22nd March 2012 - MoeMaKa Daily

4 views
Skip to first unread message

Maung Yit

unread,
Mar 22, 2012, 2:30:29 AM3/22/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka

ကာတွန်းဇေမှိုင်း(ဥက္ကလံ) - ဧပြီ ဟောကိန်း
မတ် ၂၂၊ ၂၀၁၂
Posted by MoeMaKa at 9:45 PM 0 comments

Saung Luu - Poem

လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ
ဆောင်းလူ
မတ်လ ၂၁၊ ၂၀၁၂




နွေဦးကတော့ လေရူးနဲ့

ကလူ၏သို့ ...မြှူ၏သို့ ….။

မြိန်ရေယှက်ရေ ရှိခဲ့လှတဲ့ နှစ်များ
အ၀ါရောင် ပိတ်ကားထက် မှုန်မှုန်ဝါးဝါး ...။

မီးစတဖက် ရေမှုတ်တဖက် ဆွယ်တရားနဲ့
ငါးမျှားချိတ် သံချေးတက်
ငါးစာမတပ် အချိုသပ်တာများ ...။

ခေတ်ကြီးနှယ် …
စနစ်ကြီးနှယ် ..
စစ်ပွဲ စစ်စစ်တွေကြားမှာ
ပိတောက်စစ်စစ်တွေ ပွင့်စေလိုမှ ...
…..
…..
ငွေလမပါ နွေညခမျာ
လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ
အာရုဏ်ကျင်းခံတွင်းဝမှာ
ရင်တမမ ...။

Posted by Aung Htet at 8:34 AM 0 comments

Letter to MoeMaKa.

ဝီရသူ သဘောထား (၁)
မတ်လ ၂၁၊ ၂၀၁၂


၁၉၊ ၂၊ ၂၀၁၂ ရက်စွဲပါ နိုင်ငံတော်ပိုင်သတင်းစာများ၌ပါရှိသော ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထားထုတ်ပြန်ချက် (၂၀၊ ၂၊ ၂၀၁၂) ၁၃၇၃ ခု၊ တပိုတွဲလဆုတ် (၁၃) ရက်။


(၁)
(က) ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသောကျင့်ဝတ်ဥပဒေများကို လျစ်လျူရှုခဲ့ပါသည်။ တ ရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကိုရယူနိုင်ပါလျက် ဥပဒေမဲ့ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ်သည်ကို နားလည်ပေးနိုင်သော်လည်း ချိပ်ပိတ်ထားသည့်ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏အပြုအမူမဟုတ်သလို၊ ဒီမိုကရေစီနည်းလမ်း လည်းမကျပါ။ ဒီမိုကရေစီကိုလိုလားသူ၊ ဒီမိုကရေစီကိုချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီနည်းလမ်းကျဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါ သည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။

သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။ တာဝန်မကျေသည့် မိဘပင်ဖြစ်သော်လည်း သားသမီးဟူသည် မိဘခေါ်လျှင်လာရမည်သာဖြစ်ပါသည်။

ပို၍ဆိုးသည်မှာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အနူးအညွတ်မေတ္တာရပ်ခံပါလျက် “မိမိလိုသံဃာတစ်ပါးအတွက် လို အပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း’’ တင်းခံငြင်းဆန်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ငြင်း ဆန်ခြင်းဖြင့် ဦးဂမ္ဘီရသည် စစ်အာဏာရှင်နည်းတူ ဥပဒေအထက်သို့ ရောက်ရှိသွားပါတော့သည်။

(ခ) ဦးဂမ္ဘီရလျှောက်ထားသည့် အချက် (၁၀) ချက်ပါ လျှောက်ထားချက်ကို လျှောက်ထားခွင့်ပြုသည့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအား လေးစားကြည်ညိုမိပါသည်။

