ဇိုလူမျိုးများ(ZOMI NAMTE)

36 views
Skip to first unread message

Zomi Innkuan Canada

unread,
Dec 16, 2012, 12:56:44 AM12/16/12
to canadazo...@googlegroups.com

ဇိုလူမျိုးများက 'ဇိုဆွမ်း'(Zosuan)ဟုခေါ်သော၊ မီးဇို(Mizo)လူမျိုးများက 'ဇိုနထလပ်'(Zo hnahthlak)ဟုခေါ်သောလူမျိုးများသည် ဗြိတိသျှအစိုးရက မသိမ်းပိုက်မှီတွင် 'တောင်တန်းနေလူရိုင်းများ'(wild hill tribes)ဟု သတ်မှတ်ကြပြီး၊ ပိုင်နက်နယ်မြေကို'စီရင်ကင်းနယ်မြေ'(un-administered area)ဟူ၍ သတ်မှတ်ခဲ့ပါသည်။ ဇိုဆွမ်း(ဇိုမျိုးနွယ်စု)
များထဲမှ အနောက်ဘက်ပိုင်းဒေသသို့ စောစွာရောက်နှင့်သူများကို ဘင်ဂလီ(Bengali)နှင့် အာသံသား(Assamese)များက 'ကူကီး'(Kuki)ဟုသတ်မှတ်ခဲ့ကြပါသည်။ ဤမှတ်တမ်းမှာ ၁ ၇၉၂ ခုနှစ်ခန့်က အင်္ဂလိပ်လို ရေးထိုးထားဟန်ရှိပါသည်။ ဗြိတိသျှအစိုးရသည် ၁၈၇၂ ခုနှစ် မတိုင်မှီ မီဇိုပြည်နယ်၊အိန္ဒိယကို စတင်သိမ်းပိုက်စဉ်အခါက ၎င်းဒေသတွင် လူရှိုင်းလူမျိုးအများဆုံးနေထိုင်သဖြင့် လူရှိုင်းတောင်(Lushai Hills)ဟု မှည့်ခေါ်ခဲ့ကြပါသည်။ မြန်မာပြည်ဘက်တွင်မူ ချင်းဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ရာတွင် 'ချင်း'ဆိုသည့် ဝေါ်ဟာရ၏ အဓိပ္ပ္ပ္ပာယ်၊ စတင်ပေါက်ဖွားလာပုံနှင့် မည့်သည့်အချိန်တွင်စတင်ပေါက်ဖွားလာသည်ကို ဂဃနဏ လေ့လာထားခြင်းမရှိသေးပေ။ တစ်နည်းအားဖြင့် 'ဇို'လူမျိုးများကို 'ချုင်း'ဟုခေါ်ကြခြင်းမှာ ဗမာလူမျိုးများခေါ်ကြသည်ကို မွေးစားခြင်းလော သို့တည်းမဟုတ် အင်္ဂလိပ်စစ်တပ်သည် ချင်းတောင်ကိုသိမ်းပိုက်စဉ်က အဦးဆုံးဒေသမှ တွေ့ရှိသော ရွာသူကြီး၏ အမည် ဦးခိုကျင့်(Pu Khaw Cih)ကို အစွဲပြု၍ 'ခိုကျင့်တောင်'(၀ါ)'ကျင့်တောင်'(Khaw Cin hills/Cin hills) ဟုခေါ်ဝေါ်သည် လည်း    ဖြစ်နိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ 'ချင်း'ဟူသောအမည်ကို လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်ကြသော ဇိုလူမျိုးများကိုသာ အခေါ်များပြီး အိန္ဒိယဘက်ရှိဇိုများကိုမူ လူရှိုင်း(သို့) ကူကီးဟူသော အမည်ဖြင့်အခေါ်များပါသည်။ မျက်နှာဖြူများသည် တစ်မျိုးတစ်နွယ်တည်းပေါင်းခေါ်လိုသော အခါများတွင် 'ချင်း-ကူကီ'(Chin-Kuki)'ဟူ၍သော်လည်းကောင်း၊ချင်း-လူရှိုင်း'(Chin-Lushai)ဟူ၍ဖြစ်စေ၊'ချင်း-လူရှိုင်း-ကူကီး'(Chin-Lushai-Kuki)ဟု တစ်ဖြင့်လည်းခေါ်ခဲ့ပါသေးသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဇိုလူမျိုးများကို အုပ်ချုပ်ရန်အတွက် ၁၈၉၆ ခုနှစ်တွင် ရေးဆွဲသော အက်ဥပဒေကို 'Chin Hills Regulation Act' ဟုအလွယ်ပင် အမည်တပ်ခဲ့ပါသည်။ ဤစည်းမျဉ်းဥပဒေကို ချင်းတောင်အပြင် လူရှိုင်း၊ကူကီးနှင့် နာဂ လူမျိုးများနေထိုင်ရာ ဒေသအထိပါ အသုံးပြုခဲ့ပါသည်။

Reply all
Reply to author
Forward
0 new messages