Fwd: Thanks to all 2011 9 Days Retreat Yogis
4 views
Skip to first unread message
chaw chaw
unread,
Feb 25, 2011, 8:44:28 PM2/25/11
to chaw...@googlegroups.com, ppoe86, Thet Thet Khaing, Ei Mon
---------- Forwarded message ----------
From: Zaw Moe San <zawm...@yahoo.com.sg>
Date: 2011/2/25
Subject: Thanks to all 2011 9 Days Retreat Yogis
To: shan...@gmail.com, khinmaun...@gmail.com, kyawm...@gmail.com, naingli...@gmail.com, zar....@yahoo.com, tz_...@hotmail.com, zawn...@singnet.com.sg, umyi...@yahoo.com.sg, htun.k...@googlemail.com, soe.a...@gmail.com, hniny...@yahoo.com, ayemy...@gmail.com, winm...@hotmail.com, khin...@gmail.com, maoo...@gmail.com, chaws...@gmail.com, hninhte...@yahoo.com.sg, aye...@gmail.com, kyim...@gmail.com, yinmint...@gmail.com, zinma...@gmail.com, thinnth...@gmail.com, kya...@gmail.com, an...@tanakatrading.com, y.win...@gmail.com, maykh...@gmail.com, chawc...@gmail.com, khin...@gmail.com, yinmy...@gmail.com, ayeaye...@yahoo.com.sg, myint....@gmail.com, khiny...@gmail.com, mim...@gmail.com, wint...@gmail.com, phy...@yahoo.com, k.thi...@gmail.com, maythet...@gmail.com, thinth...@gmail.com, swes...@yahoo.com.sg, ayemyint...@gmail.com, kaun...@gmail.com, thety...@gmail.com, htwen...@gmail.com, kny...@gmail.com, nnw...@gmail.com, sanda...@gmail.com, pty...@gmail.com, sandy...@gmail.com, za...@yahoo.com, m.aun...@gmail.com, moe.h...@gmail.com, winwin...@gmail.com, sumay...@gmail.com, myas...@gmail.com, ayeayeky...@gmail.com, papaw...@gmail.com, waima...@gmail.com, eep...@gmail.com, zin...@gmail.com, khinkh...@gmail.com, htarh...@gmail.com, mr.ky...@gmail.com
2011မြစိမ်းတောင်တရားစခန်းဝင် ယောဂီများခင်ဗျား
