Atheih huai Zomi tangthu

4 views
Skip to first unread message

Zomi Community of Canada

unread,
Jun 2, 2016, 4:04:49 PM6/2/16
to canadazo...@googlegroups.com, canadazo...@gmailgoups.com

ချင်းအမျိုးသားတပ် ဦးဆို သော CNF အဖွဲ့မှ လူမစန် စွာ

 ပြည် သူလူထု များကို သတ် ဖြတ် ကျုးလွန် သော သတင်း။

=================================


၂ / အထက်ပါ (CNF-CNA)အဖွဲ့အစည်း၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများမှာ


 


(က) ၂၄.၃.၁၉၉၄ နေ့တွင် တီးတိန်မြို့နယ်၊ လင်တန်တောင်ကြား၌ ကားမောင်းနှင်သော ဦးအင်ကပ်ဆုမ်းအား (CNF-CNA)အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ ယနေ့ထိ အစားထိုးမရနိုင်အောင် ၀မ်းနည်းကြေကွဲခြင်းဖြင့် ၄င်း၏မိသားစုများနှင့်အတူ ခံစားနေကြဆဲဖြစ်ပါသည်။


(ခ)  တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာအုပ်စု (ရ.ယ.က)အဖွဲ့များဖြစ်ကြသော-


(၁) အငြိမ်းစား ဗိုလ်မှူးဇဲလ်ဇလန့် (၂) ဦးပေါင်ခန့် (၃) ဦးပုမ်းခန့်တွောင် (၄) ဦးခိုင်ခန့်ဒါလ်း တို့အား ဆိုင်းဇန်ကျေးရွာရှိ ဗိုလ်မှူးဇဲလ်ဇလန့်၏ နေအိမ်တွင် ၁၉၉၆ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် (CNF-CNA) အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပါသည်။


(ဂ)  တီးတိန်မြို့နယ် တွီးထန်ကျေးရွာနေ ဦးထွမ်းဂိုးပေါင်အား ၉.၄.၂၀၀၁ ရက်နေ့တွင် ကျီးတွီးလွေးအရပ်၌ (CNF-CNA)အဖွဲ့မှ ပစ်သတ်ခဲ့ပါသည်။


(ဃ) တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာနေ ဦးဇမ်းတုန်းထန်အား ၂၅.၁၁.၂၀၀၀ ရက်နေ့တွင် တောတွင်းတစ်နေရာ၌ (CNF-CNA)အဖွဲ့မှ ပစ်သတ်ခဲ့ပါသည်။


(င)  တီးတိန်မြို့နယ် လိုးဖေကျေးရွာနေ ဦးဇမ်းခန့်ပေါင်အား (CNF-CNA)အဖွဲ့မှ သေနတ်ဒင်ဖြင့် ထုထောင်းကာ၊ ခြေထောက်ဖြင့် ဆောင့်ကန်ညုင်းပန်းနှိပ်စက်မှုကြောင့် ဆီးအိတ်ပေါက်ကွဲခဲ့ရာ ၄င်းနေရာတွင်ပင် လဲကျခဲ့ပြီး ဖါလ်တလန်ကျေးရွာ (ရ.ယ.က) ဥက္ကဌ၏ နေအိမ်တွင် အသက်ပျောက် သေဆုံးခဲ့ပါသည်။


(စ)  တီးတိန်မြို့နယ် လိုင်တွီးကျေးရွာအုပ်စု၊ မိတ္ထီလာစခန်းတွင်လည်း ၂၀၀၂ခုနှစ် မေလအတွင်း ဖလမ်းအမျိုးသမီး တစ်ဦးအား (CNF-CNA)အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပါသည်။


(ဆ) ၂၀၀၂ခုနှစ်တွင်လည်း New-Eden စခန်းတွင် တောင်သူနှစ်ဦးအား (CNF-CNA)အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပါသည်။


(ဇ)  ၂၀၀၂ - မေလတွင် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာသစ်နားတွင် နယ်စပ်မှ ပြန်လာသော ကုန်တင်ဂျစ်ကား (၇)စီးအား ကုန်ပစ္စည်းများနှင့်အတူ (CNF-CNA)အဖွဲ့မှ မီးရှို့ဖျက်ဆီးပြီး လူတစ်ချို့အား ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပါသည်။


(ဈ)  ၂၀၀၂ခုနှစ် မေလ(၁)ရက်နေ့တွင် တီးတိန်မြို့နယ် ဟိုင်မွာလ်ကျေးရွာ၌ (CNF-CNA)အဖွဲ့မှ မိုင်းခွဲခဲ့ရာ မလျာလျန်ငူလ်ရီ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။


(ည) တီးတိန်မြို့ လွယ်ဘွာလ်းရပ်ကွက်တွင် နေထိုင်သော (မွေဇောလ်)ရွာသူ ဆရာမ- လျာဒိမ်ရှင်းကျင်းအား မူလတန်းပြ ကျောင်းဆရာမအဖြစ် ဖါလ်တလန်ကျေးရွာတွင် အစိုးရတာဝန် ထမ်းဆောင်နေချိန် ၂၀.၁၀.s၂၀၀၀ခုနှစ်တွင် အထက်ပါ အဖွဲ့အစည်းမှ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ရာ ဖခင်မရှိတော့သည့် ၄င်းဆရာမအား သွားရောက်စုံစမ်းရန် ဆွေမျိုးသားချင်းများ၏ အကူအညီကို ရယူခဲ့ရပါသည်။ ထိုစဉ်အခါတွင် မိခင်အိုသည် ၀မ်းနည်းကြေကွဲမှုကြောင့် နှလုံးရောဂါဖြင့် အိပ်ရာ၌ လဲလျောင်းနေရပါသည်။ ထို့နောက် ဇိုမီးလူမျိုးတစ်ချို့၏ ကြိုးပမ်းမှုကြောင့် ၄င်းဆရာမအား ချုပ်နှောင်ထားသောနေရာမှ သွားရောက်ခိုးယူ ကယ်ဆယ်ခဲ့၍ မိခင်အိုထံသို့ ပို့ဆောင်ပေးရသည့် အခြေအနေသို့ ရောက်ခဲ့ပါသည်။ ၄င်းဆရာမ၏ ကိုယ်ကာယပိုင်းဆိုင်ရာ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို မည်သူမျှ မသိကြပါ။




-- 

**********************************

Dr.Pu Paul Pau & Cin Lam Pau ( Kumagoro-san )

President of State Central Executive Committee, 

Zomi Development Foundation- ZDF 

North - Chin State, Tedim Town,Zomi Area.

State Register,No-(Inland/0003)

Phone: +95(0)9442348889, +95(0)932387154.

Email: zomip...@gmail.com

Reply all
Reply to author
Forward
0 new messages