထက်ပို၍ ပါဝင်နေခြင်း၊ သေဆုံးသူများ ပါဝင်နေခြင်းစသည့် မဲစာရင်း မှားယွင်းမှုများမှာ ကွန်ပျူတာ အမှားသာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ခွဲများက အကြောင်းပြန်ကြောင်း လည်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ အဆိုပါ မဲစာရင်း မှားယွင်းနေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ''ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ညွှန်ကြားတယ်။ မဲစာရင်းမှာ မှားနေတာ၊ ကျန်နေတာ၊ ကလေးတွေပါတာ၊ ကွယ်လွန်တဲ့သူတွေ ပါတာ၊ ဒါတွေကို မဲစာရင်းနံပါတ်နဲ့ အတိအကျ အသေအချာစာနဲ့ ရေးပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပါလို့၊ အမြန်ဆုံးကို တင်ပါလို့ ပြောထားတယ်။ ကော်မရှင်က ရွေးကောက်ပွဲနေ့ မတိုင်မီအချိန်အထိ ပြင်နိုင်တယ်လို့ ပြောတယ်။ သူတို့ ပြင်ပါလိမ့်မယ်။ လူနာမည်အများကြီးနဲ့ မှတ်ပုံတင်တစ်ခုတည်း ဒါမျိုးတွေ ကျွန်တော်တို့မှာ ရှိတယ်။ မဲလာမပေးရင် ကိစ္စမရှိဘူး။ မဲလာပေးရင် ကန့်ကွက်မယ်။ မဲရုံကလည်း ကန့်ကွက်လို့ရတယ်'' ဟု ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၁၁၇ ရုံ ထားရှိသွားမည်ဖြစ်ပြီး လူဦးရေ တစ်သိန်းသုံးထောင်ကျော် မဲပေးပိုင်ခွင့် ရှိကြောင်း မြို့နယ်ကော်မရှင်ခွဲမှ သိရှိရကြောင်း ဒေါက်တာမေ၀င်းမြင့်က ဆိုပါသည်။ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ (USDP) မှ ဦးရဲထွဋ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဒေါက်တာမေ၀င်းမြင့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒေါ်ခင်ဖြူဖြူငြိမ်း၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ ဦးရဲမင်းသိန်း(ခ)ရသ၊ မြန်မာအမျိုးသားကွန် ဂရက်ပါတီမှ ဒေါ်ဟေမာဌေးနှင့် တစ်သီးပုဂ္ဂလအဖြစ် ဦးခင်လှိုင်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။



မမြင်ရသော သူရဲကောင်းများ

Tuesday, March 20, 2012

Posted by Co2zeиith အကြောင်းအရာ သတင်း
မြစ်မခသတင်းထောက် ရန်နိုင် ပြန်ပြောပြတဲ့ သတင်းကြောင့် ကျမ ရင်ထဲ နင့်နည်းသိပ်သည်းသွားတယ်။ ဒီလို ဖြစ်ရပ်မျိုးတွေ ဒီလို မိသားစုတွေဟာ ကျမ ပတ်ဝန်းကျင်မှာအများကြီးပါ၊ သူတို့ အကြောင်းကြားတိုင်းလည်း အဲလိုပဲ ခံစားရပါတယ်။

ရန်နိုင်ပြောပြတာက အန်အယ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်တာဝန်ကို ထမ်းဆောင်နေတဲ့ သူ တဦးရဲ့ ဇနီးသည် အကြောင်းပါ။

ဒဂုံမြို့သစ်မြောက်ပိုင်း ရဲ့... ရပ်ကွက်မှာ ကျမတို့ရဲ့ သတင်းထောက် ရန်နိုင် နေထိုင်ပါတယ်။ သူနဲ့ ၃ အိမ်ကျော်လောက်မှာ အန်တီ့ရဲ့သက်တော်စောင့်တဦးမိသားတစု နေထိုင်ကြပါတယ်။

အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ သက်တော်စောင့်တာဝန်ထမ်းဆောင်နေတဲ့ အဲဒီအကိုကြီးမှာ သားသမီး ၃ယောက်ရှိတယ်။ ဇနီးသည်ကတော့ နိုင်ငငံရေးသမားတို့ရဲ့ ဇနီး၊ မယားဖြစ်တဲ့ အတွက် ထုံးစံအတိုင်း ဘ၀ကို ဆင်းရဲ ပင်ပန်းကြီးစွာ၊ မျက်နှာငယ် သိမ်ငယ်စွာနဲ့ ဖြတ်သန်းနေကြရတယ်။

`ကလေးတွေ ကျောင်းစရိတ်မရှိရင်လည်း ဆွေမျိုးတွေ ဆီကနေ ပိုက်ဆံချေးတာနဲ့ အကြွေးတွေလည်း မနည်းဘူး၊ သူ့အမျိုးသားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အလုပ်ပဲ လုပ်နေတော့ အခြား ၀င်ငွေလည်း မရှိဘူး၊မိသားစု ထမင်းစားဖို့ရော၊ ကလေးကျောင်းစ၇ိတ်တွေရော အားလုံးကို အဲဒီအမျိုးသမီးကပဲ တာဝန်ယူ ဖြေရှင်းနေရတာ၊ အကြွေးတွေနဲ့ ဆိုတော့ စိတ်ညစ်တယ် ထင်ပါရဲ့ ...အမြဲတမ်း ညှိုးငယ်ပြီး နေကြတာ လူရုပ်တောင် မပေါ်ဘူး`လို့ ရန်နိုင်က အဲဒီမိသားစုလေးအကြောင်း ပြောပြတယ်။

