သမ္ဗုဒ္ဓေ ဂါထာတော်ကို ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများ ဖြစ်သော ရဟန်း၊ ရှင်လူ၊ ပြည်သူတို့အားလုံးပါ ယုံကြည်စွာ ရွတ်ဖက် ပွားများကြသည်။ အချို့ပုဂ္ဂိုလ်များမှာ သမ္ဗုဒ္ဓေ ဂါထာတော်ကို လိုရာပြီးစီးနိုင်သော အန္တရာယ်ကင်းမန္တန် တော်ကြီးအဖြစ် အသုံးပြုကြပါသည်။ ရွတ်ဖက်ပွားများသည့်အတွက် အသက်ဘေးအန္တရာယ်ဘေးမှ လွတ်မြောက်ခြင်း၊ အနှောင့်အယှက်ကင်းခြင်း၊ ဘေးဥပဒ်မကျရောက်ခြင်း၊ ရန်သူတို့မနှိပ်စက်နိုင် ခြင်း စသည့် ကိုယ်တိုင်တွေ့ကြုံခဲ့ကြသူများစွာ ရှိကြသည်။ ဤမျှမက ထို သမ္ဗုဒ္ဓေ ဂါထာတော်ကို ဣစ္ဆာသယအန္တရာယ်ကင်း မန္တန်တော်ကြီးဟူ၍ ရှေးပညာရှိများက အမည်မှည့် အသုံးပြုခဲ့ကြပါသည်။
(က) သမ္ဗုဒ္ဓေ ၊ အဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟသကေ၊
ပဉ္စသသ၊ သဟသာနိ၊ နမာမိ သိရသာမဟံ။
(ခ) အပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္ဓဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
(ဂ)နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေကာ အန္တရာယာပိ၊ ဝိနသန္တု အသေသတော။
၁။ အဌဝိသံ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်တို့ကို့လည်းကောင်း။ ဒွါဒသဉ္စ သဟသကေ၊ ပဉ္စ သသ၊ သဟသာနိ၊ ငါးသိန်းတစ်သောင်း နှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်တို့ကို့လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ သိရသာ၊ ဦးခေါင်းဖြင့်။ နမာမိ၊ ရှိခိုးပါ၏။
ဝါဌုကာ ဂင်္ဂါ၊ ဂင်္ဂါမြစ်ထဲ ကျောက်သလဲတို့သည်။ အပ္ပ၊ နည်းလှကုန်၏။ နိဗ္ဗုတာ၊ ပရိနိဗ္ဗာန် ဝင်စံကြတော်မူသော။ ဇိနာ၊ ငါးမာရ်အောင်မြင်ဘုရားရှင်တို့သည်။ အနန္တာ၊ အတိုင်းမသိ များလှကုန်၏။
၂။တေသံ၊ထိုဘုရားရှင်တို့၏။ဓမ္ဓဉ္စ၊ တရားတော်ကိုလည်းကောင်း သံဃဉ္စ၊ သံဃာတော်ကို လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ အာဒရေန၊ ရိုသေစွာ။ နမာမိ၊ ရှိခိုးပါ၏။
၃။ နမက္ကာရာ နုဘာဝေန၊ ရှိခိုးရသော ကုသိုလ်ကံ၏ အစွမ်းကြောင့်။ သဗ္ဗေ ဥပဒ္ဒဝေ၊ ဘေးဥပဒ် အားလုံးတို့ကို့။ ဟိတွာ၊ ပယ်ရှား၍။ အနေကာ အန္တရာယာပိ၊ များစွာသော အနှောင့်အယှက်တို့သည်လည်း။ အသေသတော၊ အကြွန်းအကျန်မရှိအောင်။ ဝိနသန္တု၊ ပျောက်ပျက်ပါစေကုန်သတည်း။