Fwd: [အလင်းစေတမန်:6480] မရိုးနိုင်သည့် အိမ်သုံးဆေးမြီးတိုများ၊ လိမ္မော်ရောင်ပါအောင် စားပေးပါ ၊ မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ် ၊ အရိုးပါးရောဂါ အတွက် ဓာတ်စာ ၊ တင်ပါးတစ်ဝိုက် နာကျင်မှုများ ၊ ကြက်ငှက်တုပ်ကွေးကြောင့် စစ်တွေတွင် ကြက် ငါးသောင်းကျော်သု

61 views
Skip to first unread message

chaw chaw

unread,
Feb 11, 2011, 12:57:10 AM2/11/11
to chaw...@googlegroups.com, khai...@googlemail.com, ppoe86


---------- Forwarded message ----------
From: meepyatite <meepy...@gmail.com>
Date: 2011/1/27
Subject: [အလင်းစေတမန်:6480] မရိုးနိုင်သည့် အိမ်သုံးဆေးမြီးတိုများ၊ လိမ္မော်ရောင်ပါအောင် စားပေးပါ ၊ မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ် ၊ အရိုးပါးရောဂါ အတွက် ဓာတ်စာ ၊ တင်ပါးတစ်ဝိုက် နာကျင်မှုများ ၊ ကြက်ငှက်တုပ်ကွေးကြောင့် စစ်တွေတွင် ကြက် ငါးသောင်းကျော်သုတ်သင်ခဲ့ ၊ အခုတော့ ကျွန်
To:




  1. မရိုးနိုင်သည့် အိမ်သုံးဆေးမြီးတိုများ၊
  2. လိမ္မော်ရောင်ပါအောင် စားပေးပါ ၊
  3. မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ် ၊
  4. အရိုးပါးရောဂါ အတွက် ဓာတ်စာ ၊
  5. တင်ပါးတစ်ဝိုက် နာကျင်မှုများ ၊
  6. ကြက်ငှက်တုပ်ကွေးကြောင့် စစ်တွေတွင် ကြက် ငါးသောင်းကျော်သုတ်သင်ခဲ့ ၊
  7. အခုတော့ ကျွန်တော့် မှာခြေဖ၀ါးနှစ်ခုနဲ့ ပါဗျာ... ၊
  8. ရင်သား​ခွဲစိတ်ရာမှ အ​ဖော်အချွတ် ရုပ်ရှင်​မင်း​သမီး​​​သေဆုံး​  ၊
  9. ကညာမြှေးနဲ့ အပျိုစင် ၊
  10. ထူးထူးဆန်းဆန်းမင်္ဂလာဆောင်သူများ ၊

မရိုးနိုင်သည့် အိမ်သုံးဆေးမြီးတိုများ


အိမ်သုံးဆေးများသည် မိရိုးဖလာ အစဉ်အလာအရ သားစဉ်မြေးဆက် လက်ကမ်းယူခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ကျွန်မတို့ အဘိုးအဘွားများ၏ ၉၆-ပါး ရောဂါပျောက်သော ဆေးများလည်း ထင်ရှား ကျော်ကြားကာ ယနေ့တိုင် သုံးနေဆဲပင်။ သည့်ပြင် ယင်းအိမ်သုံးဆေးများမှာ အကုန်အကျ စရိတ်စကမရှိဘဲ တခြားလည်း သွားရှာစရာမလိုဘဲ အိမ်တွင်းမှာပင် ရှိနေသော နေ့စဉ်သုံးစွဲ တွေ့ထိလျက်ရှိသည့် အရာများသာ ဖြစ်ပါသည်။ လက်တွေ့အားဖြင့်လည်း ယင်းအိမ်သုံးဆေးများသည် အံ့သြဖွယ်ကောင်းလောက်အောင် အမှန်တကယ် ထိရောက်ကြောင်း တွေ့ရှိရပါသည်။ ဈေးနှုန်းလည်း သက်သာ၊ လွယ်လင့်တကူလည်းရပြီး အကုန်အကျမရှိသလောက်ဖြစ်သော ဆေးမြီးတိုများဖြစ်ပါသည်။ မိခင်သဘာဝတရားက လူသားအားလုံးကို စောင့်ရှောက်လျက်ရှိပါသည်။

(သည်းခြေအိတ် ကျောက်အတွက် ကုသသည့် ဆေးမြီးတို)
Dulwish Health Society မှ ပြဋ္ဌာန်းထားသည့် သည်းခြေအိတ် ကျောက်တည်ရောဂါအတွက် ကုသနည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ လတ်ဆတ်သော ပန်းသီးဖျော်ရည် နှစ်လီတာ (2 liters) ကို ငါးရက်တိတိ ဆက်၍သောက်သုံးပါ။ ဤသို့ သောက်သုံးခြင်းဖြင့် သည်းခြေအိတ်တွင်ရှိသော ကျောက်များကို ပျော့ပျောင်းလာစေလိမ့်မည်ဟု ဆိုပါသည်။
၂။ ဆဋ္ဌမမြောက်နေ့တွင် ညနေစာ မစားပါနဲ့။
၃။ ယင်းနေ့ ည ၉း၀၀ နာရီတွင် ဆားခါးကို စားပွဲဇွန်းကြီး တဇွန်း၊ သို့မဟုတ်- နှစ်ဇွန်း ရေနွေးနှင့် ဆတူရောပြီး သောက်ပါ။
၎။ အအေးခံထားသော သံလွင်ဆီစစ်စစ် စားပွဲဇွန်းကြီး လေးဇွန်းနှင့် ထုံးရည်စစ်စစ် စားပွဲဇွန်းကြီး နှစ်ဇွန်းကို ကော်ဖီပန်းကန်ထဲတွင် ထည့်၍ လှုပ်ပြီး ပန်းကန်တ၀က်ကုန်အောင် သောက်ပါ။
၅။ အိပ်ရာချက်ချင်းဝင်ပါ။ ဒူးခေါင်းကို မေးစေ့နားရောက်သည်အထိ ကွေးနိုင်သလောက်ကွေးပြီး ညာဘက်သို့စောင်းအိပ်ပါ။
၆။ ယင်းအနေအထားအတိုင်း မိနစ် ၃၀-ခန့် စိတ်ရှည်စွာနေပါ။
၇။ ဆားခါးရည်ကို လိုအပ်လျှင် တခွက်ထပ်၍ သောက်ပါ။ အနားတွင် အဖော်တယောက် ရှိပါစေ။ နောက်တနေ့တွင် သည်းခြေအိတ်မှ ကျောက်တုံးကျောက်ခဲတို့သည် အစိမ်းရောင်များ အတုံးအခဲများအဖြစ် ၀မ်းထဲ၌ ပါသွားကြောင်း တွေ့ရပါလိမ့်မည်။ လက်မအရွယ်ခန့် သည်းခြေကျောက်များ ကြေသွားသဖြင့် ဝေဒနာပျောက်ကင်းသွားကြောင်း တွေ့ရပါလိမ့်မည်။

(ကျောက်ကပ်ကျောက် ချေဖျက်သော ဆေးမြီးတို)
ကျောက်ကပ်ထဲတွင် ကျောက်တည်ပြီဆိုလျှင် နာကျင်သော ဝေဒနာအတော်လေး ခံစားရပါသည်။ ယင်းကျောက်ရှိနေသဖြင့် မကြာခဏဖျားခြင်း၊ ဆီးထဲ သွေးပါခြင်း စသည်များကိုလည်း တွဲဖက်ခံစားရပါသည်။ ရေများများမသောက်၍ ကျောက်တည်ရခြင်း ဖြစ်သည်။ ထို့ပြင် ကယ်လ်စီယမ်ဓာတ်နည်း၍ ဖြစ်သည်ဟု ဆိုပါသည်။ ခန္ဓာကိုယ်တွင်း၌ ကယ်လ်စီယမ်ဓာတ် နည်းပါးလာခြင်းကြောင့် ကျောက်ကပ်မှ ကယ်လ်စီယမ် ဓာတ်များကို တတ်နိုင်သလောက် ပြန်၍စုပ်ယူထိန်းသိမ်းပေးရပါသည်။ ဤသို့ ပြုလုပ်ရသဖြင့် ကယ်လ်စီယမ်မှာ ကျောက်ကပ်နှင့် ဆီးအိမ်တွင် အနည်ထိုင်ပြီး မာကျောသော ကယ်လ်စီယမ်ဆီးကျောက်များ ဖြစ်ရသည်ဟု ဆိုပါသည်။ ယင်းကျောက်ကပ် ကျောက်တည်ခြင်းးကို ဆေးသိပ္ပံနည်းအရ ခွဲစိတ်၍သော်၎င်း၊ အသံလှိုင်းဖြင့် ချေဖျက်ခြင်း (Lithoscopy) ဖြင့်သော်၎င်း ကုသကြရပါသည်။ ယင်းကုသနည်းများမှာ အန္တရာယ်လည်းများ၊ ကုန်ကျစရိတ်လည်း အလွန်များပြားလှပါသည်။ ခွဲစိတ်ရသည့် အန္တရာယ်လည်း ရှိပါသည်။ အသံလှိုင်းနှင့် ကုသရာမှာလည်း စရိတ်စက ကြီးလှပါသည်။ သက်သောင့်သက်သာလည်း မရှိလှပါ။ ထို့ကြောင့် အကုန်အကျသက်သာပြီး သက်သောင့်သက်သာ ရှိမည့် ဆေးမြီးတိုလေးကို သုံးကြည့်ကြပါစို့-
၁။ ဖရဲသီးဖျော်ရည် များများသောက်ပေးပါ။ တနေ့လျှင် နှစ်လီတာနှုန်းဖြင့် သောက်ပါ။ ဖရဲသီး အနီဖြစ်စေ၊ အ၀ါဖြစ်စေ၊ ဆေးဖက်ဝင်ပါသည်။ ဖရဲသီးဖျော်ရည်သည် ကျောက်ကပ်မှကျောက်များကို ချေဖျက်နိုင်ပါသည်။
၂။ ဆီးကျောက်ကပ်အတွင်း အတွင်းကြွက်သားများ ပျော့ပျောင်းလာစေမည့် ဆေးဖက်ဝင် ဖော်မြူလာ ရှိပါသည်။ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ (Pharmacist)များနှင့် တိုင်ပင်၍ ယင်းဖော်မြူလာအတိုင်းသောက်ပါ။ ဆီးကျောက်တည်ခြင်းကြောင့် နာကျင်ခြင်းများ သက်သာလာပါလိမ့်မည်။
၃။ ဆီးများများ သွားစေရန် သုံးသော မလေးရှားနိုင်ငံမှ ဆေးဖက်ဝင်ရိုးရာ ဆေးတမျိုးဖြစ်သည့် မီဆိုင်ကူချင် (Misai Kuching)ကိုသောက်ပါ။ ကျောက်ကပ်နှင့် ဆီးအိမ်တွင်းရှိ ကျောက်များ ကြေသွားပါလိမ့်မည်။ မီဆိုင်ကူချင် အရွက်များနှင့် အပွင့်များကို ရေနွေးတွင် လက်ဖက်ခြောက်သဖွယ် ခတ်၍သောက်ပါ။ ယခုအခါများတွင် မီဆိုင်ကူချင်ကို ဆေးအတောင့်အနေနှင့်လည်း ၀ယ်ယူရရှိနိုင်ပါသည်။ ရက်သတ္တနှစ်ပတ်အတွင်း ဆီးအိပ်နှင့် ကျောက်ကပ်ထဲမှ ကျောက်များ ကြေ၍ကျလာပါလိမ့်မည်။