ကျမ ဖေဖေဟာ ၁၉၈၈ ခုနှစ်ကတည်းက သပိတ်ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံရေးလုပ်ခဲ့တယ်၊ ဖေဖေ နိုင်ငံရေးလုပ်ကတည်းက ကျမတို့မိသားစုဟာ ဖေဖေ့ဝင်ငွေ မရှိဘဲ၊မေမေတယောက်တည်းဝင်ငွေ ( ကျောင်းဆရာမ တယောက်ရဲ လစာငွေ) နဲ့နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရ့ပါတယ်။

နိုင်ငံရေးသမားမိသားစုတစုအနေနဲ့ ဘယ်လို ဆင်းဆင်းရဲရဲနေထိုင်စားသောက်ခဲ့ရသလဲ။လူ့ပတ်ဝန်းကျင် အသိမ်းအ၀ိုင်းမှာ ဘယ်လောက် ညှိုးငယ်ခဲ့ရသလဲ ဆိုတာတွေက နိုင်ငံရေးသမား မိသားစုလို့ ပြောလိုက်ရင် လုံလောက်တယ်။ ကျမ ကိုယ်တိုင် ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ဖြတ်သန်းမှုတွေကိုး။

ရန်နိုင်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်တဦးရဲ့ မိသားစု ဘ၀ကို ကျမ နားလည် စာနာပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်နိုင်ဖို့အတွက် အိမ်က ဇနီးမယားနဲ့သားသမီးတွေရဲ့ ဒုက္ခနဲ့ ပံ့ပိုးမှုတွေက မသေးလှဘူး ဆိုတာကို ကျမ ကောင်းကောင်းကြီး သဘောပေါက်နားလည်ပါတယ်။

မနေ့တုန်းကတော့ သူပြောလိုက်တဲ့ စကားက ကျမရင်ထဲကို တော်တော်လေး ထိထိခိုက်ခိုက်ဖြစ်သွားရစေတယ်။

`အဲဒီအကိုကြီးရဲ့ မိန်းမ ဘယ်လောက်တောင် ဒုက္ခတွေ များပြီး စိတ်ပျက်နေပြီလဲ မသိဘူး။ အိမ်နားက ချောင်းထဲ ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်သေးတယ်၊ တော်သေးတယ် မြင်တဲ့သူတွေ ရှိလို့`တဲ့...။


စားဝတ်နေရေး အခက်အခဲတွေအပြင် ကြွေးပူ ၃ သိန်း ဆိုတဲ့ငွေကြောင့် ကိုယ့်ကိုယ်ကို တောင်သတ်သေချင်နေတာလေလို့ ရန်နိုင်က နောက်ဆက်တွဲ ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် အလုပ်ကို ကိုယ့်ထမင်း ကိုယ်စား၊ကိုယ့်မိသားစု ဘ၀နဲ့ရင်းပြီး လုပ်နေတဲ့ သူ၊ ခင်ပွန်းသည်ကို အတတ်နိုင်ဆုံး ပံ့ပိုးနားလည်ပေးရင်း မကြခဏ နစ်မြှုပ်ရရှာတဲ့ ဇနီးမယား၊ ဖခင်ရဲ့ ၀င်ငွေနဲ့ ထောက်ပံ့မှုကို လုံးဝ ခံစားခွင့်မရဘဲ အမေတယောက်တည်းရဲ့ အင်အားနဲ့ တ၀က်တပျက် ကျွေးမွေးစောင့်ရှောက်ခွင့်သာ ရရှာတဲ့ သားသမီး ၃ဦး ဘ၀။



အန်တီ့ သက်တော်စောင့်လုပ်နေတဲ့အကိုကြီးဟာ သူ အမတ်မဖြစ်ဘူးဆိုတာလည်း သိတယ်၊ လွှတ်တော်ထဲ မရောက်နိုင်ဘူးဆိုတာလည်း သိပါရဲ့။ အမတ်တွေ၊၀န်ကြီးတွေ ဆိုတာဝေးလို့ အန်တီရဲ့ သက်တော်စောင့် အဆင့်ထက်ပိုပြီးတော့လည်း မျှော်လင့်ပုံမရရှာပါဘူး။ ဒါပေမဲ့ သူ့ ဘ၀ကိုရော၊ သူ့မိသားစု ရဲ့ ဘ၀ကိုရော ရင်းပြီး ဘာကြောင့်ပေးဆပ်နေတာလဲ။

သူ့ ဇနီးသည်ကရော နှစ် ၂၀ ကျော်ကြာအောင် ခင်ပွန်းသည်ကို ရှိသမျှအင်အားလေးနဲ့ အကောင်းဆုံး ပံ့ပိုး ပေးဆပ်နေတာ ဘာအတွက်လဲ။