ပြီးခဲ့တဲ့ (၉)ရက် တရားစခန်း ၀င်ခဲ့ကြတဲ့ ယောဂီဟောင်းများအားလုံးကို ကြိုးကြိုးစားစား အားထုတ်ခဲ့ ကြလို့  အထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ ယောဂီများလဲ တရားတိုးတတ်မှုရှိ ကြောင်း သိရပါတယ်။ ဝေယျာဝိစ္စ အဖွဲ့ တွေလည်း အပင်အပန်း ခံရကြိုးနပ်သလို ဆရာတော်ကြီးလည်း မြန်မာပြည်မှာ တရားစခန်း တွေ၊ တရားပွဲတွေ ဆက်တိုက်ရှိနေတဲ့ ကြားက အချိန်ပေးပြီး ကြွရောက်ပြီး တရားပြရကြိုးလဲနပ် သွားပါတယ်။  
အလှူငွေများနှင့်ပတ်သတ်ပြီး တရားပွဲသုံးပွဲနှင့် တရားစခန်းမှ န၀ကမ္မအလှူငွေ စုစုပေါင်း၊ တရားစခန်းအတွက် အထွေထွေအလှူငွေစုစုပေါင်း စင်္ကာပူဒေါ်လာအားဖြင့် (ငွေများအားလုံးကို စင်္ကာပူ ဒေါ်လာဖြင့်convert လုပ်ပြီး) ၃၀၉၁၈.၅   ရရှိပါတယ်။ တရားစခန်းဖြစ်မြောက်ရေးအဖွဲ့ မှ ထပ်ဆောင်းလှူဒါန်းငွေ စင်္ကာပူဒေါ်လာ ၃၈၀၀ အပါအ၀င် စုစုပေါင်း S$၃၄၇၁၈.၅ ရရှိပါတယ်။ ၉ရက်တရားစခန်း နှင့် စင်္ကာပူရှိ နေ့ တရားစခန်း နှင့် တရားပွဲသုံးပွဲ အပါအ၀င် ကုန်ကျစရိတ်စုစုပေါင်းမှာ စင်္ကာပူဒေါ်လာ ၁၄၀၃၃  ဖြစ်ပါတယ်။ ထို့ ကြောင့် ကျန်ရှိငွေ (S$၂၀၆၈၅.၅ x၇၁၂ကျပ်နှုန်းဖြင့်) စုစုပေါင်း ၁၄၇ သိန်း ၂၈၀၇၆ ကျပ် ကို ယမန်နေ့ က(၂၃-၀၂-၂၀၁၁) ပေးပို့  လှူဒါန်းပါတယ်။  ထိုငွေများထဲမှ ယောဂီများနှင့် တရားပွဲများတွင် လှူဒါန်းထားသည့်အတိုင်း ဆရာတော်ကြီးအတွက် န၀ကမ ၈၄သိန်း၊ လက်ထောက်ဆရာတော် နှစ်ပါးအတွက်၁၀ သိန်းစီနှင့် မြစိမ်းတောင် ရိပ်သာတွင် အထွေထွေ အသုံးပြုရန် ကျပ်၄၃ သိန်း ၂၈၀၇၆ ကျပ်ကို လှူဒါန်းပါတယ်။ ထိုအလှူအား အလှူရှင် ယောဂီအပေါင်း သာဓုခေါ်ဆိုနိုင်ကြပါတယ်။
ထိုအလှူငွေများဖြင့် မနှစ်ကလည်း သင်္ကြန်တွင်းတရားစခန်းဝင်ကြသည့် ယောဂီပေါင်း ၁၅၀၀ ကျော်ခန့်  အတွက် နေရေးထိုင်ရေး၊ စားစရိတ်များအတွက် အများကြီး အထောက်အပံ့ ပေးနိုင်ခဲ့ကြောင်း ကြားသိရပါ တယ်။ ထို့ ကြောင့် ယခုတရားစခန်းအတွက် လှူဒါန်းသူများဟာ မြန်မာပြည်ရှိ ယောဂီ ၁၅၀၀ ကျော် အတွက်ပါ လှူဒါန်းထောက်ပံ့ရာရောက်ပါတယ်။ ချမ်းမြေ့ဆရာတော် ဦးရေ၀တ အတွက်လည်း ယောဂီများထံမှလှူဒါန်းငွေ စင်္ကာပူဒေါ်လာ ၅၅၀ နှင့် မလေးရှားရင်းဂစ် ၁၃၀ လက်ခံရရှိကာ ဒီကနေ့ (၂၄-၀၂-၂၀၁၁) ပေးပို့  လှူဒါန်းပြီး ပြီဖြစ်ပါတယ်။
တရားစခန်းမှာ ဟောကြားခဲ့တဲ့ တရားတော်များကို website တွင် တင်ထားပြီးဖြစ်တဲ့အတွက်
 http://www.myaseintaung.net/video/audio.html  မှာ download လုပ်ပြီးနာကြားနိုင်ပါတယ်။
