ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ

2 views
Skip to first unread message

Co2zeиith

unread,
Mar 31, 2012, 1:26:38 PM3/31/12
to

ပခုက္ကူ အရှေ့သီရိ ဇီးကုန်းရွာမ မှ ရွာအုပ်ချုပ်ရေးမှုး ဦးလှဝင်းကို အရေးယူပေးပါ

Sunday, April 1, 2012

Posted by Co2zeиith အကြောင်းအရာ အရေးယူပေးပါရန်
ပခုက္ကူ အရှေ့သီရိ ဇီးကုန်းရွာမတွင် မကျန်းမာ၍ ကြိုတင်မဲပေးလိုသူများကို NLD အား မဲပေးည်စိုးသဖြင့် ရွာအုပ်ချုပ်ရေးမှုး ဦးလှဝင်းက ကြိုတင်မဲထုတ်မပေးခဲ့ကြောင်း သိရသည်။

Election Monitoring Network.88

တရားခံဘယ်သူလဲ ကော်မရှင်မှာတာဝန်မရှိဘူးလား

Posted by Co2zeиith အကြောင်းအရာ အရေးယူပေးပါရန်

ပခုက္ကူ၊ ချစ်ထူးကျေးရွာအုပ်စု ဆိုင်ကြူရွာတွင် တောမှာ အလုပ်သွားလုပ်နေရသည့် ရွာသားများက မဲပေးရန်အတွက် ရွာပြန်လာရာ လူနှစ်ဆယ်ခန့်သည် သူတို့အတွက် ကြိုတင်မဲများ ထည့်ပြီးဖြစ်နေသဖြင့် ကိုယ်တိုင် မဲပေးခွင့် မရခဲ့ကြောင်း သိရသည်။

Election Monitoring Network.88

ပခုက္ကူမြို့နယ် မှ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုအောင်မျိုးနှင့် မဝေမာလှိုင်ကို အရေးယူပေးပါ

Posted by Co2zeиith အကြောင်းအရာ အရေးယူပေးပါရန်
ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အိုင်ကြီးရွာတွင် ညနေငါးနာရီခန့်က ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုအောင်မျိုးနှင့် မဝေမာလှိုင်တို့သည် ဦးသန်းမြင့်နှင့် အခြားမိသားစု အိမ်တစ်ခုသို့ရောက်လာပြီး ကြိုတင်မဲပေးရန်ပြောဆိုပြီး သူတို့သဘောအတိုင်း ခြင်္သေ့တံဆိပ်ဘေးတွင် အမှန်ခြစ်ကာ ပြန်သွားကြတယ်လို့ ဒေသခံတစ်ဦးက သတင်းပေးလာပါတယ်။

Election Monitoring Network.88

ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာ မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးနှင့်ဦးခင်မောင်ညွန့်တို့နှစ်ဦးကို အရေးယူပေးပါ။

Posted by Co2zeиith အကြောင်းအရာ အရေးယူပေးပါရန်


ထန်းတပင်မြို့နယ်အတွင်းရှိ ဇလုပ်ကြီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးနှင့်ဦးခင်မောင်ညွန့်တို့နှစ်ဦးက အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးကျော်စိုးမိုးနှင့် မအေးအေးမာတို့နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်ရန်ပြောဆိုခဲ့ကြောင်း အင်န်အယ်လ်ဒီအဖွဲ့ချုပ်မှတင်သွင်းသည့် ကန့်ကွက်စာအရသိရသည်။

"ကျွန်တော်တို့ရွာထဲကိုနှစ်ယောက်ဝင်လာတာ။ အခြားရွာတွေကိုလည်းဖြန့်ပြီးသွားကြတယ်။ တကယ်လို့ လက်ခံရင် တစ်ယောက်ကိုဆန်တစ်အိတ်နဲ့ငွေနှစ်သောင်း ပေးမယ်ဆိုပြီးပြောတာ" ဟု ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဇလုပ်ကြီးကျေးရွာသားတစ်ဦးကပြောသည်။

ဇလုပ်ကြီးကျေးရွာမှာ လူဦးရေ ၆၀၀ ခန့်ရှိပြီး အခြားသောနေအိမ်များတွင်လည်း ယင်းသို့စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
by 7Day News

သတင်းမီဒီယာဆိုတာလည်း အမေ့ကိုစောင့်ရှောက်ပေးမှုတစ်ခုပါပဲ

Posted by Co2zeиith အကြောင်းအရာ သတင်း

ကော့မှူးမြို့နယ်၊၀ါးသိင်္ခရွာတွင် ရောက်ရှိသတင်းယူနေကြသော နိုင်ငံခြား သားသတင်းထောက်၄၀ကျော်ရှိပြီးယင်းတို့အတွက်ညအိပ်ခွင့်ကိုဒေသဆိုင်ရာအာဏာပိုင်နှင့်လူဝင်မှု့ကြီးကြပ် ရေးတို့ကပူးတွဲရုံးဖွင့်လှစ်ကာ ဆောင်ရွက်ပေးခဲ့သည်။လာရောက်သတင်းယူသူများတွင်ထိုင်းနှင့်ဂျပန်လူမျိုးသတင်းထောက်များအများဆုံးဖြစ်ကြောင်း