(အစာအိမ် ရောင်ရမ်းခြင်း ကုသနည်း)

အစာအိမ် ရောင်ရမ်းခြင်းအတွက် အာလူးအစိမ်းနှင့် ပျားရည်သုံးရပါမည်။ ဆေးဖော်စပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ အာလူးအစိမ်းရည် တဖန်ခွက်ဖြစ်အောင် ပြင်ဆင်ပါ။ မာနေသော အာလူးအဖတ်များကို အရည်ကြည်သာကျန်သည်အထိ ထုတ်ပစ်ပါ။
၂။ ယင်းအာလူးအရည်ထဲသို့ ပျားရည်စစ်စစ် လက်ဖက်ရည်တဇွန်းခန့် ထည့်ပါ။ ပျားရည်သည် အနာများ ကျက်စေသော အစွမ်းသတ္တိရှိပါသည်။ ပဋိဇီဝဆေးများ (Antibiotics) မပေါ်မီ ကာလအချိန်များ၌ ဥရောပတခွင်တွင် သေနတ်ဒဏ်ရာရသူများကို ပျားရည်ဖြင့် ကုသကြသည်။
၃။ အထက်ပါအတိုင်း သမအောင် ရောစပ်ထားသော အာလူးစိမ်းရည်နှင့် ပျားရည်ကို အိပ်ရာမ၀င်မီ သောက်ပါ။
၎။ ဤသို့သောက်ခြင်းအားဖြင့် တညလုံး အက်စစ်များထွက်၍ အစာအိမ်ကို ဒုက္ခပးခြင်းမှ ကာကွယ်ပေးပါလိမ့်မည်။
၅။ ညစဉ်အနည်းငယ်ခန့် ဆက်တိုက် သောက်ပါ။
၆။ ဤနည်းဖြင့် အစာအိမ်ရောင်ခြင်း မသက်သာလျှင် အာလူးသီးအရည်အစား၊ ဂေါ်ဖီထုပ်အရည် သုံးကြည့်ပါ။ ယခုဖော်ပြထားသည့်နည်းသည် သိပ္ပံနည်းကျ အစာအိမ်ရောဂါအတွက် သုံးစွဲနေသော (cimetidine)ဆေးများကဲ့သို့ ထိရောက်ကြောင်း တွေ့ရပါသည်။ ယင်းဆေးမြီးတိုကို သုံးစွဲခြင်းဖြင့် အစာအိမ်ရောင်ရောဂါဝေဒနာများ တပတ်အတွင်း သက်သာလာသည်ကို တွေ့ရပါလိမ့်မည်။

(အစာမကြေခြင်းအတွက် ဆေးမြီးတို)
ချင်းပြုတ်ရည်သည် အစာမကြေသူများအတွက် သင့်တော်ပါသည်။ ချင်းရည်ပြုလုပ်နည်းမှာ-
၁။ လက်မခန့်ရှိသော ချင်းကို ကြိတ်ပြီးချေပါ။
၂။ ချေပြီးသား ချင်းကို ဖန်ခွက်တခုထဲထည့်၍ ပွက်ပွက်ဆူသော ရေနွေးကို ဖန်ခွက်ပြည့်သည်အထိ လောင်းထည့်ပါ။
၃။ ရေပူနှင့်တွေ့၍ ချင်းရည်များ ပွက်ပွက်ဆူပြီး ပလုံထလာပါမည်။ ယင်းကို ၁၀-မိနစ် ၁၅-မိနစ်ခန့် ထားပါ။
၎။ ၄င်းနောက် ချင်းဖတ်များကို ဆယ်၍ ယင်းအဖတ်မှ အရည်များ ကုန်သည်အထိ ညှစ်ပေးပါ။
၅။ ဖန်ခွက်ထဲရှိ အဖတ်များကို ဖယ်ထုတ်ပစ်ပါ။
၆။ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းထည့်၍ သမအောင် မွှေပါ။
၇။ ၄င်းနောက် ပျားရည်ရောပြီးသားကို ဖြည်းညင်းစွာ စုပ်၍သောက်ပါ။
မှတ်ချက်။ ။ ယင်းချင်းပြုတ်ရည်ကို အစာမကြေသည့်ရောဂါ အတွက်သာမက ကိုယ်ဝန်ဆောင်၍ မူးဝေ ပျို့အန်ခြင်း၊ ခရီးသွား၍ မူးဝေပျို့အန်ခြင်း (Motion Sickness) များမှာပါ အသုံးတည့်ပါသည်။

(ပါးစောင်အနာများအတွက် ဆေးမြီးတို)
ဗိုင်းရပ်စ်ပိုးများသည် ပါးစောင်အနာများကို ဖြစ်စေတတ်ပါသည်။ ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို ပေးစွမ်းသည့် အရာများ (Immune System) ပျက်စီးပြီဆိုလျှင် ဗိုင်းရပ်စ်တို့သည် ၀မ်းသားအားရ ၀င်ရောက်တိုက်ခိုက်လာပါ တော့သည်။ စိတ်ဓာတ်ကျနေလျှင်၎င်း၊ စိတ်ပျက်နေလျှင်၎င်း၊ သို့မဟုတ်-ခန္ဓာကိုယ်အနေနဲ့ ဖိအားပေးခံ နေရသည့် အခိုက်အတန့်များတွင်၎င်း၊ ယင်းဗိုင်းရပ်စ်များက ချုံခိုတိုက်ခိုက်ကြ ပါတော့သည်။ ဤတွင် ပါးစောင်၌ အနာများ ပေါ်လာတတ်ပါသည်။ သို့သော် ဘာမှမကြောက်ပါနှင့်။ လွယ်ကူ၍ ငွေကုန်သက်သာမည့် ဆေးမြီးတိုလေးကို စမ်းသပ်ကြည့်ရအောင်။
၁။ ကော်ဖီမှုန့်ကိုယူ၍ ပါးစောင်ရှိ အနာပေါ်၌ သိပ်ပေးပါ။
၂။ ၁၅-မိနစ်မှ မိနစ်၂၀-ခန့်တွင် စပ်၍ နာလာပါလိမ့်မည်။
၃။ ပြီးလျှင် ယင်းနေရာ၌ ထုံလာပါလိမ့်မည်။
၎။ ဤသို့ တနေ့တွင် သုံးခါထက်မနည်း ပြုလုပ်ပေးပါက ရက်အနည်းငယ်တွင် သက်သာလာပါလိမ့်မည်။ ကော်ဖီမှုန့်တွင် ဗိုင်းရပ်စ်ပိုး သေစေနိုင်သောအရာ သို့မဟုတ်-ဗိုင်းရပ်စ်ပိုးပွားခြင်းကို ရပ်တန့်စေသောအရာ ပါရှိသည်ဟု ယူဆရပါသည်။ တခြား ပါးစောင်များတွင်လည်း အနာများ ထပ်၍မဖြစ်နိုင်တော့ပါ။ တခြားနည်း တနည်းမှာ-အုန်းရေဖြင့် အာလုတ်ကျင်းပေးခြင်းဖြင့် ပါးစောင်အနာများ သက်သာစေပါသည်။

