စာအုပ်ပေါ်မှ အတွေးအမြင်ပေးသော ကာတွန်းများ
8 views
Skip to first unread message
THE KNIGHT
unread,
Jan 2, 2012, 11:18:30 PM1/2/12
to chitjeemyar_mm
စာအုပ်ပေါ်မှ အတွေးအမြင်ပေးသော ကာတွန်းများ
ခေတ်အခြေအနေတွေကို သရော်တဲ့အထဲမှာ ကာတွန်းတွေက မပါမဖြစ်တဲ့ အနုပညာတစ်ခုလို့ ယူဆမိပါတယ်။
စာတွေပါတဲ့ ကာတွန်းတွေရော၊ စာမဲ့ကာတွန်းတွေပါ အတွေးကောင်းရင် ကောင်းသလို  နှစ်သက်မိပါတယ်။
အမှတ်မထင် MCN (Myanmar Cartoon Network) ကနေ Link လေးတစ်ခုတွေ့ လိုက်မိပါတယ်။
"The Book ကာတွန်း ပြိုင်ပွဲ ရဲ့ Finalist စာရင်းပါ.. မြန်မာပြည်က ဆုချိတ်တာတော့ မတွေ့ မိဘူးဗျ"   ဆိုပြီးတော့ အောက်ပါလင့်လေးနဲ့ ပါ...
http://www.irancartoon.ir/gallery/album536?page=1
အီရန်ကာတွန်းဆိုပြီးတွေ့ ရပါတယ်။
The Book ကာတွန်း ပြိုင်ပွဲဟာ နိုင်ငံတကာအဆင့်မို့ အတော်လေး အဆင့်မြင့်လှပတဲ့အတွေးများနဲ့ 
ကာတွန်းလက်ရာများဟာ သားနားလှပါတယ်။
မြန်မာနိုင်ငံမှ ကာတွန်းဆရာများလည်း နောင်ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ဆုတွေဆွတ်ခူးနိုင်ဖို့  မျှော်လင့်ဆုတောင်းမိပါတယ်။
Alireza-Safaei-Iran
ဒီကာတွန်းမှာပါတဲ့ စာအုပ်တစ်အုပ်ကို ကြွက်ကိုက်နေတဲ့ပုံဟာ လက်ရာ အတော်ပြောင်မြောက်လှပါတယ်။  ကွန်ပျူတာတွေကို  Mouse ကိုင်သုံးကာ စာအုပ်တွေနေရာမှာ အစားထိုးဝင်လာသော သဘော သဘာဝကို ထိထိမိမိရေးဆွဲထားလို့ ပါ။
Alireza-Pakdel-Iran
ဒီကာတွန်းပုံလေးကလည်း လူငယ်နဲ့ လူကြီး (မြေးအဘိုးလည်း ဖြစ်ချင်ဖြစ်မည်) စာအုပ်ဖတ်ပြတဲ့အနေအထားတွေ ပြောင်းသွားတာကို ခံစားမိပါသည်။
Yuriy-Kosobukin-Ukraine 
စာအုပ်တွေကို ဆွဲနေတဲ့ အဘိုးအိုတစ်ယောက်ပုံပါ.
သေချာကြည့်လိုက်တော့ စာအုပ်ဗီဒိုပုံလုပ်ထားတဲ့ နံရံကပ်စက္ကူပုံစံပါ...
အမြင့်တက်ဖို့ လုပ်ထားတဲ့လှေကားပြုတ်ကျသွားတော့ အဘိုးအိုက အဲသည့်စာအုပ်နံရံကပ်စက္ကူကိုပဲ ဖမ်းဆွဲထားတဲ့ပုံဟာ အတော်စဉ်းစားစရာကောင်းပါတယ်...
Doru_Axinte_Romania
စာအုပ်နဲ့ ထောင်
ပြတင်းတံခါး
အလင်းမမှားစေဖို့ 
အမှောင်ထဲက လမ်းပြအောင်....
သူ့ အတွက် စာအုပ်တွေက  ပြတင်းပေါက်ထဲကပေါ်လာတဲ့ အလင်းရောင်လိုပါပဲ..။
Farhad-Bahrami-Reykani-Iran
စာအုပ်နဲ့ ဆိုဖာ
စာအုပ်က ကြီး
လူက သေး
ထိုင်ခုံ တောင် မဆံ့ပါ...။
Florian_Doru_Crihana_Romania
စာအုပ်နဲ့ ဓာတ်ပုံဘောင်ကာတွန်းကတော့ သမိုင်းထဲကလူတွေလို ဖြစ်ချင်နေတဲ့ပုံပါပဲ..။
Florian-Doru-Crihana-Romania-(1)
စာအုပ်နဲ့ ကောင်းကင်ပေါ်မှာ  အတော်ဇိမ်ကျမယ့်ပုံပါပဲ.......။
Gheorghe-Matei-Romania
လူကြီးဖတ်တာ စာအုပ်၊
ကလေးဖတ်တာ Notebook စာအုပ်နဲ့ .....