7Day News သတင်းထောက်ကသတင်းပေးပို့သည်။

စိတ်ချလက်ချ အိပ်စက်ပါ အမေ

Posted by Co2zeиith အကြောင်းအရာ သတင်း
ဝါးသိင်္ခရွာတွင်ညအိပ်ရောက်ရှိနေသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
အမေဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအတွက်ဒေသခံလူငယ်တစ်ရာကျော်ကတာဝန်ယူ
ထားကြောင်း ၀ါးသိင်္ခသို့ရောက်ရှိနေသော 7Day News သတင်းထောက်ကသတင်းပေးပို့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကြိုတင်မဲများ ကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်းဥပဒေနှင့် မညီညွတ်သော

Posted by Co2zeиith အကြောင်းအရာ သတင်း, အထူးကြေငြာချက်
၂၀၁၂ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင် တောင်တွင်းကြီးမြို့နယ် ကြခတ်ကန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက တစ်အိမ်တစ်ဆင်း ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်း၊ ပန်းတောငယ် အုပ်စုကြီး၊ အင်းကုန်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေး(ယာအိမ်မှူး)သည် အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတာဝန်ကို ပူးတွဲရယူထားကြောင်း၊ ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင် လည်း ဖြစ်နေကြောင်း၊ ၎င်းကိုယ်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများ လိုက်လံကောက်ခံနေကြောင်း ရေဖြားကျေးရွာ အိမ်ထောင်ဦးစီး ဦးအုန်းရွှေ အပါအ၀င် မိသားစုဝင် ခုနစ်ဦးစလုံးမှာ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင် လုံးဝမပါဝင်ခြင်း၊ ရွှေအင်းပင်ကျေးရွာမှ ကော်မရှင် အဖွဲ့ဝင်အချို့သည် မဲစာရင်းအမှတ် ၁၄၄၅ ဒေါ်သန်းစိန်၊ ၁၄၃၈ ဒေါ်ညိုတင်၊ ၁၈၂၀ ဒေါ်တင်စိန်၊ ၁၃၇၇ ဒေါ်ခင်ဝင်း တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ တွင် ၎င်းတို့၏ ရှေ့မှောက်၌ ကြိုတင်မဲပေးစေ သဖြင့် လျို့ဝှက်မဲပေးခြင်း ဥပဒေနှင့် မကိုက်ညီသော ကိစ္စများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့ တိုင်ကြားထားပြီး အလားတူဖြစ်ရပ်များ ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် စည်း ကမ်းနဲ့ မညီညွတ်သော ဖြစ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်သောင်းက ''မဲရုံ ၂၈၄ ရုံမှာ မဲရုံ ကိုယ်စားလှယ် နှစ်ဦးအပြင် အခြားကိစ္စရပ်တွေပါ ဖြေရှင်းနိုင်ရန်အတွက် သင်တန်းပေးထားပြီးသားပါ။ ကျေးရွာတွေမှာ ဒီလိုမသမာတဲ့ ကိစ္စတွေကို အဆင့်ဆင့် တိုင်ကြားထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ ၁၅ ရက်အတွင်းမှာ ဒီအမှုတွေနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူဖို့အတွက် ဆက်လက် ဆောင်ရွက်သွားပါ့မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လုပ်ချင်တိုင်း လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျွန်တော်တို့ ပါတီအနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် တောင်တွင်းမြို့နယ် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအောင်ကြည်ညွန့်မှ အခုဖြစ်နေတဲ့ မဲသမာမှုကိစ္စတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အဖြေထွက်လာမယ့် အခြေအနေကို ထိခိုက်မှုရှိလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေ ဖြစ်နေတယ်ဆိုတာကို သက်သေ အချက်အလက် အပြည့်အစုံနဲ့ တင်ပြပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အချို့ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်မယူကြဘူး''ဟု ပြောဆိုခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာ ၂၇၅ ရွာရှိပြီး မဲပေးနိုင်ခွင့် ဦးရေမှာ အမျိုးသား ၈၁၈၁၃၊ အမျိုးသမီး ၉၂၈၆၆ စုစုပေါင်း ၁၇၄၆၇၀ ဦးရှိပြီး မဲရုံ ပေါင်း ၂၈၄ ရုံရှိကြောင်း သိရသည်။
By EMG
at 1:00 AM 0 ယောက် ေ
Reply all
Reply to author
Forward
0 new messages