(အရေပြားအနာများအတွက် ဆေးမြီးတို)

Alperr Y-leung ဆိုသူ ဇီဝဓာတုဗေဒပညာရှင်က တရုတ်ရိုးရာ ဆေးဖက်ဝင် ဆေးမြီးတို ကုထုံး-များ စာအုပ်၌ အရေပြားအနာများ၊ ပွေးများကြောင့် ယားခြင်း၊ နာကျင်ခြင်းတို့ ပျောက်ကင်းစေမည့် ဆေးဖော်စပ်နည်းများကို ဖော်ပြထားပါသည်။ ယင်းမှာ ဘာမျှမထူးဆန်းပါ။ အိမ်ရှိ နနွင်းကို ရေဖြင့်ဖျော်ပြီး အနာများပေါ်သို့ အုံပေးရန်သာ ဖြစ်ပါသည်။

(ဗောက်နှင့် ဦးခေါင်းအရေပြား ကူးစက်ရောဂါ ကုထုံးများ)

ဦးခေါင်းအရေပြားကို ဒိန်ချဉ်ဖြင့်ဆွတ်ပါ။ ဒိန်ချဉ် ချဉ်လေ ကောင်းလေပင်။ ဤနည်းဖြင့် ဦးခေါင်းအရေပြား အက်စစ်ဓာတ်များ များလာပါလိမ့်မည်။ သို့မှသာ ဦးခေါင်းအရေပြားကို ဒုက္ခပေသည့်မှို (Fungus) များ အဝေးသို့ပြေးရပါတော့သည်။ တပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ထိ ပြုလုပ်ပေးပါ။ ဗောက်သည် မနေနိုင်၊ ဦးခေါင်း အရေပြားမှ တခြားကူးစက်ရောဂါများလည်း ပျောက်ကင်းကြောင်း တွေ့ရပါလိမ့်မည်။

(အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို)
နေ့စဉ်အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီးအနီတောင့်၏ အဓိကပါဝင်သော Capsicum ဓာတ်အကြောင်းကို ဆေးပညာစာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်းလေ့လာမှု (၁၃၀၀)ထက်မနည်း ဖော်ပြပါရှိခဲ့ပါသည်။ သာမန်အရပ်သူများအနေဖြင့် ငရုတ်သီးအနီတောင့်သည် အရိုးအဆစ်ဝေဒနာကို ပျောက်ကင်းစေသည်ဟူသော အဆိုကို သိပ္ပံသုတေသီများက စာစောင်များတွင် ဆွေးနွေးထောက်ခံ ထားပါသည်။ ဆေးပညာအရ ၄င်း Capsicum မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက်သွားပြီး အရိုးထုများပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။ မီယာမီရှိ ဆေးကျောင်းဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာတင်ပြချက်မှာ ၄င်း Capsicum သုံးစွဲသူ အဆစ်ဝေဒနာရှင်များသည် သုံးလအတွင်း အဆစ်ဝေဒနာများ ၈၀-ရာခိုငနှုန်းခန့် သက်သာပျောက်ကင်း သည်ဟု ဆိုသည်။ ၄င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင်နှုန်းသာ သက်သာသည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီးအနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင်တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။ မိမိတို့ဘာသာ အောက်ဖော်ပြပါအတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။
ပါဝင်ရမည့် ပစ္စည်းများမှာ-
၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။
၂။ အုန်းဆီတကွာတ။
၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။
၎။ ဆီမွှေး အစက် ၄၀။

ပြုလုပ်နည်းမှာ-
၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကိုရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်းဆူပွက်လာသည်အထိ အပူပေးပါ။
၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။
၃။ သုံးနာရီခွဲခန့် အအေးခံပါ။
၎။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။
၅။ ဆီနှင့်ငရုတ်သီး အရောအနှောကို ဖျော်စက်တွင်ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။
၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။
၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။
၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။
၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။
၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။
၁၁။ အဖုံးသေချာစွာ ဖုံးပါ။
၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။

ဆေးညွှန်းမှာ-
နာကျင်ကိုက်ခဲသည့်နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်းလိမ်းပေးပါက အဆစ်နာဝေဒနာများ ပျောက်ကင်းနိုင်ပါသည်။

(အရေပြားနှင့် ရှားစောင်းလက်ပပ်)
သင့်အိမ်မှာ မြေအိုးနှင့် အပင်တပင် စိုက်မည်ဆိုလျှင် ရှားစောင်းလက်ပပ်ပင်ကို မမေ့ပါနှင့်။ ရှားစောင်းလက်ပပ်မှာ မြန်မာများ အသိများ၍ ဆေးဖက်ဝင် တိုင်းရင်းဆေးတမျိုး ဖြစ်ပါသည်။ ရှားစောင်းလက်ပပ်၏ ပုံသဏ္ဍာန်မှာ ခွေးသွားစိပ်သဖွယ် အထစ်အထစ်ပါသော လှံနှင့်တူပြီး အရေခွံအောက်၌ အရေရွှမ်းသော ဂျယ်လီလို ပစ္စည်းတမျိုးပါ ပါသည်။ ယင်းဂျယ်လီကဲ့သို့ပစ္စည်းမှာ အလွန်ဆေးဖက်ဝင်ပြီး အသေးစား မီးလောင်ဖုများ၊ ခုတ်ရှဒဏ်ရာများနှင့် တခြားအနာများ၊ ကုတ်ရာခြစ်ရာများ၊ အရေကြည်ဖုများ၊ နေလောင်သော အရေပြားများအတွက် အစွမ်းထက်သော ဆေးဖြစ်ပါသည်။ ရှားစောင်းလက်ပပ်ပင်၏ အပေါ်အရေခွံစုတ်ပြီး အထဲမှအရည်ပျစ်ချွဲချွဲကို အနာနှင့်မီးလောင်ဖုများအပေါ်သို့ ညှစ်ထုတ်ပါ။ အနာများအေး၍ အမှန်တကယ် ပျောက်သွားကြောင်း တွေ့ရပါလိမ့်မည်။ လေသလပ်ခံပါက ရှားစောင်းလက်ပပ်ပင်အရည်မှာ ခြောက်သွားပြီး အပြင်မှ ရောဂါပိုးများဝင်ရောက်ခြင်းငှါ မစွမ်းနိုင်တော့ပါ။ ရှားစောင်းလက်ပပ်ပင်၌ Salicylates မြောက်မြားစွာ ပါဝင်၍ အဆစ်ဝေဒနာနှင့် နှလုံးရောဂါအတွက် သုံးသော Aspirin ကဲ့သို့ အကိုက်အခဲသက်သာစေခြင်း၊ အဆစ်ရောင်ခြင်းများ သက်သာစေသည့်အပြင် Magnesium Lactate ပါဝင်သဖြင့် Anti-histamine သတ္တိလည်း ရှိပါသည်။

(အသားမာ ကုသနည်းများ)
အသားမာအတွက် ဆေးမြီးတိုသည် လွယ်လွယ်ကူကူနှင့် ထိရောက်ပါသည်။
၁။ ကြက်သွန်ဖြူ အခွံနွာပြီး ဒေါင်လိုက် နှစ်ခြမ်းခွဲထားပါ။
၂။ ကြက်သွန်ဖြူ နှစ်ခြမ်းကို ကြိုးစည်းထားပါ။
၃။ ပြီးလျှင် အသားမာ ပေါ် ကပ်ထားပါ။
၎။ ၁၀-နာရီခန့် ထားပါ။
၅။ ထပ်ခါတလဲလဲ ပြုလုပ်ပေးပါ။
၆။ အသားမာပျောက်သွးသည်အထိ ဤနည်းအတိုင်း ပြုလုပ်ပါက ရက်အနည်းငယ်အတွင်း အသားမာ ပျောက်သွားပါလိမ့်မည်။

(၀မ်းတွင်းမီး သက်သာစေသော ဆေးပြီးတိုများ)

အာယုဗေဒဆေးများတွင် ထောပတ်သည် အလွန်အဖိုးတန်ပါသည်။ ထောပတ်သည် အဂ္ဂနီ (Agni) ၀မ်းတွင်းမီးကို အားပေးသောအစာဖြစ်သည်။ မိမိစားမည့် အသားပေါ်တွင် ထောပတ် လက်ဖက်ရည်ဇွန်း တဇွန်း သုတ်စားပါ။
ထောပတ်ပြုလုပ်နည်းမှာ-
၁။ ဆားမပါသော ထောပတ်တပေါင်ကို ဒယ်ပြားပေါ်တွင် မီးအေးအေးဖြင့် အပူပေးပါ။
၂။ အရည်ပျော်သည့်အထိ အပူပေးပါ။
၃။ ၄င်းနောက် မီးအနည်းငယ်မြှင့်ပေးပါ။
၎။ အမြှုပ်များထွက်လာပါက အမြှုပ်များကို ခပ်ထုတ်ပေးပါ။
၅။ ထောပတ်ဆူပွက်ပြီး အရည်ထွက်လာလျှင် မီးကို ပြန်လျှော့ပါ။
၆။ ဆယ်မိနစ်ခန့် မီးဖိုပေါ်၌ ဆက်ထားပါ။
၇။ အစိုဓာတ်နှင့် အငွေ့ပြန်သွားလျှင် ဒယ်ပြားအလယ်၌ ရွှေအိုရောင် သန်းသည့် အညိုရောင်ထောပတ် (Ghee) ကို ရပါသည်။
၈။ ဒယ်ပြားကို မီးဖိုမှချပြီး အအေးခံပါ။ ၄င်းနောက် သန့်ရှင်းသောခွက်တွင်း ခပ်ထည့်၍ သုံးစွဲနိုင်ပါသည်။ အခန်းအပူချိန်၌ပင် ယင်းထောပတ်ကို ရက်ပေါင်းများစွာထား၍ သုံးစွဲနိုင်ပါသည်။ ရေခဲသေတ္တာထဲတွင် ထား၍သုံးပါက ထို့ထက်ပို၍ သုံးနိုင်ပါသည်။

