မြစိမ်းတော်တရားစခန်းဝင်ယောဂီဟောင်းများခင်ဗျား
ယခုနှစ် ၉-ရက်တရားစခန်း (Kota Tinggi) နှင့် နေ့ တရားစခန်းများ (Informatics Campus)တွင် မြစိမ်းတောင် ဆရာတော် ဘုရား ဟောကြားခဲ့သော တရားတော်များကို စုစည်းထားသော MP3 CD ခွေ အဆင်သင့်ဖြစ်ပါ ပြီ။ CD ဖြင့် တရားနာကြားလိုသူများ ထို CD များကို ၂၇-၀၃-၂၀၁၁ (တနင်္ဂနွေ) မှစပြီး Peninsula Plaza ရှိ စိန်ပန်းပြာစတိုး (#04-25) တွင် အခမဲ့ သွားရောက်ယူနိုင်ကြပါတယ်။ (စိန်ပန်းပြာစတိုးကို ယခု လွယ်ဟိန်းဆိုင် အနောက်ဘက် အခြမ်းသို့  ရွှေ့ ပြောင်းထားပါတယ်)
ဒါ့အပြင် အောက်တွင် ဖော်ပြထားသော စာအုပ်များထဲမှ "နှစ်သက်ရာစာအုပ်တအုပ်" ကိုလည်း ၂၃-၀၄-၂၀၁၁ (တနင်္ဂနွေ) မှစပြီး စိန်ပန်းပြာစတိုး ဆိုင်တွင် အခမဲ့ သွားရောက်ယူ ဆောာင်နိုင်ပါ တယ်။ (စာအုပ်မှာ အားလုံအတွက် အလုံအလောက် မရှိသဖြင့် ဦးရာလူစနစ်ဖြင့် လှူဒါန်းမှာ ဖြစ်ပါတယ်)
(၁) စိတ်ကိုဆုံးမ ချမ်းသာရ
(၂) သောတပန်ဆိုတာ ဒီလိုပါ
(၃) ဝေဒနာရှုနည်း (၂၀၁၀ ကိုတာတင်ဂီ ၉ရက်တရားစခန်း ဟောကြားသော ဝေဒနာရှုနည်း တရားတော်များကို စုစည်းထားပြီး စာအုပ်အဖြင့် ထုတ်ဝေခြင်း)
(၄) အနေတတ်အသေမြတ်တရားတော်
CD ခွေနမူနာ ပုံစံ ကို ဒီ Link http://myaseintaung.net/images/2011RetreatCD_AW.jpg မှာ ကြည့်ရှုနိုင်ပါတယ်။
ပထမဆုံး အခွေတစ်ထောင် စတင်လှူဒါန်းတဲ့ အလှူရှင်ဖြစ်ပါတယ်။ ယောဂီဟောင်းများထဲမှ ကုသိုလ်ယူ ဓမ္မဒါန ပြုလုပ်လိုပါက အခွေ ၁၀၀၀ လျှင် S$၃၇၀၊ အခွေ ၅၀၀ လျှင်၂၀၀ နှုန်းဖြင့်စိတ်တိုင်းကျ လှူဒါန်းနိုင်ပြီး၊ အခွေပေါ်တွင် လှူဒါန်းသူရဲ့  မိသားစု အမည်ကို ရေးထိုးပေးပါမယ်။ website မှာ တရားခွေအလှူရှင်များကို သီးသန့်  ထပ်မံဖော်ပြပေးပါမယ်။ လှူဒါန်းလိုပါက မကျော့ကျော့ခိုင် (၉၈၄၄၆၁၂၀) သို့ မဟုတ် ဇော်မိုးစံ (၉၁၇၁၄၃၀) သို့ ဆက်သွယ်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။