Fwd: ကြူတိုင်းလဲ ၀မ်းမသာနဲ့အုံး (ယောက်ျားလေးများသတိထား)

16 views
Skip to first unread message

Echo Echo

unread,
Oct 4, 2010, 11:50:03 AM10/4/10
to cepct...@googlegroups.com, 5e002, chri...@gmail.com, ehpoest...@gmail.com, mary...@gmail.com, winwin...@gmail.com, zarc...@gmail.com, Ko Arkar Soe, Ko Aunku, Ko Isaac, Ko Thet Aung, Ko Thura, Ma Aye Mon, Ma Le`, Ma Soe Sanda Win, May May, minthuhein07, monyiwin, mr.aungmoethant007, Nyi Ma Lay, funnyegress5batch, Khine Myat Noe Tun, Ko Hein Htet, Thet Oo Wai, Thura Aung, Ma San San Yi, Phyo Min Oo, Phyo Wai, Su Myat Thiri Zaw, Ma Thiri (wave), Aung Myint Myat, Htet Yar Zar, Win Htet Naing, Zin Wint War Hnin, Min Nyi, Theint Hay Thi, Phyu Hnin Wai


---------- Forwarded message ----------
From: Isaac <isaa...@gmail.com>
Date: 2010/10/1
Subject: Fwd: ကြူတိုင်းလဲ ၀မ်းမသာနဲ့အုံး (ယောက်ျားလေးများသတိထား)
To: "jacob.khumi" <jacob...@gmail.com>, gsoelin <gso...@gmail.com>, "nyeing.maung" <nyeing...@gmail.com>, "စုသွယ်.." <suthwe...@gmail.com>, wainewaine08 <wainew...@gmail.com>, waiphyo1982 <waiph...@gmail.com>, wineibal <wine...@gmail.com>, win win maw <winwin...@gmail.com>, hninhanpyaeaung <hninhan...@gmail.com>, htinwai0608 <htinw...@gmail.com>, "htike.lin1975" <htike....@gmail.com>, heinypoo <hein...@gmail.com>, hsutint <hsu...@gmail.com>, "sky.shining.sun" <sky.shi...@gmail.com>, sawpauk <saw...@gmail.com>, sanwinphyo <sanwi...@gmail.com>, Lwin Mar Latt <lwin....@gmail.com>, "maria.periodicreview" <maria.peri...@gmail.com>, "maw.myintmyint" <maw.myi...@gmail.com>, minthuhein07 <minthu...@googlemail.com>, "moh.aung85" <moh.a...@gmail.com>, myatphoneaime <myatph...@gmail.com>, mosesmang <mose...@gmail.com>, "mr.agmyo" <mr.a...@gmail.com>, ehpoestts2009 <ehpoes...@gmail.com>, "Esther ..." <esth...@gmail.com>, eiko2000 <eiko...@gmail.com>, eikthwe09 <eikt...@gmail.com>, ei ei khine <eieikh...@gmail.com>


---------- Forwarded message ----------
From: evil island <evilis...@gmail.com>
Date: Thu, 30 Sep 2010 23:19:43 -1200
Subject: Fwd: ကြူတိုင်းလဲ ၀မ်းမသာနဲ့အုံး (ယောက်ျားလေးများသတိထား)
To: waiyanoo7lkကျော်ကျော် <waiya...@gmail.com>,
whiteကိုအောင်ကျော်မိုး <whitegi...@gmail.com>, banyar20
<bany...@gmail.com>, kkmin08ကိုလေး <kkm...@gmail.com>, Isaac kth
<isaa...@gmail.com>, kaungကောင်းမြတ်လှိုင်ဝင်း
<kaungmyat...@gmail.com>, sotechoonသက်ဘူးကို
<sote...@gmail.com>, secrettoy87စောမောင်မောင်မြင့်
<secre...@gmail.com>

---------- Forwarded message ----------
From: OkkOkk <okk...@gmail.com>
Date: Sun, 26 Sep 2010 22:03:34 +0630
Subject: ကြူတိုင်းလဲ ၀မ်းမသာနဲ့အုံး (ယောက်ျားလေးများသတိထား)
To:

 *ကြူတိုင်းလဲ ၀မ်းမသာနဲ့အုံး (ယောက်ျားလေးများသတိထား)
*
ကျနော့သူငယ်ချင်းတစ်ယောက် .........တကယ့်ဖြစ်ပျက်
ဝမ်းနည်းပူဆွေးခဲ့ရတဲ့ကိစ္စမြို့ပြ အင်ဂျင်နီယာ ၊ တအားဝင်ငွေကောင်းတယ် ။
အမေ့ကို လုပ်ကျွေးနေတာ ဆိုတော့
မိန်းမလဲမယူဘူး ။ အတွေ့ အကြုံလဲ မရှိဘူးပေါ့ဗျာ။ အသက်က၃၅ ။ ရုပ်ကတော့
ဆော်ကြည်ဘဲဗျ ။ ကရင် တရုတ်စပ် ဒေါင်ကောင်းကောင်း ရင်အုပ်ကျယ်ကျယ် ၊ မျက်နှာက
အာနိုးလို ခပ်တည်တည် ဖြောင့်ဖြောင့်ပဲ ။ အွန်လိုင်းကနေ အိမ်ပုံစံတွေ ရှာတယ် ။
ဒီဇိုင်းသစ်တွေ မှီငြမ်းတယ် ။
ကွန်ပျူတာဖွင့်တာနဲ့ ဂျီတော့ကို ဖွင့်ပြီးမှ တခြားအလုပ်လုပ်တယ် ။

တစ်နေ့တော့ နာမယ်လှလှလေးနဲ့ကောင်မလေးတစ်ယောက် အက်တယ် ။ လက်ခံလိုက်ပြီး စကားတွေ
အများကြီးပြောဖြစ်တယ် ။ တစ်ယောက်နဲ့တစ်ယောက် နားလယ်မှုတွေ နှစ်သိမ့်မှုတွေ
ရလာကြတယ် ။ တစ်ပတ်လောက်ကြာတော့အပြင်မှာတွေ့မယ်လို့ချိန်းကြတယ် ။ ကောင်မလေးက
တအားချောတာပဲ ၂၀တောင်မပြည့်သေးဘူး ။ မိဘတွေက အမေရီးကားသွားလို့
အဒေါ်တွေနဲ့နေရကြောင်း ၊ တအားချုပ်ချယ်လို့ နှစ်သိမ့်ပေးမယ့် နားလယ်ပေးနိုင်မယ့်
သူငယ်ချင်းတစ်ယောက် လိုကြောင်းပြောတော့ ဟိုကောင်ကလဲ တအားသနားသွားတယ် ။
ရုပ်ရှင်သွားကြည့်ကြတယ် ။ ညနေမှ လမ်းခွဲကြတယ်။

ဟိုကောင်ကတော့ အရူးအမဲသားစားမိသလို အချစ်ဆိပ်တက်ပြီး နေ့တိုင်း မတွေ့ရ မနေနိုင်
ဖြစ်လာရော ။ တစ်လလောက်ကြာတော့ ကောင်မလေးက အဖြေပေးတယ် ။ ဟိုကောင်ကလဲ
ရှောက်လည်ပြီး တည်းခိုခန်း သွားဖို့ သူ့ ပါဘလေကာ ကားလေးကို
ဦးလှည့်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးက ဘီယာဆိုင်ကိုမောင်းခိုင်းတယ် ။
ကောင်မလေးက ဘီယာအတော်သောက်လိုက်တယ် ။နောက်တော့ တည်းခိုခန်းကိုသွား .. မူးနေတော့
ဘာမှမငြင်းဘူး ။
ထုံးစံအတိုင်းပေါ့ .....................။ အခန်းတံခါးလာခေါက်တော့မှ
ဖွင့်လိုက်တော့ အသားမည်းမည်း ဘဲတစ်ပွေရယ် ၊ ရပ်ကွက်လူကြီးလို့ပြောတဲ့
လူ၃ယောက်ရယ် ၊ တည်းခိုခန်းမန်နေဂျာရယ် ၀င်လာတယ် ။ ၂ယောက်သားကတော့
အပေါ်ပိုင်းဗလာကျင်းနဲ့ အောက်ပိုင်း သဘက်လေးပတ်လို့။ အဲဒီတော့မှကောင်မလေးကလဲ
မျက်စိမျက်နှာတွေပျက်လို့ ။ ဟိုဘဲကြီးက x-=x-+x+- ဟေ့ကောင် ကြာကူလီ
ငါ့မိန်းမကို မင်းကြာခိုတယ်ပေါ့ ။ ပြောလဲပြော လက်ကလဲ
ဝှီးခနဲဆို ၀ိုက်လက်သီးတစ်လုံး ပါးရိုးပေါ် ရောက်လာလို့ ပစ်လဲကျသွားပါရော ။
အဲ့ဒီတော့မှကောင်မလေးကလဲ ဟိုဘဲကြီးနားကပ်ပြီး မောင်ရယ် နန္ဒာ တအားမူးသွားပြီး
ဘယ်တွေရောက်ကုန်မှန်းမသိတော့ဘူး ။ ဆိုပြီးချွဲတော့တာ ။