(အစာကြေချက် ချင်းတက်)
ချင်းတက်သည် အစာကြေချက်ရာ၌ အထောက်အကူ ပြုပါသည်။ အစာအိမ်နှင့် အူသိမ်အတွင်းရှိ အစာများကိုပင် ကြေညက်စေပါသည်။
ချင်းရည်ပြုလုပ်နည်းမှာ-
၁။ လတ်ဆတ်သော ချင်းတက်ကို ပါးပါးလှီးပါ။
၂။ အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ဓားဖြင့်ပေါက်ပါ။ ယင်းနောက် ထုံးနှင့် ဆား အနည်းငယ် ထည့်စိမ်ပါ။
၃။ နံနက်စာ သို့မဟုတ်-ညစာမစားမီ နာရီဝက်အလိုတွင် ချင်းဆားထုံးအရောကို လက်ဖက်ရည်ဇွန်း တ၀က်ခန့် ဖြည်းဖြည်းဝါးစားပါ။ ဤနည်းဖြင့် အစာကြေချက်နိုင်ပါသည်။

@mawluu.blogspot.com


လိမ္မော်ရောင်ပါအောင် စားပေးပါ


လူအများစုက ဘီတာကယ်ရိုတင်း (Beta-carotene)ကို မျက်စိအားကောင်းစေတယ်၊ ခန္ဓာကိုယ်ခုခံစွမ်းအားကို မြင့်မားစေတယ်၊ အင်တီ အောက်ဆီဒင့်ဖြစ်လို့ အသက် အရွယ်ကြောင့် ဖြစ်လာတဲ့ အိုမင်း ရင့်ရော်တာကို ကာကွယ်ပေးတယ်လို့ သိရှိပြီး ဂရုပြုစားသုံးနေကြပါပြီ။

ဘီတာကယ်ရိုတင်းနဲ့ အနွယ်ဝင် အယ်လ်ဖာ ကယ်ရိုတင်း (Alpha-carotene) ကိုတော့ လူသိနည်းနေပါသေးတယ်။ လိမ္မော်ရောင် သီးနှံတွေ ထဲမှာပါတဲ့ အယ်လ်ဖာ ကယ်ရိုတင်းက နှလုံးနဲ့ သွေးကြောရောဂါတွေ၊ ကင်ဆာရောဂါနဲ့ တခြားသော အသက် အန္တရာယ်ပေးတဲ့ ရောဂါတွေ ဖြစ်ပွားတာကို လျှော့ချပေးပါတယ်။

လိမ္မော်ရောင်သီးနှံတွေကို စားသုံးပေးမယ်၊ သင့်ရဲ့ ဘဝနေထိုင်မှုဟန်ပန်ကို ကျန်းမာရေးနဲ့ အညီ ပြောင်းလဲနေထိုင်မယ်ဆိုရင် သင့်ကို အသက်သေစေနိုင်တဲ့ ရောဂါတွေ ဖြစ်ပွားတာကနေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချပေးပါတယ်။ အယ်လ်ဖာ ကယ်ရိုတင်း ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥတွေကို စားသုံးပြီး သက်ရှည် ကျန်းမာအောင် သင့်ကိုယ်သင် စောင့်ရှောက်နိုင်ပါစေ။

Ref: Good Health


မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်


သင့်အနေနဲ့ သတင်း အချက်အလက် အသစ်တွေ မှတ်သားဖို့ လိုလာပြီ ဆိုရင် ပထမ ဦးစွာ နေ့လယ် နေ့ခင်းမှာ တစ်ရေး လောက် မှေးပြီး အိပ်စက် လိုက်ပါတဲ့။ အမေရိကန် သိပ္ပံ ပညာရှင် တစ်စု လေ့လာ တွေ့ရှိချက် အရ ဦးနှောက် အတွင်းမှာ ရှိတဲ့ ဟစ်ပို ကမ်းပတ်စ် (Hippo- campus) လို့ ခေါ်တဲ့ နေရာသည် သတင်း အချက်အလက် အတွေ့ အကြုံ အမြင်အကြား အသစ် တွေကို လက်ခံ ပေးတဲ့ နေရာ ဖြစ်ကြောင်း၊ တစ်နေ့တာ ကာလ အတွင်း သတင်း အချက်အလက် အသစ်များ ပြန်ဖြည့်ပေး နိုင်ကြောင်း၊ သို့သော် ခေတ္တ ခဏ အိပ်စက် ပေးဖို့ လိုကြောင်း၊ ယင်းသို့ ခေတ္တ အိပ်ပျော် နေစဉ်တွင် ရှိပြီးသား သတင်း အချက် အလက် များကို ဦးနှောက် ရှေ့ပိုင်းရှိ Prefrontal contex ဟု ခေါ်သော နေရာသို့ ပြောင်းရွှေ့ပေး လိုက်ပြီး ထိုနေရာ တွင် တာရှည် မှတ်သား သိမ်းဆည်း ထားပေး သွားတာ ဖြစ်ကြောင်း သိရ ပါတယ်။ ဟစ်ပို ကမ်းပက်စ် သည်အီးမေးလ် စာတိုက်ပုံး (email inbox) နှင့် အလား သဏ္ဌာန် တူကြောင်း၊ သို့သော် အိပ်လိုက် ပြီးနောက် အီးမေးလ် ကဲ့သို့ သတင်း အချက်အလက် များကို ရှင်းထုတ် ပြီးမှ သာလျှင် အသစ် ဝင်လာသော သတင်း အချက် အလက် များကို လက်ခံ နိုင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဒီဖြစ်စဉ်ဟာ အိပ်ပျော်ခြင်း အဆင့် (၂) non- REM sleep တွင် ဖြစ်ပေါ် ကြောင်းလည်း သိရ ပါတယ်။