Guo-Zhong-China
ဒီကာတွန်းကတော့ အိမ်နီးချင်းတရုတ်နိုင်ငံက ၀င်ပြိုင်တဲ့ကာတွန်းပါ..
သူတို့ လျှာကို တံတွေးဆွတ်ပြီး ရေနေတဲ့ အရာတွေကတော့ မတူကြဘူးပေါ့...
Hicabi-Demirci-Turkey
စာအုပ်နဲ့ ယူနီဖောင်း။
Huseyin-Cakmak-Cyprus
ဒီကာတွန်းကိုကြည့်လိုက်တော့ စာအုပ်တစ်အုပ်မှလည်း မတွေ့ တော့ ဟုတ်မှဟုတ်ပါ့မလား စဉ်းစားနေတုန်းGoogle ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ကွန်ပြူတာ လက်တော့ပေါ်မှ အထင်းသားတွေ့ လိုက်ရပါတယ်။ဟုတ်တော့ဟုတ်ပါတယ်...စာအုပ်တွေလို Google က အကုန်နီးပါး ရှာပေးနိုင်တဲ့ခေတ်ရောက်နေပြီကိုး။
Jugoslav-Vlahovic-Serbia
ဒီပုံမှာတော့ စာအုပ်ကြီးသမားတွေ ချီတက်လာပါပြီလား ဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။
ရှေးဆန်တဲ့လူတွေကို စာအုပ်ကြီးသမားတွေလို့ ခေါ်တာကို ကြားဖူးနေလို့ ဖြစ်ပါတယ်။
နောက်တမျိုးစဉ်းစားမိတာကတော့ မိမိတို့ ကိုယ်ပိုင်စာမျက်နှာတွေဖြင့် ချီတက်လာသော လူအုပ်ကြီးဟုလည်း ယူဆမိပါသည်။
Marcin-Bondarowicz-Poland
ပိုလန်က ကာတွန်းဖန်တီးသူကတော့ ပဟေဠိ  စာမျက်နှာများကို တင်ဆက်လိုက်တာပါပဲ။
ကောင်းကင်နဲ့ မြေကြီးအောက်မှာ ကျွန်မတို့ ဘ၀စာမျက်နှာတွေက တကယ့်ကို ၀င်္ဂဘာလမ်းတွေလိုပါပဲ...
ဒါဟာ အကွေ့ အကောက်များစွာနဲ့  ၀င်္ဂဘာစာအုပ်ကြီးတစ်အုပ်လည်း ဖြစ်သည်မို့ လေ...
သူတင်ပြပုံလေးက တကယ့်ကို လှပပြီး စိတ်ဝင်စားစရာပါပဲ...
ကျွန်မကတော့ ဒီကာတွန်းလေးတွေကြည့်ပြီး ကဗျာဆန်တဲ့စကားလုံးတွေ အလိုလိုဝင်လာတော့တာပါပဲ...
Mehdi-Mohammadi--Rouzbahani-Iran
စာအုပ်နဲ့ အကျဉ်းသား
ရဲသားကြီးက ထောင်ပေါက်ဝကနေ ချောင်းကြည့်လိုက်တဲ့အခါ
စာအုပ်ဖတ်နေတဲ့ အကျဉ်းသားခမျာ
ရာသီဥတုဟာ...ဒီလို..ဒီလိုပါတဲ့...။
Mello-Brazil
စာအုပ်ကို ၀ါးစားမယ့် လူကြီးက အတော်အစားပုတ်တာပဲ..။
Mohammad-Hossein-Akbari-Iran
ဒီကာတွန်းကလည်း ထူးဆန်းပါတယ်..
စာအုပ်ကြီးတစ်အုပ်ကို နွားမလို သဘောထားပြီး နို့ ရည်ညှစ်ယူနေတဲ့ပုံပါ။ ပုံမှန်အမြင်နဲ့ မတူတာကတော့ နို့ ခံယူနေတဲ့ နို့ ထည့်တဲ့ပုံးက လူ့ ခေါင်းဖြစ်နေတာပါပဲ..
