Fwd: သံဃာဆောင်ဆောက်လုပ်ရေးအလှူတော်

12 views
Skip to first unread message

chaw chaw

unread,
Apr 19, 2012, 12:24:04 AM4/19/12
to chaw...@googlegroups.com


---------- Forwarded message ----------
From: Zaw Moe San <zawm...@yahoo.com.sg>
Date: 2012/4/18
Subject: သံဃာဆောင်ဆောက်လုပ်ရေးအလှူတော်
To: zawm...@yahoo.com.sg
Cc: kya...@gmail.com


ဓမ္မမိတ်ဆွေများခင်ဗျား

ကောင်းသောမင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့  ဆုတောင်းမေတ္တာ ပို့ သရင်း ကုသိုလ်ဖြစ်ဖွယ် သတင်းစကားတခုပါး ချင်ပါသည်။

 

စင်္ကာပူရှိ မြစိမ်းတောင်ဆရာတော်ဘုရားကြီးရဲ့ ယောဂီဟောင်းအများစုနဲ့ အတူ နိုင်ငံတကာရှိဓမ္မမိတ်ဆွေများ၏ ထက် သန် သော သဒ္ဓါတရားနှင့် ၀ိုင်းဝန်း ကူညီလှူဒါန်းမှုများဖြင့် တိုက်ကြီးမြို့ နယ် လိမ္မော်ခြံကျေးရွာ အရှေ့ ဘက်ရိုးမ တောထဲရှိ မြစိမ်းတောင်ရိပ်သာတွင် အမျိုးသမီးယောဂီများ လုံခြုံအေးချမ်းစွာ နေထိုင်ရန်အလို့ ငှာ ယောဂီ၁၀၄ ဦး နေထိုင်နိုင်သော RC နှစ်ထပ်ဆောင်ကို တာဝန် ယူဆောက်လုပ်လှူဒါန်း ခဲ့ရာ ၂၀၁၂ ဇန်န၀ါရီလကပင် ပြီးစီးသွားပြီဖြစ်ပါသည်။


ယခုတဖန် သံဃာတော်များ အဆင်ပြေစွာ သတင်းသုံးနေထိုင်နိုင်ရန် သံဃာဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ဆက်လက်စီစဉ်လျှက်ရှိရာ မကြာခင် ဆောက်လုပ်မည်ဖြစ်ပါသည်။ ထိုအစီအစဉ် တွင် ၁၀ပေX ၁၂ပေ အကျယ်ရှိ အခန်းပေါင်း ၄၀ ပါဝင်မည် ဖြစ်ပါသည်။

 

(လက်ရှိသံဃာများ သတင်းသုံးရာကျောင်းဆောင်တချို့ )


ထို ၁၀ပေx ၁၂ပေ အကျယ်ရှိ အခန်းများမှာ သာမန်အချိန်တွင် သံဃာများ တပါးတည်း အေးချမ်းစွာ သီတင်း သုံးနေထိုင် ကာ တရားဘာဝနာပွား များနိုင်ကြမည်ဖြစ်ပါသည်။ သင်္ကြန်တွင်း တရားစခန်း ကဲ့သို့ သော သံဃာများ အလွန်များပြားလာသော အချိန်များတွင် သံဃား ၂ပါး ၃ပါး စသည် ဖြင့် အဆင်ပြေသလို သီတင်းသုံး နေထိုင်နိုင်ကြ မည်ဖြစ်ပါသည်။ ဆရာတော်များ၏မိန့်  ကြားချက် အရ အမျိုးသား ယောဂီများမှာ အများဆုံး ၁၀ ယောက်အထိ သာ ရှိတတ်ပြီး အများအားဖြင့် ရဟန်းဝတ်ဖြင့် အားထုတ်ကြသူ ပိုများ ကြောင်း သိရပါသည်။ ထိုသံဃာဆောင်များတွင် အမျိုးသားယောဂီများကိုလည်း သင့်တော်သလို စီစဉ်နေရာချပေး နိုင်ကြောင်းသိရပါသည်။



(စိုးဆောက်လုပ်ရေးမှ ပေးပို့ ထားသော Proposed Design ဖြစ်ပါသည်။)


