ဒီပဲယင်းအရေးအခင်း တရားခံများ

70 views
Skip to first unread message

Co2zeиith

unread,
Feb 18, 2012, 6:29:39 AM2/18/12
to

ဒီပဲယင်းအရေးအခင်း တရားခံများ

Saturday, February 18, 2012

Posted by Co2zeиith အကြောင်းအရာ Sharing, သတင်း

၁။ ခင်ညွန့် -နအဖ အတွင်းရေးမှူး(၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိကအမိန့် ပေးသူ၊ ၄င်းနောက် ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီး စစ်အာဏာနေရာလုရန်ကြိုးပန်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။

၂။ စိုးဝင်း-နမခ စစ်တိုင်းမှူး၊ဒီပဲယင်းအရေးအခင်းတွင် အနီးဆုံးကြီးကြပ်ကွပ်ကဲသူ၊ ၄င်းနောက် အတွင်းရေးမှူး(၁)၊ ပြီး ဝန်ကြီးချုပ်၊ယခု သေဆုံးပြီး (တိရိစ္ဆာန်) လို။

၃။ သန်းဟန်-ဒု ဗိုလ်မှူးကြီး၊ရွှေဘို ခယက ဥက္ကဌ၊ဒီပဲယင်းသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ခဲ့သူ၊၄င်း အရေးအခင်းအပြီး ရဲမှူးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။

၎။ တင်မြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှူး၊ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊လက်နက်များ၊လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ(၃၀၀၀)ကျပ်ပေးကာ အင်အားစုစည်းပေးသူ၊ အရေးအခင်းပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှူဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှူး အဖြစ် ချီးမြှောက်ခဲ့။

၅။ စိုးမြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အမှူဆောင်၊ဒေါ်စုအရေးအခင်းတွင် အတက်ကြွဆုံး စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့သူ၊ဒီပဲယင်းသို့ ကိုယ်တိုင်လိုက်ပါ၍ ရိုက်နှက်ခဲ့သူ၊အရေးအခင်းပြီး၍ ဆောင်ရွက်ခဲ့မှူအား စစ်ကိုင်းတိုင်းကြံ့ဖွံ့ ခေါင်းဆောင် သူရအေးမြင့်ထံ ရှင်းလင်းတင်ပြရာတွင် တင်မြင့်ကိုပင် သွေးကြောင်သည်ဟုစွပ်စွဲခဲ့သည်။

၆။ ထွန်းကိုကို-ခရိုင်ကြံ့ဖွံ့ အမှုဆောင်၊၄င်းပိုင် သံဆိုင်မှ သံဒုတ်များယူကာ ရပ်ကွက်အရက်ဆိုင်များ၊ဆိုက်ကားသမားအချို့ နှင့်ကားဂိတ်ကြိုများအားပေး၍၄င်းမိသားစုပိုင် ဒိုင်နာကားဖြင့် ဒီပဲယင်းသို့ သွားရောက်ဆောင်ရွက်ပြီး အရေးအခင်းအပြီးတွင် ခရိုင်အတွင်းရေးမှုးဖြစ်လာကာ ကြံ့ခိုင်ရေးထောက်ပံ့ငွေများဖြင့် ယခု ကောင်းမြတ်ထက် အမည်ဖြင့် ဘုရားမြေအားကျူးကျော်ကာ သံဆိုင်ဖွင့်လျှက်ရှိ။

၇။ သန်းထွန်း-ခရိုင်အမှူဆောင်၊၄င်းဇာတိ ရွှေခြင်္သေ့ကားသင်းမှ ဒိုင်နာကားတစ်စင်းအပြည့်လူခေါ်ကာ ဒီပဲယင်းသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်။

၈။ ဇော်ဇော်-မြို့ နယ်ကြံ့ဖွံ့ အတွင်းရေးမှူး၊ရွှေဘိုမြို့ အနီးကျေးရွာများမှ ရပ်/ကျေးအမှူဆောင်များအား စခန်းချလေ့ကျင့်ရေးဟုလိမ်ညာကာ ဒီပဲယင်းသို့ ခေါ်သွားရာ အချို့ ကအဖြစ်မှန်သိ၍ ပြန်သွားခဲ့၊ယခု ဘက်စုံခြံအား အပိုင်စီးကာ စီးပွါးရေးလုပ်ကိုင်လျှက်ရှိ။