ဒါမျိုး ဆင်တူအတွေးပါတဲ့ ခေါင်းက ဗလာနဲ့  မျက်နှာတွေက တစ်နေရာစီဖြစ်နေတဲ့ မျက်နှာပုံတွေ ပန်းချီမျိုးကို ကျွန်မတို့ မြန်မာပြည်က ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့
ပန်းချီကျော်ထူး ဆွဲတာကို မြင်ဖူးပါတယ်..
တွေးစရာပန်းချီကားများ ဆိုပြီး ကျွန်မရေးဖူးပါတယ်။
စဉ်းစားရမယ့် အတွေးအခေါ်တွေတော့ အများကြီးပါပဲ...
Naser-Moghadam-Iran
စာအုပ်စင် နဲ့ ပန်းရံသမား
တိုက်တွေဆောက်တာကလည်း ဆောက်ပေါ့...၊
စာအုပ်ဗီဒီလေးလည်း ပါအောင်လုပ်နော်.....။
Natalia-Forcat-Brazil
ဒီပုံက စာအုပ်ရဲ့ ကျေးဇူးကြောင့် ကမ္ဘာကြီးကိုတောင် ထင်ဟပ်စေတဲ့ အဆင့်မြင့်မြင့်ကာတွန်းပါပဲ..
အိုင်ဒီယာအတွေးအခေါ်တော့ ကောင်းတာမှန်ပေမယ့်
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ စာအုပ်ကို ခြေထောက်နဲ့ မတော်လို့ တက်နင်းမိရင်တောင်
အရိုအသေပျက်မှာစိုးလို့ ထိုင်ကန်တော့မိတဲ့အတွက်
အဲသလို ကာတွန်း ရဲရဲတင်းတင်းဆွဲဖို့  မဖြစ်နိုင်ပါ။
Natalia-Vartchenko-Cyprus
စာအုပ်နဲ့ ကြိုးဆွဲချခြင်း
ကဲ... စာမဖတ်ချင်ရင်တော့ သေပြီဆရာ....
Paolo-Dalponte-Italy
စာအုပ်နဲ့ ဖလင်လိပ်.....
သူ့ ပုံက ရှင်းလွန်းတော့ ကျွန်မလည်း ဘာသာမပြန်တက်တော့။
eyman-Edalati-Iran
စာအုပ်ကို ထိုးဆိတ်နေတဲ့ Angry Birds များဒီ Angry Birds ဂိမ်းကလည်း နေရာတကာပါတယ်။ အခုတလော လူကြိုက်များတဲ့ ဂိမ်းမို့ ထင်ပါတယ်...Angry Birds နဲ့ ခဲတံချွန်စက်တွေတောင် အဲသည့်ငှက်ရုပ်တွေဖြစ်နေပြီကိုး...အဲသည့်ငှက်ရုပ်တွေကလည်း စိတ်ဆိုးနေတဲ့ နာမည်ပေးထားပေမယ့် ရုပ်လေးတွေက် ချစ်စရာတော့ကောင်းပါသည်။
ဂိမ်းတော့ မကစားဖြစ်ပါ။
Saeid-Farhangian-Iran
သူတို့ စာအုပ်တွေဖတ်ပြီးတော့ မီးလှုံနေတဲ့ပုံက ကျွန်မတို့ ဆီက ဖိုးတောင်သူကြီး တဲဖျက်တာနဲ့ တူနေသလိုပါပဲ...။
Saman-Ahmadi-Iran
စာဖတ်ပြီးတော့ စစ်တိုက်သော သူရဲကောင်းနှစ်ယောက်ဟာ ဆက်လက်ပြီးတော့ တိုက်ပွဲမ၀င်တော့ဘူးလား...
ပုံလေးကလည်း စဉ်းစားစရာပါပဲ။...။
Sevket-Yalaz-Turkey
ဒီကာတွန်းပုံကတော့ ခေတ်ကို အထင်ဟပ်ဆုံး ကာတွန်းပုံလေးပါပဲ..
စာအုပ်ဖတ်လို့ ရတဲ့ iPad, (Pdf) ebook readers တွေပေါ်လာတော့  စာဖတ်နေတဲ့လူကြီးများ ခေတ်နောက်ကျသွားပြီလား..