ထိုသံဃာဆောင် ဆောက်လုပ်ရေးအတွက် မြစိမ်းတောင်ဆရာတော်၏ ဒကာတဦးဖြစ်သော ကိုစိုးမြင့်သန်း (Managing Director - စိုး ဆောက်လုပ်ရေး) မှ အကျိုးအမြတ်မယူပဲ ကုသိုလ်ဖြစ် တာဝန်ယူ ကူညီ ဆောက်လုပ် ပေးမည်ဖြစ်ပြီး လအနည်းငယ်အတွင်း စတင် ဆောက်လုပ်ရန်စီစဉ်ထား ပါသည်။


ဆောက်လုပ်မည့် သံဃာဆောင်အတွက် လှူဒါန်းနိုင်သည့်အရာများ

လှူဒါန်းနိုင်သည့်အရာများ

စင်္ကာပူဒေါ်လာဖြင့်

(မြန်မာငွေဖြင့်)

အရေအတွက်

သံဃာများ သီတင်သုံးနေထိုင်ရန် အခန်းတခန်း

၃၄၀၀

၂၂ သိန်း

၄၀

သံဃာများ သီတင်သုံးနေထိုင်ရန် အခန်း

(အခန်း၏တန်းဖိုးတ၀က်ကို ပူးတွဲအလှူရှင်အဖြစ် လှူဒါန်းလိုများအတွက်)*

၁၇၀၀

၁၁ သိန်း


ကုဋိ(ရေအိမ်) တခန်း

၉၃၀

၆သိန်း

ရေချိုးခန်းတခန်း

၉၃၀

၆သိန်း

စတီးရေတိုင်ကီတလုံး(1500L)

၉၉၀

၆သိန်းခွဲ

စင်္ကြလမ်း (တခန်းစာ)

၇၈၀

၅သိန်း

၄၀

လှေခါးဆောင်

၃၈၅၀

၂၅သိန်း

၁စတုရန်းပေ

၂၅

၁၆၀၀၀

၆၀၀ခန့် 

(၁၀ စတုရန်းပေနှင့်အထက်လှူဒါန်းသူများနှင့် အထက်ဖော်ပြပါလှူဒါန်းမှုများကို ကဗျည်းထိုးပေးပါမည်။)


(* အခန်း၏ တန်ဖိုးတစ်ဝက်ဖြင့် လှူးဒါန်းလိုသူများကို ပူးတွဲအလှူရှင်အဖြစ် မိမိတို့  မိတ်ဆွေ၊ ဆွေမျိုးသင်္ဂများနှင့် သော်လည်းကောင်း ပူးပေါင်းပြီးလှူဒါန်းနိုင်ပါသည်။ သို့ မဟုတ်ပါက အဆောက်အဦဖြစ်မြောက်ရေးအဖွဲ့ မှ သင့်တော်သလို တခြားအလှူရှင်များနှင့်တွဲ၍ လှူဒါန်းနိုင်ရန်စီစဉ်ပေးသွားပါမည်။ အလှူရှင်မိသားစုနှစ်ခုစလုံး (သို့ ) အလှူရှင်နှစ်ဖွဲ့ လုံးကို သီးခြားစီ ကဗျည်းထိုးပေးပါမည်။)


ထိုသံဃာများ သီတင်းသုံးနေထိုင်ရန် အခန်းလှူဒါန်းလိုသူများနှင့် အထက်ပါဇယားတွင်ဖော်ပြထားသော လှူဒါန်းမှုအားလုံးကို သင့်တော်သည့် ငွေပမာဏဖြင့် အဆင်ပြေသလို သတ်မှတ်ကာ လစဉ်အရစ်ကျစနစ်ဖြင့်ဖြစ်စေ၊ သင့်တော်သလို အရစ်ကျခွဲ ၍ ဖြစ်စေ၊ ၃၁-၁၂-၂၀၁၃ နောက်ဆုံးထားပြီး ပေးချေခြင်းဖြင့် လှူဒါန်း နိုင်ကြပါသည်။