အရိုးပါးရောဂါ အတွက် ဓာတ်စာ


ဓာတ်စာ 
ကိုက်လန်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး၊ စတော်ဘယ် ရီသီး၊ ဗာဒံစေ့၊ အာလူး၊ လက်ဖက်ရည်၊ ဆီးသီးခြောက်၊ အစိမ်းရောင် ဟင်းရွက်များ၊ နွားနို့။
ရှောင်ရန်
အငန် များသော အစား အစာများ၊ အသားဓာတ် မြင့်မားသော အစား အစာများ အမြောက်အမြား စားခြင်း။ " အဘိုးကြီးအို ခါးကုန်းကုန်း မသေ ပါနှင့်ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့် ပါဦး" ဆိုတဲ့ သီချင်း အရ အသက် ကြီးလာရင် ခါးကုန်း လာပြီး အရိုးပါး ရောဂါ ခံစား ရတတ်တယ် ဆိုတာ ငယ်စဉ် ကပင် ကြားဖူး ခဲ့ကြမှာ ဖြစ်တယ်။ သို့သော် အဘွားကြီး တွေက အဘိုးကြီး များထက် အရိုးပါး ရောဂါ ပိုဖြစ် လွယ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခန္ဓာကိုယ် တည်ဆောက်ပုံ အရ အမျိုးသား များလောက် ကြွက်သား တောင့်တင်း သန်မာမှု မရှိတာ က တစ်ကြောင်း၊ မီးယပ် သွေးဆုံးတာ စောခြင်း ဒါမှမဟုတ် သားအိမ် ရောဂါကြောင့် သားဥ အိမ်ပါ ဖယ်ထုတ်တဲ့ ခွဲစိတ် မှုကြောင့် တစ် ကြောင်း ဟော်မုန်း အပြောင်းအလဲ ဖြစ်ကာ အရိုးပါး ရောဂါ ခံစား ရလွယ်ပြီး အရိုးကျိုး လွယ်ပါတယ်။ သင်ဟာ အမျိုးသမီး တစ်ဦး ဖြစ် တယ် ဆိုပါက အသက် ၂၅ နှစ် အရွယ်ထိ သင့်အရိုး များက အသန်မာဆုံး အခြေအနေမှာ ရှိနေ ပါလိမ့်မယ်။ သင့် ခန္ဓာကိုယ်က သင့်အရိုး များ သန်စွမ်းရန် ကယ်လ်စီယမ်နှင့် အခြား သတ္တု ဓာတ်ဆား များကို သုံးရ ပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော် လာတာနဲ့ တစ်ပြိုင်နက် နှစ်စဉ် သင့် အရိုးတွေဟာ အနည်းငယ်စီ ပျက်စီး ဆုံးရှုံးလာ ပါတယ်။ မီးယပ် သွေးဆုံး ပြီးနောက် ဟော်မုန်း အပြောင်းအလဲက အရိုး ပျက်စီး ဆုံးရှုံးမှုကို ပိုမို ဆိုးရွား လာစေကာ အလွယ် တကူ အရိုး ကျိုးသွား နိုင်ပါတယ်။ အရိုးပါး ရောဂါ ရှိနေပြီ ဆိုရင် နှာချေ သို့မဟုတ် ချောင်းဆိုး ရုံဖြင့် နံရိုး တစ်ချောင်း အသာလေး ကျိုးသွား နိုင်ပါတယ်။ ဒါမှ မဟုတ် ချော်လဲ ရုံဖြင့် တင်ပါး ဆုံရိုး ကျိုးသွား နိုင်တယ်။ အရိုးပါး ရောဂါကြောင့် တင်ပါးဆုံရိုး ကျိုးတဲ့ လူကြီး ၄ ဦးမှာ ၁ ဦးဟာ အရိုး ကျိုးပြီး ၆ လ အတွင်း နောက်ဆက်တွဲ ရောဂါ များကြောင့် သေဆုံး နိုင်ပါတယ်။ သို့သော် ကယ်လ်စီယမ်နှင့် သတ္တု ဓာတ်ဆား လုံလောက်စွာ စားခြင်းနှင့် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ် ပေးခြင်းဖြင့် အရိုးပါး ရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင် ပါတယ်။ မီးယပ် သွေးဆုံး ပြီ ဆိုတာနှင့် ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ပိုတက် စီယမ်ဓာတ်၊ ဗီတာမင် C ၊ ဗီတာမင် D တို့ ပမာဏ မျှတအောင် စားပေးပါ။ ဒါ့အပြင် ဟော်မုန်း အစားထိုး ကုထုံးနှင့် ကုသမှု ခံယူရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ 
အရိုးပါး ရောဂါကို တိုက်ဖျက် ပေးမယ့် အာဟာရဓာတ်များ 
(၁) ကယ်လ်စီယမ်
အရွယ်ရောက် လူကြီး တစ်ဦး အတွက် တစ်နေ့တာ လိုအပ်ချက် ကတော့ ၁၂၀ဝ မီလီဂရမ် ဖြစ်ပါတယ်။ အဆီ ထုတ်ထားတဲ့ နွားနို့ ၂ ခွက် (တစ်ခွက် လျှင် ၃၀ဝ မီလီဂရမ် ပါဝင်) နှင့် ကယ်လ်စီယမ် ဓာတ် ဖြည့်စွက် ထားတဲ့ ဖျော်ရည် ၃၀ဝ မီလီဂရမ် တစ်ခွက် သို့မဟုတ် အဆီနည်း ဒိန်ချဉ် ဖန်ခွက် ၄ ပုံ ၃ ပုံ (၄၅၀ မီလီဂရမ်) သောက်ခြင်းဖြင့် လိုအပ်တဲ့ ပမာဏ ရနိုင်ပါ တယ်။ ဗာဒံစေ့ ကြိုက်ပါက ၂၄ စေ့ စားလျှင် ကယ်လ်စီယမ် ၇၀ မီလီဂရမ်နှင့် ပိုတက်စီယမ် ၂၀၆ မီလီဂရမ် ရရှိနိုင် ပါတယ်။ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ် (K & Mg) အသီး အရွက်များ စားခြင်းနှင့် အရိုး သန်စွမ်း မှုကြား ဆက်နွှယ်မှု တစ်ခု ရှိတယ်လို့ သိပ္ပံ ပညာရှင်များ တွေ့ရှိခဲ့ ပါတယ်။ နွားနို့ ကဲ့သို့ပင် အသီးနှင့် အရွက် များက ကလေး တွေမှာ အရိုးကျိုးတဲ့ အခါ အရိုး ပြန်ဆက်ရန် အကူအညီပေး ပါတယ်။ အသီး အရွက် များတွင် K နှင့် Mg ပြည့်ဝစွာ ပါဝင် ပါတယ်။ K ကို ငှက်ပျောသီး၊ အာလူး၊ လိမ္မော်သီးနှင့် ဆီးသီးခြောက်များတွင် ကြွယ်ဝစွာ ပါဝင်တာ တွေ့ရတယ်။ ထို့အတူ Mg ကိုလည်း တွဲလျက် တွေ့ရလေ့ ရှိတယ်။ အစေ့ အဆန်များ၊ ပဲများ တွင်လည်း တွေ့ရတယ်။
(၂) ဗီတာမင် C 
အရိုးနု၊ အရိုးနှင့် သွားများ ခိုင်မာ စေသော ကိုလေဂျင် ခေါ် အမျှင်ဓာတ် တည်ဆောက်ရန် ဗီတာမင် C ဓာတ် လိုအပ် ပါတယ်။ ဗီတာမင် C ကို ချဉ်တဲ့ အရသာ ရှိတဲ့ အသီး၊ အရွက် များက ရရှိနိုင် ပါတယ်။ 
(၃) ဗီတာမင် D
နေရောင်ထဲ ထွက်လိုက်တဲ့ အခါ အရေပြားနှင့် နေရောင်ခြည် ထိတွေ့ပြီး ဗီတာမင် D ဓာတ်ကို ရရှိစေ ပါတယ်။ ဗီတာမင် D ကို အစားအစာ မှလည်း ရနိုင်တယ်။ နွားနို့၊ ဆီရီရယ် တို့မှ ရနိုင်တယ်။ သုတေသီ များက လက်ဖက်ရည် သောက်တဲ့ အမျိုးသမီး များတွင် လက်ဖက်ရည် မသောက်တဲ့ အမျိုးသမီး များထက် ပို၍ အရိုး သန်မာကြောင်း တွေ့ခဲ့ ရတယ်လို့ ဖော်ပြ ကြပါတယ်။ လက်ဖက် အချိုခြောက်နှင့် လက်ဖက် အကြမ်းခြောက်တို့ နှစ်မျိုး စလုံးတွင် ပါဝင်သော အင်တီ အောက်စီးဒင့် များက အရိုးကို ကာကွယ် စောင့်ရှောက် ပေးနိုင် ပါတယ်။ ဒါကြောင့် ကော်ဖီနှင့် ကိုကာကိုလာ ကဲ့သို့သော အရိုးကို အားနည်း စေတဲ့ ဖျော်ရည်များ သောက်မယ့် အစား လက်ဖက်ရည်လို အရိုးကို သန်မာ စေတဲ့ ဖျော်ရည် များကို သောက်သင့်ပါ သတဲ့။
သတိပြုရန်
အသားဓာတ် (ပရိုတင်း) နှင့် ဆား အငန်ဓာတ်တို့ အလွန် အကျူး စားသုံးပါက ကယ်လ်စီယမ်ဓာတ် ရရန် အနှောင့်အယှက် ဖြစ်စေ ပါတယ်။ ပရိုတင်းဓာတ် များတဲ့ အသား တွေမှာ သွေးကို အက်စစ်ဓာတ် ပိုဖြစ် စေပါတယ်။ ထိုအက်စစ်ဓာတ်ကို ပြယ်စေရန် အရိုး တွေက သူတို့ ထဲမှာ လှောင်ထားတဲ့ ကယ်လ်စီယမ်ဓာတ်ကို ပို့ပေး ရပါတယ်။ ထို့အတူ ဆားအငန် အများကြီး စား ပါက ကျောက်ကပ် ထဲမှာ ကယ်လ်စီယမ်နှင့် နှီးနွှယ်ပြီး ကယ်လ်စီယမ်ကို ဆီးထဲမှ စွန့်ထုတ်ပစ် ပါတယ်။ ဒါကြောင့် သင့်တင့် မျှတ စေရန် စားသင့် ပါတယ်။


တင်ပါးတစ်ဝိုက် နာကျင်မှုများ


တင်ပါးတစ်ဝိုက် နာကျင်မှုဟာ တင်ပါးမှာပဲ အဓိက ခံစားရတာမဟုတ်ပါဘူး။ ပေါင်အတွင်းပိုင်း နေရာတွေနဲ့ ပေါင်ခြံတွေမှာပါ နာကျင်မှု ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ တင်ပါးနာကျင်မှုဟာ တင်ပါးနေရာထက် ခါးနေရာတွေမှာပါ နာကျင်မှု ခံစားရတတ်ပါတယ်။ အဖြစ်များသော အကြောင်းရင်းများ တင်ပဆုံရိုးကျိုးခြင်းဟာ ရုတ်တရက် တင်ပါးနာကျင်စေတဲ့ သိသာထင်ရှားပြီး ဆိုးရွားတဲ့ အကြောင်းရင်းတစ်ရပ်ပါ။

တင်ပဆုံရိုးကျိုးခြင်းဟာ အသက်ကြီးတဲ့သူ အများစုမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ အသက်ကြီးချိန်မှာ အရိုးသိပ်သည်းမှုနည်းပြီး လဲကျနိုင်ခြေ များတာကြောင့် ဖြစ်ပါတယ်။ အရိုးပါးရောဂါ ခံစားနေရသူတွေဟာ ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံနဲ့တင် တင်ပဆုံရိုးကျိုးနိုင်ခြေ များပါတယ်။ တင်ပဆုံရိုးကျိုးတာဟာ ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးကို သိသိသာသာ ပြောင်းလဲ ထိခိုက်စေနိုင်ပါတယ်။