၉။ သန်းထွန်း-ခရိုင် ပို့ ဆက်ဦးစီး၊ရွှေဘိုမှဒီပဲယင်းအတွက် ကားများချောဆွဲပေးခဲ့သူ၊အရေးအခင်းအပြီး မူဆယ်သို့ ပြောင်းရွေ့ ၍ ချေရာဖျောက် ချီးမြှင့်ပေးခဲ့သည်။

၁၀။ သောင်းဝင်း-ဒုရဲမှူး၊ဒီပဲယင်းမြို့ နယ်မှူး၊အထူးရေးရန်မလိုပါ၊ရဲက အထက်အမိန့် နာခံ၍ ရဲအလုပ် ရဲလုပ်သွားခဲ့သည်၊အရေးအခင်းအပြီး ကျောက်ပန်းတောင်းသို့ ပြောင်းပေးထားခဲ့သည်။

၁၁။ ဝင်းသိန်း-ဒီပဲယင်းမြို့ နယ် ကြွံဖွံ့ အတွင်းရေးမှူး၊အရေးအခင်းတွင် ဒီပဲယင်းမှလူများ၊ရွှေဘိုမှလူများအားရွာသစ်ကျေးရွာနှင့် သမိုင်းဝင် ကြည်ရွာကားလမ်းဘေး ဝဲယာတွင်နေရာချထားကာ ဒေါ်စုယာဉ်တန်းလာပါကဝိုင်းဝန်းရိုက်နှက်ရန် စီစဉ်ခဲ့သူ။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ယာဉ်တန်းအား တားဆီးပိတ်ဆို့ ရိုက်နှက်ရန်အတွက် ဒီပဲယင်းမှလူအချို့ နှင့် ရွှေဘို နယ်မှ အင်အားအများဆုံးခေါ်ယူရခြင်းမှာ ဒေါ်စုခရီးစဉ်အား ထောက်ခံကြိုဆိုသည့် ဒီပဲယင်းနယ်သားများအား တစ်နယ်ထည်းသားချင်းဆိုလျှင် ရိုက်နှက်မည်မဟုတ်သောကြောင့် ရွှေဘိုမှ လူမိုက်များအားခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခု ယင်းကိစ္စအဓိကတရားခံခေါင်းဆောင်ကြီး လွတ်လာပြီ။ကျန်လူများကလည်း အဆင်သင့်။တော်လှန်ရေးအသိ၊တော်လှန်ရေးသတိ အမြဲရှိပါ။လက်ရှိအောင်မြင်မှုလေးအပေါ်သာယာနေရုံနှင့် မပြီးသေးပါ။နောက်မှ နောင်တရ ကြေကွဲစရာဖြစ်လာမယ်။

၁၉ ဇူလိုင် ပြီး နောက်ထပ် အာဇာနည်နေ့  မလိုချင်ပါ။

အားလုံးဟာ ကိုယ့်အင်အားအစစ်အမှန် မဟုတ်သေးဘူး။နအဖရဲ့ ပြည်သူ့ သဘောထားဆိုတဲ့ပွဲမှာ `စုကြည် အလိုမရှိ` `ကုလားအုပ်မ ပြန်သွား` လို့ အားပါးတရ ဆဲဆိုခဲ့တဲ့သူတွေ ယခုရှိနေဆဲပါ။အဲဒီတုံးက အသည်းနှလုံးဆတ်ဆတ်ခါအောင် နာခဲ့ရသူတွေက နောက်ထပ်ဝမ်းနည်းကြေကွဲမှုမလိုချင်တော့တဲ့အတွက် ဒီပဲယင်းအရေးအခင်းတရားခံတွေကို အမြန်ဆု့းအရေးယူပေးပါ။အမှုမှန်ပေါ်ပေါက်ရေးအတွက်ထပ်မံသိရှိသူများ ပူးပေါင်းဖေါ်ထုတ်ပေးကြပါ။နိုင်ငံတော်ကလည်းစစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ မျက်နှာကိုပဲ ကြည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Reply all
Reply to author
Forward
0 new messages