အထက်ပါ လှူဒါန်းဖွယ်ရာများအပြင် အခြားလိုအပ်သော အဆောက်အဦတခုလုံး၏ အထွေထွေ ကုန်ကျစရိတ်များ အတွက် သဒ္ဓါတရား နည်းများမဆို သင့်တော်သည့် ငွေပမာဏဖြင့် လည်းကောင်း အဆောက်အဦကုန်ကျစရိတ်ကို စတုရန်းတပေပတ်လျှင် စင်္ကာပူ၂၅ဒေါ်လာနှုန်းဖြင့်လည်း ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ကြပါသည်။ စင်္ကာပူဒေါ်လာ ၂၅၀(သို့ ) မြန်မာငွေ ကျပ်၁သိန်း၆သောင်း နှင့်အထက် အလှူရှင်များအား အများသာဓုခေါ်ဆိုနိုင်ရန် ကဗျည်းထိုးပေးပါမည်။ အရစ်ကျခွဲ၍လည်း လှူဒါန်းနိုင်ကြပါသည်။


ဗုဒ္ဓမြတ်စွာဘုရား အဆုံးအမအတိုင်း မြစိမ်းတောင် ဆရာတော်ဘုရားကြီးသည် သတ္တ၀ါဝေနေယျများ အပါယ်တံခါး ပိတ်ရေး သံသရာဆင်းရဲမှ လွှတ်မြောက်ရေး အတွက် ဆောင်ရွက်ရင်း ပဋိပတ်အကျင့်မြတ်များကို အချိန်ပြည့် မနား မနေ မေတ္တာ၊ ဂရုဏာကြီးမားစွာဖြင့် ပြသပေးလျှက်ရှိသည်ကို သိရှိပြီးဖြစ်ကြပေလိမ့်မည်။ သို့ ပါ၍ ဆရာတော် ဘုရားကြီး၏ သာသနာပြု လုပ်ငန်းများကို တဘက်တလမ်းမှ ကူညီပံ့ပိုးလို၍ဖြစ်စေ၊ ရဟန်း၊ ရှင်လူများ ၀ိပဿနာ ကမ္မဌာန်း တရား များ ပိုမိုအဆင်ပြေစွာ အားထုတ်ရင်း ပဋိပတ္တိ သာသနာတော်ကြီး အရှည်တည်တံ့စေလို၍ ဖြစ်စေ၊ လှူဒါန်းသည့် ဒါနကိုအကြောင်းပြုကာ မဂ်၊ ဖိုလ် နိဗ္ဗာန်သို့ လျှင်မြန်စွာ ရခြင်းရောက်ခြင်းအတွက် အားကြီးသော အထောက် အပံ့ဖြစ်စေလို၍ဖြစ်စေ၊ ပါဝင်ကုသိုလ်ပြုလိုပါက အခွင့်အခါကောင်းဟုဆိုချင်ပါသည်။


လှူဒါန်းလိုသူများသည် အောက်ပါ ဖုံးနံပါတ် (သို့ ) အီးမေးလ်လိပ်စာတခုခုသို့  တိုက်ရိုက်ခေါ်ပြီးဖြစ်စေ၊ SMS ပို့  ၍ဖြစ်စေ၊ အီးမေးပို့၍ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။ အများ သာဓုခေါ်ဆိုနိုင်ရန် အလှူရှင်စာရင်းများကို (၂ရက်အတွင်း) http://myaseintaung.net website ရှိ သံဃာဆာင် အလှူရှင်စာရင်းတွင် ဖော်ပြ ပေးသွား မည်ဖြစ်ပြီး၊ မြန်မာပြည်သို့ ပေးပို့ လှူဒါန်းမှုများကို ဖော်ပြသွား ပါမည်။



ကုသိုလ်ယူပါဝင်လှူဒါန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များသို့  အချိန်မရွေး ဆက်သွယ်လှူဒါန်းနိုင်ပါသည်။


ဇော်မိုးစံ + ၆၅-၉၁၇၁၄၃၅၀ zawm...@yahoo.com.sg

မကျော့ကျော့ခိုင် + ၆၅-၉၈၄၄၆၁၂၀ kya...@gmail.com

လှူဒါန်းရန် POSB saving Account 024-47034-2


သံဃာဆောင်ဆောက်လုပ်ရေးအတွက် စီစဉ်သည်ကို စကြားကတည်းက လှူဒါန်းရန် စာရင်းပေးထားသူများကို အောက်ပါ လင့်ခ် တွင် ကြည့်ပြီးသာဓုခေါ်ဆိုနိုင်ပါသည်။

http://www.myaseintaung.net/building/SanghaBlgdonation.html


image001.png
image003.jpg
image001.png
image003.jpg
SanghaBuilding_MST.pdf
Reply all
Reply to author
Forward
0 new messages