တကယ်တော့ နန္ဒာနဲ့ ဟိုဘဲကြီးနဲ့က လက်ထပ်စာချုပ်လုပ်ထားပြီးသား ။
ရပ်ကွက်လူကြီးဆိုတာကလဲ ဟိုဘဲကြီးခေါ်လာတဲ့ တပည့် လူမိုက်တွေ ။
တည်းခိုခန်းရောက်တာနဲ့ ဖုန်းဆက်ထားပြီး ဂွင်ရိုက်ကြတာ ။ နောက်ဆုံးတော့
မယားခိုးမှုနဲ့ စွဲရင် အရှက်လဲကွဲ ထောင်လဲကျမယ် ။ မိခင်အိုကြီးလဲ
စိတ်မချမ်းမသာဖြစ်ရမယ် ဆိုတာတွေးကြည့်ပြီး ပိုက်ဆံပဲ အရော်ပေးလိုက်တယ်
။မနည်းဘူး သိန်း၈၀။ ချက်ချင်း သူငယ်ချင်းတစ်ယောက်ဆီမှာ ကားသွားပေါင် ၊
နောက်
သူငယ်ချင်းတစ်ယောက်ဆီမှာ တိုက်ခန်းကန်ထ၇ိုက်စာချုပ်တွေသွားပေါင်ပြီး
ပေးလိုက်ရတာ ။

နောက် ၁ပတ်လောက်ပဲကြာတယ် ။ ကောင်မက အွန်လိုင်းကနေ ပြန်ဆက်သွယ်တယ် ။
ဂျီတော့မှာ ......မောင်ရယ် နန္ဒာက သူများချုပ်ချယ်မှုအောက်မှာ
သူများခိုင်းသမျှလုပ်နေရတာပါ ။ မောင်ကုန်သွားတဲ့ သိန်း၈၀ကို နန္ဒာ ၁လအတွင်း
၂ဆပြန်ဆပ်ပါ့မယ် ။ ကျမကို လက်ထပ်လိုက်ပါ ။
*"အဲ့ဒီလက်ထပ်စာချုပ်နဲ့ ကျမ ရုပ်ရည်နဲ့ဆို နောက် ၃/ ၄ ယောက်လောက် အသာလေး
အချဉ်ဖောက်လို့ ရသေးတယ်"* တဲ့လေ ......ရက်စက်လိုက်တာ ထင်ရက်စရာတောင်မရှိဘူး ။

ရှေ့ဆက် ဖြစ်သွားတာတွေ ကျနော် မပြောတော့ဘူး ။ သူငယ်ချင်းတို့ဆို ရင်လဲ
ဘာဆက်လုပ်မလဲ..... ကုန်သွားတဲ့ပိုက်ဆံတွေကို ပြန်ရှာမလား ခွာလိုက်မလား ။
အဲလိုဖြစ်စဉ်တွေ အများကြီး ကျနော်နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ
တကယ်ဖြစ်ခဲ့တာပါ ။ တချို့လဲ အသက် ၇၀လောက် အဘိုးကြီးတွေ (သားသမီးတွေတောင်
တက္ကသိုလ်ရောက်နေပြီ ) အကြူလွန်လို့ ချူခံရတာ ။ ဘယ်သူမှလဲ ထုတ်မပြောရဲ ။
အရော်အစားနဲ့ နှုတ်ပိတ်လိုက်ရတယ်။ အားလုံးက အဲ့လို ပုံစံအတိုင်းခံကြရတာ ။

ဒီတော့ ကျနော်မှာချင်တာက ကြူလိုက်လို့ အပြင်မှာချိန်းတွေ့ကြတယ် ။
အလိုတွေလိုက်တယ် ဆိုတိုင်းလဲ သိပ်ပျော်မနေကြပါနဲ့လို့ ............







--
Best Regards;

öKk öKk

Reply all
Reply to author
Forward
0 new messages