တင်ပဆုံရိုးကျိုးပြီးသူ ၅၀ ရာခိုင်နှုန်းအောက်ကသာ နဂိုအလုပ်တွေကို ပြန်လုပ်နိုင်လေ့ ရှိပါတယ်။ တင်ပါးနာကျင်မှုကို ဖြစ်စေနိုင်တဲ့ တခြား အကြောင်းရင်းတွေကတော့ အဆစ်ရောင်ခြင်း၊ ထိုင်ရာမှ ထတဲ့အချိန်မှာ နာကျင်ခြင်း၊ ထပ်ကာထပ်ကာ ပြုလုပ်ရတဲ့ အပြုအမူတွေကြောင့် အရွတ်ရောင်ခြင်း၊ ခါးနာခြင်း၊ ကူးစက်ပိုးဝင်ခြင်းနဲ့ အဆစ်လွဲခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

အိမ်တွင်း စောင့်ရှောက်မှု

- တင်ပါးနာကျင်မှုကို ပိုဆိုးသွားစေမယ့် အပြုအမူမျိုးကို ရှောင်ပါ။
- အိုင်ဗျူပရိုဖန်၊ ပါရာစီတမော စတဲ့ ကိုယ့်ဘာသာ ဝယ်သောက်နိုင်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို သောက်ပါ။
- မနာကျင်တဲ့ ခန္ဓာကိုယ်အခြမ်းဘက်ကို စောင်းပြီး ခြေထောက်တွေကြား ခေါင်းအုံးထည့်ကာ အိပ်ပါ။

အရေးပေါ် ဆေးကုသသင့်သော အခြေအနေ

- တင်ပါးနာကျင်မှုဟာ လဲကျခြင်း ဒါမှမဟုတ် တခြား ထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် ဖြစ်တာဆိုရင်၊
- တင်ပါးနာကျင်တဲ့နေရာဟာ သွေးထွက်နေရင်၊ အညိုအမည်းစွဲနေရင်၊ ပုံပန်းမကျ ဖြစ်နေရင်၊
- တင်ပါးကို မလှုပ်ရှားနိုင်လောက်အောင် ဖြစ်နေရင် အရေးပေါ် ဆေးကုသမှု ခံယူသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။
- အိမ်မှာ ကုသတာ တစ်ပတ်ကျော်တဲ့အထိ တင်ပါးနာကျင်မှုက မပျောက်ရင်၊
- ဖျားလည်း ဖျားနေရင်၊
- သွေးအားနည်းခြင်း ဒါမှမဟုတ် တာရှည် စတီးရွိုက်ဆေး မှီဝဲခြင်းနဲ့ တွဲပြီး ရုတ်တရက် တင်ပါးနာကျင်လာရင်၊
- တင်ပါးနှစ်ဖက်စလုံး နာကျင်နေရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

ကာကွယ်မှု

- မညီညာတဲ့ မြေပြင်ပေါ်မှာ ပြေးခြင်းလိုမျိုး တင်ပါးတစ်ဖက်က တခြားတစ်ဖက်ထက် မြင့်ထားရတဲ့ အပြုအမူမျိုး၊ လှုပ်ရှားမှုမျိုးကို ရှောင်ရပါမယ်။ ပြေးစက်ပေါ်မှာ ပြေးတာက တင်ပါးအနေအထားကို ညီမျှစေပါတယ်။
- လေ့ကျင့်ခန်းမလုပ်ခင် သွေးပူ လေ့ကျင့်ခန်းလုပ်ပြီး လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အကြောလျှော့ လေ့ကျင့်ခန်းလုပ်ပါ။ တင်ပါး၊ ခါးနဲ့ ပေါင်တွေကို အကြောလျှော့ပေးပါ။
- လဲမကျအောင် ကာကွယ်ပါ။
- ဘောလုံးကန်တာလို အားကစားလုပ်တဲ့အခါ တင်ပါးအကာ
- (Hip pad) ဝတ်ဆင်ပါ။
- အရိုးပါးရောဂါမရအောင် ကာကွယ်ပြီး စားသောက်နေထိုင်ပါ။

Ref: Good Health


ကြက်ငှက်တုပ်ကွေးကြောင့် စစ်တွေတွင် ကြက် ငါးသောင်းကျော်သုတ်သင်ခဲ့



ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေကျေးရွာအုပ်စုရှိ ကြက်ခြံများ တွင် ကြက်ငှက်တုပ်ကွေးရောဂါကျ ရောက်မှုကြောင့် ကြက်ကောင်ရေ ၅ဝဝဝဝ ကျော်သုတ်သင်ခဲ့ ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။ဖြစ်ပွားမှုရှိသောကြက်ခြံနှင့် တစ်ကီလိုမီတာ အတွင်းရှိ ကြက် ခြံ ၇၅ ခြံမှ ကြက်နှင့်ဘဲများကို သုတ်သင်ခဲ့ခြင်း ဖြစ်ပြီး ဥစားကြက် ကောင်ရေ ၅၂ဝဝဝ ကျော်နှင့် ဘဲ ကောင်ရေ ၁ဝဝဝ  ကျော်ကို သုတ် သင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။”ဘာကြောင့်ဖြစ်ရတာ လဲဆို တဲ့ ရောဂါရင်းမြစ်ကို ရှာနေတုန်း ပဲ၊ ဆောင်ခိုငှက်ကြောင့်လား၊ နယ် စပ်က တရားမဝင်ဝင်လာတဲ့ ကြက်၊ ဘဲတွေကြောင့်လားဆိုတာ ကို စူးစမ်းရှာဖွေမှုလုပ်နေပါတယ်၊ အဲ့ဒီဒေသကနေ တခြားဒေသတွေ ကို ကူးစက်မှုမရှိအောင်အတွက် ကာကွယ်ထိန်းချုပ်မှုတွေ လုပ်နေပါ တယ်” ဟု မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ချုပ်ဒေါက်တာအောင်ကြီးက ပြော သည်။၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မရမ်း ကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင် မြို့နယ်တို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုးကျရောက်ခဲ့ပြီး ဇွန်လတွင် ရောဂါကင်း ရှင်း ကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့ပြီး နောက် ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ် တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။’ ‘ဖြစ်ပွား တဲ့နေရာကို ၃ လစောင့်ကြည့်ပြီး ၃ လအတွင်း မှာ ထပ်မံဖြစ်ပွားမှုမရှိမှသာ ရောဂါကင်း ရှင်းကြောင်း ကြေညာရတာ၊ ခုလတ်တလောမှာတော့ ရောဂါဖြစ် ပွားနေ တဲ့နေရာက စစ်တွေပဲရှိသေး တယ်။ ကျန်တဲ့နေရာ တွေကို စောင့် ကြည့်စစ်ဆေးမှုတွေ လုပ်နေပါ တယ်” ဟု ၄င်းက ပြောသည်။ဆောင်းခိုငှက်ဝင်ရောက်မှု များကို လည်း စောင့်ကြည့်လေ့လာ မှုများပြုလုပ်လျက်ရှိပြီး ယခုနှစ်  တွင် မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် ဝင်ရောက်မှုမှာ ယမန်နှစ်များထက် ၂ဝ ရာခိုင်နှုန်းလျော့နည်းလျက်ရှိ ကြောင်း ဆောင်းခိုငှက်စောင့် ကြည့် လေ့လာ သူများ၏ ထုတ်ပြန်ချက် များအရ သိရသည်။ ဆောင်းခိုငှက် လေ့လာစောင့် ကြည့်မှုများကို အင်းလေးကန်၊ အင်းတော် ကြီးကန်၊ မိန်းမလှကျွန်း၊ မိုးယွန်းကြီးအင်း၊ ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ရိုးတစ်လျှောက်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ် ၌ ကြက် ငှက်တုပ်ကွေးရောဂါစတင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ထပ်မံဖြစ်ပွားမှု မရှိစေရေးအတွက် မွေးမြူရေးဇုန် ၆ ဇုန်ကိုတည်ထောင်ခဲ့ပြီး ၄င်းဇုန် များတွင် တစ်လ ၂ ကြိမ်ပုံမှန် စစ် ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။၎င်းမွေးမြူရေးဇုန်များကို ရန် ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကြက်ငှက် တုပ်ကွေးရောဂါ စတင်ဖြစ်ပွားသော ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ အထိ ကမ္ဘာ့နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား လျက်ရှိပြီး ၁၅ နိုင်ငံမှ လူ ၅၁၆ ဦးသို့ ကူးစက်ကာ ၃ဝ၆ ဦးသေဆုံး ခဲ့ရကြောင်း သိရသည်။
ဝေယံမိုးမြင့်၊ ထက်ထက်မိုးမြင့်


အခုတော့ ကျွန်တော့် မှာခြေဖ၀ါးနှစ်ခုနဲ့ ပါဗျာ...

တရုတ်နိုင်ငံမှ ဆေးရုံတစ်ရုံတွင် လူနာတစ်ဦး၏ဘယ်ဖက်ခြေထောက်နှင့် ခြေဖ၀ါးအား ဖြတ်ပစ်ဆုံးရှုံးရခြင်း
မှကာကွယ်နိုင်ရန် ၎င်း၏ဘယ်ဖက်ခြေဖ၀ါးအားဖြတ်၍ ညာဖက်ခြေထောက်တွင် ( ခေတ္တယာယီအားဖြင့် )
ထပ်မံတွဲချူပ်ကာ တပ်ဆင်ပေးခဲ့ ကြပါတယ်...