MP3 format ဖြင့် တရားတော်များအား တစုတစည်းတည်း CD အဖြစ် လိုချင်သူများအတွက် အဆင် 
သင့်် ဖြစ်တဲ့အခါ Peninsula မှာ သွားရောက်ယူနိုင်ဖို့  website မှာ အကြောင်းကြား ပေးထားပါမယ်။ (မတ်လထဲမှာ အဆင်သင့် ဖြစ်ပါလိမ့်မယ်။)
ထိုကဲ့သို့ စတင်ကောက်ခံပြီး တလခန့် အကြာ အားလုံး သာဓုခေါ်ဆိုနိုင်ရန်နှင့် မြင်သာမှုရှိရန်အတွက် blogspot တခု မကျော့ကျော့ခိုင် အကူအညီဖြင့်ဖန်တီးခဲ့ပြီး နောက်ပိုင်းမှာDomain ၀ယ်ယူပြီး www.myaseintaung.net အမည်ဖြင့် ရပ်တည်ခဲ့ရာ ယခု မတ်လဆိုလျှင် လစဉ်ဆွမ်းစရိတ် များကောက်ခံ ပြီးပေးပို့ လှူဒါန်းခဲ့သည်မှာ တနှစ်ပင် ပြည့်တော့ပါမယ်။ သဒ္ဓါတရားထက်သန်စွာ လစဉ်လှူဒါန်းနေသော အလှူရှင်များကို ဒီနေရာမှာ http://www.myaseintaung.net/Swan/monthly.html  ကြည့်ရှုပြီး သာဓုခေါ်ဆိုနိုင်ပါတယ်။ ယခုနှစ်ယောဂ်ီများအားလုံးလဲ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါတယ်။   blogspot ဖန်တီးပြီးနောက် အလှူခံရရှိမှုက အင်မတန်မှ အားရစရာကောင်းလောက်အောင် ပါဝင်လှူဒါန်း လာကြပါတယ်။ ဒီနေရာမှာ ၀ိပဿနာတရား အားထုတ်ကြတဲ့ သူတော်ကောင်းများရဲ့ သဒ္ဓါဟာ လူသာမန်များထက် အများကြီးသာတာကို သတိထားမိပါတယ်။ ကိုယ်တိုင် အားထုတ် ကြလို့ တရားတန်ဖိုးကို ပိုသိကြသလို၊ တရားအားထုတ်သူတွေကို ကျွေးချင်မွေးချင်၊ ဆောင့်ရှောက်ချင်တဲ့စိတ်က သာမန်လူတွေထက် အဆများစွာ ပိုပါတယ်။ ကုသိုလ်အကျိုး ကြီးမှန်းကိုလည်း ပိုသိကြပါတယ်။ အဲဒီယုံကြည်မှုအသိရယ်၊ တိုက်ဆိုင်လာတဲ့ အခြေအနေ အကြောင်းကြောင့် နောက်ဆုံးမှာ စိတ်တောင်မကူးရဲ ခဲ့တဲ့ သိန်းတစ်ထောင်ကျော် ကုန်ကျမည့် ယောဂီဆောင် ဆောက်လုပ် လှူဒါန်းဖို့ အထိဖြစ်ခဲ့ပါတယ်။ ယောဂီဟောင်းများလဲ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းလှူဒါန်းကြပါတယ်။ ယောဂီများရဲ့  လှူဒါန်းလိုစိတ် အဓိက ဖြစ်လာရတဲ့ အဓိကအကြောင်းတချက်မှာ ဆရာတော်ဘုရားကြီးရဲ့  ယောဂီများအပေါ် တရားရစေလိုစိတ် အမတန်ပြင်းပြတဲ့  စေတနာ၊ ဂရုဏာတွေကို ယောဂီတွေ ကိုယ်တိုင် ခံစားမိတဲ့ အတွက်ကြောင့် ဆရာတော်ဘုရား သာသနာပြုလုပ်ငန်း ဆောင်ရွက်ရာမှာ လွယ်ကူအဆင် ပြေစေလိုတဲ့ အချက်ကလည်း အဓိကကျပါတယ်။ ယခုဆောက်လုပ်နေဆဲဖြစ်သည့် အမျိုးသမီးယောဂီဆောင် ဆောက်လုပ်မှုအတွက်လည်း လိုအပ်သေးသည့်နေရာများတွင် ပါဝင်လှူဒါန်းနိုင်ကြပါတယ်။