Sevket-Yalaz-Turkey-(1)
စာဖတ်နေတဲ့ ရေတွင်းလိုနက်ရှိုင်းတဲ့ဂုရုကြီးပုံက ခရစ်စမတ်စ် ဘိုးဘိုးကြီးပုံနဲ့ လည်းတူပါတယ်။
Seyran-Caferli-Azerbaijan
ခါးပတ်ကွင်း နှင့်  စာဖတ်ခြင်း
ဒီကာတွန်းလေးကိုကြည့်လိုက်တော့  သူစာဖတ်နေတဲ့ ထိုင်ခုံအောက်မှာ ခါးပတ်ကွင်းက စည်းတားနေသလိုလို၊ ကျွန်းလေးပေါ်မှာတစ်ယောက်တည်းပုံစံလို ခံစားမိပါတယ်။
စာဖတ်နေပြီးတော့ ကိုယ့်ဘာသာကိုယ် စည်းဘောင်မကျော်နိုင်တဲ့ မြင်ကွင်းလို့ လည်း ယူဆမိပါတယ်။
Shahram-Rezaei-Iran
ထိုင်ခုံနဲ့ လွတ်ထွက်သွားသော စာဖတ်သူကြီးပေါ့...
သူလွတ်တာကလည်း တည့်တည့်လွတ်တာတောင်မဟုတ်...
ထိုင်ခုံပေါ်တောင် ခြေထောက်တင်လိုက်သေးတယ်။
( စာဖတ်တာ အောက်ခြေမလွတ်ဖို့ တော့ လိုတယ်နော်...ဆိုတဲ့အတွေးမျိုးလေး ဒီကာတွန်းကတဆင့် ရမိပါတယ်..)
Sidnei-Marques-Brazil ဒီကာတွန်းကလည်း Angry Birds လိုပါပဲ..စာအုပ်ပုံပေါ်တက်ထိုင်ပြီး ဂိမ်းဆော့နေတဲ့ ကလေးလေးပါ.
ဂိမ်းတအားဆော့တဲ့ကလေးတွေ စာအုပ်တွေကို မျက်ကွယ်ပြု ဖင်ခုထိုင်ပြီး ဂိမ်းစက်နဲ့ ဂိမ်းပဲဆော့နေကြတာကို အထင်းသားတွေ့ ရပါတယ်။
Toso-Borkovic-Serbia
စာမျက်နှာတွေကို ဆေးသုတ်၊
မခြောက်သေးခင်လည်း  အလုပ် လုပ်
ဘ၀ဟာ စာအုပ် တစ်အုပ်။
Touraj-Saberivand-Iran
ဒီကာတွန်းပုံလေးက ဒီဇိုင်းပညာဘက်က အသက်ဝင်တဲ့ ကာတွန်းလေးပါ။
Media Player တွေမှာ ရှိတဲ့ Play နဲ့  Pause ကို စာအုပ်အသွင် ဖန်တီးယူထားတဲ့ ပုံလေးပါ။
အတော် နှစ်သက်မိပါတယ်။
Valentin-Druzhinin-Russia
စာအုပ်ကိုလှမ်းယူဖို့ တားနေသည့် ကွန်ပျူတာကြိုးများ လို့  နာမည်ပေးချင်ပါတယ်။
Valentin-Druzhinin-Russia-(1)
ကျိုးပဲ့သွားသော Tablet စာအုပ်လေး ကလည်း နည်းပညာခေတ်ထဲက eBooks တွေကို ဆိုလိုခြင်းဖြစ်ဟန်တူပါတယ်။
စာအုပ်တွေကို စိတ်ဝင်စားတဲ့ စာအုပ်သရဲ တစ်ယောက်မို့ 
ဒီကာတွန်းတွေထဲက အတွေးအမြင်တွေ အများကြီးပါတာမို့ စိတ်ဝင်စားပြီး ကျွန်မခံစားနားလည်မိတဲ့အတွေးများနဲ့ တဆင့် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
(၃၀/ ၁၀/ ၂၀၁၁)
Credit Image Link > http://www.irancartoon.ir/gallery/album536?page=1
--
The signature of God is seen on His creation......
My Profiles : Facebook Twitter
Life works best when we do.
MY ATTITUDE IS BASED ON HOW YOU TREAT ME ..
1.jpg
10.jpg
11.jpg
12.jpg
13.jpg
14.jpg
15.jpg
16.jpg
17.jpg
18.jpg
19.jpg
2.jpg
20.jpg
21.jpg
22.jpg
23.jpg
24.jpg
25.jpg
25.jpg
26.jpg
27.jpg
28.jpg
3.jpg
29.jpg
30.jpg
31.jpg
32.jpg
33.jpg
4.jpg
5.jpg
6.jpg
7.jpg
8.jpg
9.jpg
Reply all
Reply to author
Forward
0 new messages