The patient, named as Mr Ma, has had his left foot attached to his right leg in a bid to save the limb following an accident at work
မစ္စတာမားလို့ အမည်ရှိတဲ့ လူနာမှာတော့ ဘယ်ဖက်ခြေထောက်ကို ကယ်တင်ဖို့ လောလောဆယ်
ညာဖက်ခြေထောက်မှာ ခြေဖ၀ါးနှစ်ခု တပ်ဆင်ထားခြင်းခံရမှာဖြစ်ပါတယ်...
The patient, named as Mr Ma, has had his left foot attached to his right leg in a bid to save the limb following an accident at work
လွန်ခဲ့ သည့် နှစ်ပါတ်ခန့် က ဖြစ်ခဲ့သည့် လုပ်ငန်းခွင်မတော်တစ်ဆဖြစ်မှုတစ်ခုမှာ ၎င်း၏ဘယ်ဖက်ခြေ
ထောက် ပြင်းထန်စွာထိခိုက်ဒါဏ်ရာရရှိခဲ့သည့် ၏မစ္စတာမား အမည်ရှိလူနာဟာ တရုတ်နိုင်ငံ၊ အလယ်ပိုင်း
ကျန်ကျိုးမြို့ မှာ ယခုကဲ့ သို့ ခွဲစိတ်ဖြတ်တောက်၊ ချူပ်ဆက် ကုသမှုခံယူခဲ့ ရတာဖြစ်ပါတယ်...
ရောဂါပိုးဝင်ရောက်နေခဲ့ သည့် ၎င်း၏ဘယ်ဖက်ခြေထောက်ကို မဖြစ်မနေဖြတ်ပစ်ရပြီး ၇ လက်မလောက်
ခြေတစ်ဖက်တိုသွားရမယ့် အခြေအနေဖြစ်လာတာကြောင့် ဆရာဝန်များအနေနှင့် ယခုကဲ့ သို့ အခြေခံကျကျ
စဉ်းစားဆုံးဖြတ်ခဲ့ ကြရတာဖြစ်ပါတယ်...

Doctors are using the right leg's vein and arteries to keep it healthy and hope to reattach the foot to the left leg in a month's time
 ညာဖက်ခြေထောက်က သွေးကြောတွေကိုသုံးပြီး ဘယ်ဖက်ခြေဖ၀ါးကို ဆက်လက်ရှင်သန်နေအောင်
ထိန်းသိမ်းထားပြီး တစ်လအကြာမှာတော့ ဘယ်ဖက်ခြေထောက်မှာ ပြန်လည်တပ်ဆင်ပေး
သွားမှာဖြစ်ပါတယ်...
Doctors are using the right leg's vein and arteries to keep it healthy and hope to reattach the foot to the left leg in a month's time

ဆရာဝန်များက ၎င်း၏ဘယ်ဖက်ခြေဖ၀ါး ( ခြေကျင်းဝတ်အောက်ပိုင်း ) ကိုညာဖက်ခြေထောက်တွင်ပြန်
လည်ချူပ်လုပ်တပ်ဆင်ကာသွေကြောများ လှည့် ပါတ်စီးဆင်းခြင်းဖြင့် ထိုခြေဖ၀ါးဆက်လက်ရှင်သန်နေစေ
ကာ အချိန်ကာတစ်ခုအထိ လူနာအားခြေဖ၀ါးနှစ်ခုဖြင့်ရှိနေစေမှာဖြစ်ပါတယ်...
နောက်တစ်လလောက်အကြာမှာတော့  လူနာရဲ့ ခြေဖ၀ါးကိုဘယ်ဖက်ခြေထောက်မှာ ပြန်လည်ခွဲစိတ်ဖြတ်
တောက်ပြီး ပြန်တပ်ပေးမှာဖြစ်ပါတယ်...

တော်တော်လည်းစိတ်ကူးကောင်းတဲ့ တရုတ်ဆ၇ာဝန်များပါပေပဲ....
ခွဲစိတ်ဖြတ်တောက်၊တပ်ဆင်ကုသမှုအောင်မြင်မှုရှိမရှိကတော့ စောင့် ကြည့် ရမှာပါပဲ....

ရင်သား​ခွဲစိတ်ရာမှ အ​ဖော်အချွတ် ရုပ်ရှင်​မင်း​သမီး​​​သေဆုံး


alt

ရင်သား​​​ခွဲစိတ်ရာမှ သေဆုံး​​သွားသည့်​​အ​ဖော်အချွတ် ရုပ်ရှင်မင်း​သမီး​ © dailymail

လိင်အသား​ပေး​ ရုပ်ရှင်ဇာတ်ကား​များ​တွင် ပါဝင်​သရုပ်​ဆောင်​​နေသူ မင်း​သမီး​​တစ်ဦး​သည် သူမ၏ ရင်သား​ကို ဆဋ္ဌမ​အကြိမ်​မြောက် ခွဲစိတ်​ကုသရာမှ ကွယ်လွန်​သွာ​ကြောင်း​ သိရသည်။

ဂျာမန်​အ​ဖော်အချွတ် ရုပ်ရှင်စတား​ ကာရိုလင်း​ ဘာဂါသည် ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က သူမ၏ ရင်သား​​ကို 34F မှ 34G သို့​ အရွယ်အစား​ တိုး​မြှင့်​ရန် ခွဲစိတ်ခံရင်း​ ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ Sexy Cora ဟု လူသိများ​ပြီး​ သူမ၏ ခန္ဓာကိုယ်မှ ​ဆေး​မင်​ ကြောင်များ​ကြောင့်​ ပိုမိုထင်ရှား​သည့်​ ဘာဂါသည် ဇန်နဝါရီလ ၁၁ ရက်​နေ့​က ဟမ်း​ဘက်​ဆေး​ရုံတွင် ခွဲစိတ်မှု ခံယူပြီး​ နောက် အသိမဲ့​ကာ ကိုမာဝင်ပြီး​ ​မေ့​မြော​နေခြင်း​ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်​နေ့​တွင်မူ ​ဆေး​ရုံက သူမသည် ဦး​ နှောက်တွင် ထိခိုက်မိ​သော ဒဏ်​ကြောင့်​ ကွယ်လွန်​ကြောင်း​ ​ကြေညာခဲ့​သည်။ သူမ၏ခင်ပွန်း​ တင်က သူမ၏ ​သွေး​ ဖိအား​သည် မှန်မှန်ကြီး​ ထိုး​ကျသွား​ပြီး​ အသိမဲ့​နေခဲ့​ကြောင်း​၊​ သူမသည် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပင် ကွယ်လွန်သွား​ကြောင်း​ ​ပြောဆိုခဲ့​သည်။

ဂျာမန်ရဲတပ်ဖွဲ့​ကမူ အသက် ၂၃ နှစ်ရှိ ဘာဂါကွယ်လွန်မှု​ကြောင့်​ သူမအား​ ခွဲစိတ်မှု ပြုလုပ်​ပေး​ခဲ့​သည့်​ ဆရာဝန်များ​အား​ စုံစမ်း​စစ်​ဆေး​လျက်ရှိ​ကြောင်း​ သတင်း​ရရှိသည်။



ကညာမြှေးနဲ့ အပျိုစင်

ကညာမြှေး၊ အပျိုစစ်ခြင်း မစစ်ခြင်းနဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်းတို့ ဆက်စပ်မှု

တစ်ကိုယ်ရေ အာသာဖြေခြင်းမှာ မိန်းကလေးများ တစ်ကိုယ်ရေ အာသာဖြေရင် အပျိုရည် ပျက်သလားလို့ တစ်ယောက်က မေးလာပါတယ်။ အဲဒါကို ကျွန်တော်က ပြန်ပြီး အကျယ်တ၀င့် ရှင်းလင်းပေးထားပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းဆိုတဲ့ ပို့(စ်)ရဲ့ မှတ်ချက်များမှာ ၀င်ရောက် ဖတ်ရှုနိုင်ကြကြောင်း အသိပေးလိုက်ပါရစေလား ခင်ဗျား။

အထက်မှာ ပြထားတဲ့ ပုံများအရ ကညာမြှေးများက အမျိုးစုံရှိနိုင်ပါတယ်။ ပထမဆုံးပုံက လူအကောင်လိုက်ဆီမှာ ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ဖူးတဲ့ “ကွင်းပုံသဏ္ဍာန်”ကညာမြှေး ဖြစ်ပါတယ်။ အလယ်က အပေါက်လေးကတော့ အရွယ်အစား တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ပုံမှာပြထားသလောက် ကြီးတတ်သလို အဲဒီ့တစ်ဝက်လောက် ငယ်တာလည်း မြင်ဖူးပါတယ်။

ဒုတိယပုံကတော့ နှစ်ခြမ်းဖြစ်နေတဲ့ ကညာမြှေးပါ။ တတိယပုံက မြန်မာလိုဆိုရင် ဆန်ကာပေါက်ကညာမြှေးလို့ ခေါ်ရမလား မသိဘူး။ နောက်ဆုံးပုံကတော့ ကလေးသားမြေးရပြီးသားမို့ ကညာမြှေး လုံးဝမရှိတော့တာဖြစ်ပါတယ်။