ဆွမ်းလစဉ်လှူဒါန်းမှု (သို့ ) ယောဂီဆောင်ဆောက်လုပ်ရာတွင် ကုသိုလ်ပါဝင်လိုသူများ မကျော့ကျော့ခိုင် (+၉၈၄၄၆်၁၂၀) (သို့ ) ဇော်မိုးစံ(+၉၁၇၁၄၃၅၀) သို့ SMS ပို့ ပြီးဖြစ်စေ၊ တိုက်ရိုက်ခေါ်ဆိုပြီးဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
မနှစ်ကတရားစခန်းမှ တရားCD ခွေကို ကျနော်တို့ အဖွဲ့ မှ အခွေပေါင်း ၂၀၀၀ ကျော်လှူဒါန်းပြီးဖြစ်ပါသည်။ (၂၀၁၀ တရားစခန်းမှ တရားတော်များထဲမှ “ဝေဒနာရှုမှတ်နည်း”တရားတော်ကို ယခုအခါ “ဝေဒနာရှုမှတ်နည်း”  အမည်ဖြင့် စာအုပ်ထွက်ရှိလာပြီး website ရှိ eBook တွင် ဖတ်ရှု့ နိုင်ပါသည်။) ယခုနှစ်အခွေအတွက်လည်း တရားခွေ ဖြန့် ချီရန်အတွက် ယောဂီများထဲမှ ကြိုတင်လှူဒါန်းထားသူ အချို့  ရှိပါသည်။၂၀၁၀တရားစခန်းမှ တရားခွေ (သို့ )  ၂၀၁၁ တရားခွေများအား ယောဂီဟောင်းများထဲမှ ကုသိုလ်ယူ ဓမ္မဒါန ပြုလုပ်လိုပါက အခွေ ၁၀၀၀ လျှင် S$၃၇၀၊  အခွေ ၅၀၀ လျှင်၂၀၀ နှုန်းဖြင့်လှူဒါန်းနိုင်ပြီး၊ အခွေပေါ်တွင် လှူဒါန်းသူရဲ့  မိသားစု အမည်ကို ရေးထိုးပေးပါမယ်။ (ပြီးခဲ့သော တရားစခန်းတွင် လှူဒါန်းခဲ့သော MP3 CD ပုံစံမျိုးဖြစ်ပါတယ်။) အဆိုပါတရားခွေများကို မိမိကိုယ်တိုင် လှူဒါန်းလိုပါကလည်း စိတ်တိုင်းကျ လှူဒါန်းနိုင်ကြပါတယ်။ သို့ မဟုတ် ပါက ကျနော်များအဖွဲ့  မှ ထိုအခွေများကို စင်္ကာပူ နှင့် မြန်မာပြည်တွင် အဆင်ပြေသလို လှူဒါန်းပေးသွားပါမယ်။ အလှူတကာ့ အလှူထဲတွင် အမြတ်ဆုံးဖြစ်သော တရားအလှူအဖြင့် ဓမ္မဒါန ပြုလိုသူများ အတွက် အခွင့်ကောင်း ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
တရားစခန်းနဲ့ ပတ်သတ်ပြီး အကြံပြုလိုသူများ၊ website နဲ့ ပတ်သတ်ပြီး အကြံပြုလိုသူများ၊ အခြားအကြံပြုသူများ အောက်ပါလင့်မှာ အလွယ်တကူ အကြံပြုနိုင်ပါတယ်။
http://www.myaseintaung.net/suggestion.html  
 တရားစခန်းမှ ဓါတ်ပုံများကို
 http://www.myaseintaung.net/Photos/2011_Retreat/index.htm  မှာကြည့်ရှုပြီး download လုပ်နိုင်ပါတယ်။
၂၀၁၁ တရားစခန်းမှ တရားတော်များနာကြားရန်
 http://www.myaseintaung.net/video/audio.html
ကျေးဇူးတင်ပါတယ်
ဇော်မိုးစံ
2011_9-9Days_Yogis.pdf
Reply all
Reply to author
Forward
0 new messages