ဒီလို ဘ၀တွေနဲ့ ပေးဆပ်မှုတွေဟာ ...အန်အယ်ဒီပါတီထဲမှာ အပြည့်ရှိနေတယ်။ သူတို့တွေဟာ ဘာကြောင့် ဒီလို တွေပေးဆပ်နေကြတာလဲ။

အန်အယ်ဒီပါတီရုံးမှာ ရုံးပုံမှန်အတက်အဆင်းလုပ်ပြီး ပါတီအလုပ်တွေ လုပ်နေကြတဲ့သူတွေမှာလည်း ဒီလို ဘ၀တွေ အများကြီး ရှိပါတယ်။

ပါတီရုံးလာဖို့ ကားခကိုတောင် မိန်းမဆီကနေ မျက်နှာငယ်ငယ်နဲ့ တောင်းပြီး ထွက်လာတဲ့ ပါတီဝင်တွေ၊ ပါတီက ပေးလိုက်တဲ့ တာဝန်ကို ကိုယ့်ထမင်းကိုယ်စားပြီး အလုပ်လုပ်နေတဲ့ပါတီဝင်တွေ၊ အခွင့်မသင့်ရင် ထောင်ကျခံလိုက်ရတဲ့ ပါတီဝင်တွေ၊ အနာဂတ်ပျောက်ကုန်တဲ့ မိသားစုတွေရဲ့ ဘ၀နဲ့ ရင်းပြီး နိုင်ငံရေးလုပ်နေကြတာ။

သူတို့တွေဟာ နိုင်ငံတကာက ပေးတဲ့ ဆုတွေလည်း မရကြပါဘူး၊ သူတို့တွေရဲ့ ပေးဆပ်မှု တွေကို ဘယ်သူကမှလည်း အသိမှတ်မပြုကြပါဘူး။ဘယ်သူကမှလည်း ထောက်ပံ့ကြေးမပေးဘူး၊ဘာအခွင့်အရေးမှလည်း မရကြဘူး။

ဒါပေမဲ့ သူတို့ဟာ ခုချိန်ထိ ပေးဆပ်နေကြတုန်းပါပဲ။

အဲဒီလို လူတွေ၊ မိသားစုတွေ မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ တကယ့်ကို သူရဲကောင်းတွေပါ၊ ဒီလိုလူတွေနဲ့ မိသားစုတွေရှိနေတဲ့အတွက် မြန်မာပြည် ဒီမိုကရေစီရေးကို လျှောက်လှမ်းနိုင်ကြတာပါ။ တကယ်တော့ ဒီလူတွေရဲ့ အားနဲ့ ပေးဆပ်မှုကို အသိမှတ်ပြုကြရမှာပါ။

ကျမ သက်ပြင်းချပြီး သတင်းထောက် ရန်နိုင်ကို ပြောလိုက်ပါတယ်။

အဲဒီ အဖြစ်အပျက်ကို သတင်းရေးပါ။ သတင်းဆောင်းပါး ကောင်းကောင်း တပုဒ်အနေနဲ့ခုပဲ ချရေးလိုက်ပါလို့တိုက်တွန်းမိပါတယ်။

အဲဒါကတော့ သူတို့ အတွက် ကျမတို့ လုပ်ပေးနိုင်တာလေး တခုပါပဲ။

မူရင်း



မတ်လ (၁၆) ရက်နဲ့ (၁၉)ရက် နေ့စွဲများနဲ့ မဲစာရင်းမှားယွင်းမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများ

Posted by Co2zeиith အကြောင်းအရာ သတင်း






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ (၁၆) ရက်နဲ့ (၁၉)ရက် နေ့စွဲများနဲ့ မဲစာရင်းမှားယွင်းမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများအကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

မူရင်း
https://www.facebook.com/



သစ်ထူးလွင် သတင်းWebSite အား ပြည်တွင်းမှ ဘမ်းလိုက်ပြန်ဘီ

Monday, March 19, 2012

Posted by Co2zeиith အကြောင်းအရာ သတင်း
ယနေ့ မတ်လ(၁၉)ရက်နေ့ မှာတော့ www.thithtoolwin.com ကို မြန်မာပြည်တွင်မှ ပြည်သူလူ
ထု ၀င်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်ပါတယ်။

www.thithtoolwin.com Myanmar News Now မှ မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်
ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီး
ဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်း
လျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။


ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများနှင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်း
သတင်းများကိုလည်း Myanmar News Now မှ ပုံမှန်တင်ပြပေးနေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အများပြည်သူ ကြည့်ရှုနေတဲ့
အင်တာနက်စာမျက်နှာကို ပိတ်ဆို့ လိုက်မှုနှင့်ပါတ်သတ်၍ ပြည်တွင်းမှ ပြည်သူပြည်သားများ၊
သတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင် အဖွဲ့ အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်ပြီး မြန်မာအစိုးရမှ www.thithtoolwin.com Myanmar News Now ကို
ပြည်တွင်းမှာ ပြန်လည်ကြည့်ရှုနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Reply all
Reply to author
Forward
0 new messages