အမျိုးသမီးများအနေနဲ့ မိမိတို့ရဲ့ ကညာမြှေးကို ဘယ်လိုမှ မမြင်နိုင်ပါဘူး။ အမျိုးသားတွေအနေနဲ့ကလည်း သေချာ အနီးကပ်ကြည့်မှ မြင်ရတတ်တာမို့ မိမိနဲ့ ပတ်သက်နေသူကို ကျကျနန မစည်းရုံးတတ်ရင် မြင်ခွင့်ရဖို့ အင်မတန်မှ ခဲယဉ်းလှပါတယ်။ ကျန်တာတွေကတော့ ရမ်းသမ်း ပြောနေကြတာသာဖြစ်တာမို့ တိတိပပ သိရအောင် ပုံနဲ့ တကွ ဖော်ပြပေးလိုက်တာပါ။

ထပ်ပြောပါရစေ။ အပျိုစစ်မစစ်ကို သိပ်စိတ်ဝင်စားတတ်၊ အာရုံထားတတ်ကြသူများ တစ်ကိုယ်ရေ အာသာဖြေခြင်းမှာ ကျွန်တော် ဖြေကြားထားတဲ့ မှတ်ချက်ကို ဖတ်ဖြစ်အောင် ဖတ်တော်မူကြစေလိုပါတယ်ခင်ဗျား။



ထူးထူးဆန်းဆန်းမင်္ဂလာဆောင်သူများ

10 Most Bizarre Weddings




The couple who decided to get married naked in front of 250 guests

Ellie Barton and Phil Hendicott decided to spend their wedding in their birthday suits. The pair of exhibitionist Aussies exchanged vows in front of 250 guests wearing nothing more than their wedding rings - and a bouquet of strategically-placed roses. Mrs Ellie Hendicott wore a white, painted on "dress". The only thing she really wore besides the bouquet was a long white wedding veil. Phil Hendicott wore nothing but a black top hat to cover his manhood. The wedding ceremony was conducted in the morning, live on FM radio to hundreds of thousands of Australians.


The couple who got married on a Bung-jump platform – and obviously jumped after saying yes

Jeroen and Sandra Kippers of Brussels, Belgium, were lifted on a platform by crane up 160 feet in the air for their wedding ceremony. They were joined by the officiant and about 20 guests. Another platform held the musicians. After the vows, they made it official by bungee-jumping over the side! The company behind the nutty nuptials – Marriage In The Sky – have been inundated with requests from couples desperate to fling themselves off the end of the aisle.
But the ultimate thrill-seekers' wedding doesn't have to end there – once the wedding party have all been lowered back to earth, guests can head skywards again – for a floating reception. Wedding guests are wowed with a three-course wedding breakfast – all while strapped in to the dining chairs. The cost for such a spectacular ceremony? Around £25,000.


The Chinese bride who wore a 200m-long dress to set a World record

The bride from Guangzhou, China, set the world's longest bridal train record at 219 yards. The Chinese bride accented her gown with a train that was over 600 ft long and weighed over 220 lbs. Xie Qiyun had this photos taken in front of a hotel in Guangzhou, the capital of Guangdong Province on her special day. According to Guinness, the longest wedding dress train measured 1362 m [4468 ft 5.94 in] and was created by Andreas Evstratiou in Paphos, Cyprus, in February 2007.


The couple who got married at T.J. Maxx

Who doesn't get excited about the prospect of bagging a bargain? Bride Lisa Satayut decided to combine that feeling with her excitement over bagging her beau. Explaining that T.J. Maxx is her “happy place,” Satayut married Drew Ellis in the size 8 shoe aisle of a T.J. Maxx store in Mt. Pleasant, Mich. The bride — a self-proclaimed “'Maxxinista” — wore a strapless white chiffon gown, with long black gloves and bright green gladiator-style sandals. A widened aisle, vine-covered arch and white chairs with red bows highlighted the traditional ceremony that included string music, display-dodging cameramen — and curious shoppers who stopped bargain hunting long enough to watch.

The groom who decorated his wedding with 99,999 roses to surprise his bride

Groom Xiao Wang spent a year's salary on buying 99,999 red roses for his bride, Xiao Liu, for their wedding conducted in Chongqing, central China, where the number 999 is considered to be a good luck omen. The couple, both 24 years old, needed 30 cars to take the flowers to the service. They advertised on the internet for car owners and for helpers to stick the flowers on the vehicles. The flowers themselves were flown in from the other side of the country. 'I remembered that Liu loved these special roses and the idea just grew and grew. It was worth it all just to see the look on her face when she saw the cars,' said groom Wang. Liu who met Wang while they were at University together added, 'I mentioned a year ago I would like a romantic wedding; I can't believe he remembered, but it was amazing.' The groom also donated 20% of the cost of the roses to charity to get even more good luck.



The woman who married her dead fiancĂŠ in the morgue

A heartbroken mother decided to "marry" her murdered fiancĂŠ in a hospital morgue. Irish father-of-two Kevin Lavelle, 29, was viciously battered with an iron bar in a gruesome gang attack while working away from home to raise money for his wedding to fiancĂŠe Michelle Thomas. The caring dad was attacked by nine louts and beaten to death as he returned to his lodgings in Banbury, Oxfordshire. But even death could not keep him and Michelle apart.
Despite her unbearable pain, Michelle organised a "wedding" in the morgue of Oxford's John Radcliffe Hospital, where Kevin lay dead. The touching ceremony - witnessed by close family and friends - was conducted by the hospital's Catholic priest who administered the last rites to Kevin. In front of an open coffin, the priest blessed the wedding rings that Michelle had bought specially for the service. Their two children, James, now five, and Megan, now four, went to their daddy's funeral wearing the clothes they would have worn to their parents' wedding. The priest asked Michelle if she would have taken Kevin to be her "lawful wedded husband" and she replied "I do". Kevin's dad Paddy placed a ring on Michelle's finger and a ring was placed on Kevin's finger as he lay in the coffin.


The couple who got married inside a shark tank

April Pignataro and Michael Curry of New York City got married in June 2010. The bride wore a white wetsuit and the groom wore a traditional black wetsuit as they climbed inside a 120,000 gallon shark tank to take their vows at Atlantis Marine World in Riverhead, N.Y. Both are experienced divers and were protected by a cage as sand sharks, nurse sharks, eels and a giant grouper circled around. They wore scuba gear and mikes that broadcasted their words to each other, as well as to friends and family. They said their “I dos” over a radio transmitter with an officiant who did not get in the tank.

The couple who tied the knot at NASCAR's Daytona 500

You don't have to be Dale Earnhardt Jr. to find love in the fast lane. Last Valentine's Day, 31 NASCAR-loving couples said “I do” at the Daytona International Speedway; thousands of fans, friends, and family looked on from the stands. The pair, Bryan Willey and Stacee Kennedy, even exchanged rings NASCAR-style: with tattoos. The track also offers nongroup wedding packages that include two race passes, a bottle of champagne, a notary public, and the option to hold your reception in a room overlooking the famous track.
(Link 1 | Link 2)


The bride who had 110 bridesmaids and set a World Record

Did you know that there's a Guinness World Record for the most bridesmaids in a wedding? One bride from Proctorville, Ohio, broke the record with more than 100 bridesmaids at her June 11, 2010 wedding. Jill Stapleton, who owns Jill's Tumble World, a dance school, asked her students -- all 110 of them -- to be her bridesmaids and walk down the aisle at her wedding. The bride asked each girl to choose her own dress for the wedding in either purple or teal, the school's colors. In lieu of bridesmaid bouquets, each bridesmaid carried a single rose. The previous record for the most bridesmaids in a wedding was 90.


The Russian couple who decided to get married while bicycling

A couple of bicycle lovers decided to tie the knot in a very unusual but healthy way: by riding bicycles all over the city, accompanied of course by their cyclist guests.


--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.info/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


We Trying to say about Myanmar (Burma) to world
http://mathetzinnet.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/
























































































































































-
                                                                                                                                                                                                                                                   


--
အလင်းစေတမန် မှ ဖြစ်ပါသည်။
 
သင်ယခု စာကိုသင်ရရှိနေခြင်းမှာ သင်သည် အလင်းစေတမန် ၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ သို့မဟုတ်ပါက တဆင့်ပေးပို့သူထံမှ ရရှိခြင်းဖြစ်နိုင်ပါသည်။
 
အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အလင်းစေတမန်သို့ စာများ ပို့လိုပါက a_lin_sa...@googlegroups.com သို့ ပေးပို့ နိုင်ပါသည်။ အဖွဲ့ ၀င် အားလုံးဆီသို့ ရောက်ရှိပါမည်။
 
ပေးပို့သော post များကို အလင်းစေတမန်မှ Admin များက ဖတ်ရှုပြီး သင့်တော်ပါက post ခွင့်ပြုပေးလျက်ရှိပါသည်။
 
သင် အလင်းစေတမန် အဖွဲ့ မှ စာများကို ရရှိရန် ဆန္ဒမရှိပါက a_lin_say_ta_m...@googlegroups.com
သို့ mail ပို့နိုင်ပါသည်။ သင့်အား အဖွဲ့မှ စွန့်ခွာခွင့်ပေးပါမည်။
 
အခြား အကြောင်းအရာများကို သိချင်ပါက အဖွဲ့၏ Home Page မှကြိုဆိုပါတယ် ။
အောက်ပါ လိပ်စာသို့ ကလစ်နှိပ်၍ ၀င်ရောက်လေ့လာနိုင်ပါသည်။
http://groups.google.com/group/a_lin_say_ta_mum?hl=en?hl=en
 
ကျေးဇူးတင်ပါတယ်ဗျ။
Admin
အလင်းစေတမန်

Reply all
Reply to author
Forward
0 new messages