ဦးဂမ္ဘီရလျှောက်ထားသည့်အချက်များတွင် ရွှေည၀ါဆရာတော်ဦးပညာသီဟအား သာဓုဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်း ထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား (၄၁၅) ဦးတွင် ပါဝင်သော ရဟန်း (၄၃) ပါးအား အကျဉ်းထောင်မှလွတ်မြောက်ရန် နိုင်ငံတော်သံဃာ့မဟာနာယကက ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးနက်ရှုတ်ချကြာင်းတို့ပါဝင်သည်ကို တွေ့ရပါသည်။

(၂)
ကန့်ကွက်ထိုက်သည်ကိုကန့်ကွက်ခြင်း၊ ရှုတ်ချထိုက်သည်ကို ရှုတ်ချခြင်းဖြစ်သောကြောင့် ဦးဂမ္ဘီရ၏လျှောက်ထားချက် အပြည့်အ၀ မှန် ကန်ပါသည်။ မြတ်စွာဘုရားက “ချစ်သားတို့ ငါဘုရားမှာ အပြစ်ရှိလျှင်လည်း ထောက်ပြကြ’’ ဟု မိန့်တော်မူဖူးပါသည်။ ဟန္ဒ ဒါနိ ဘိက္ခဝေ ပ၀ါရေမိ ဝေါ နစမေ ကိဉ္စိ ဂရဟထ ကာယိကံ ၀ါ ၀ါစသိကံ ၀ါ။ (သဂါထာဝဂ္ဂ ပါဠိ၊ ပ၀ါရဏာသုတ်) “ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူရာ နှုတ်အမူရာကို သင်တို့မကဲ့ရဲ့ဘဲ ရှိကြကုန်၏လော။’’ (၎င်းသုတ် မြန်မာပြန်)

နစ ကိဉ္စီတိ ပုစ္ဆနတ္ထေ နကာရော။ ကိံမေ ကိဉ္စိ ဂရဟထ?
ယဒိ ဂရဟထ, ၀ဒထ, ဣစ္ဆာပေမိ ဝေါ ၀တ္တုန္တိ အတ္ထော။ (၎င်း၊ဋ္ဌ။၂၅၃)

ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ် လုံးဝမျှတသည့်အမိန့်အမှန်ပင်ဖြစ်ပါသည်။ အကျဉ်းကျသံဃာများနှင့် ပတ်သက်၍ သံယာ့မဟာနာယက အဖွဲ့စည်းအဆင့်ဆင့်က သက်သာအောင်၊ လွတ်မြောက်အောင်၊ ဘာတစ်ခုမျှဆောင်ရွက်ချက်မရှိပါ။ ဖမ်းဖို့သာလုပ်တတ်ပြီး၊ လွတ်ရေးကို လုံးဝစိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေခံကျင့်သုံးနေသည့် လက်နက်မကိုင် သည့် အာဏာရှင်အဖွဲ့အစည်းကြီးဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဦးဂမ္ဘီရ၏ ကန့်ကွက်ခြင်း၊ အလေးအနက်ရှုတ် ချချင်းကို အပြည့်အ၀ထောက်ခံကြောင်း အတိအလင်းကြေငြာပါသည်။ သို့သော် ဦးဂမ္ဘီရသည် ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဂုဏ်ကို မလေးစားမလိုက်နာ ဘဲ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား နိုင်ငံရေးအရထိုးနှက်နှိပ်နယ်သည့်သဘောသက်ရောက်သွားပါသည်။ ဓမ္မကို မြတ်နိုးသူဖြစ်လျှင် မေတ္တာရပ်ခံတောင်းပန်လျှောက်ထားရမည် ဖြစ်ပါသည်။ ဥပမာ - ရွှေည၀ါဆရာတော်အပေါ်ချမှတ်ထားသောပြစ်ဒဏ်ကို ပြန်လည် စဉ်းစား သုံးသပ်၍ လျှော့ပေါ့ပေးစေလိုပါသည်ဘုရား။ (၀ါ)လျှော့ပေါ့ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား-ဟူ၍ ဖြစ်ပါသည်။

ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်းဝေါဟာရများသည် နိုင်ငံရေးလောက၌ တွင်ကျယ်နေသောဝေါဟာရများ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်လိုက မီဒီ ယာများမှတစ်ဆင့် ကန့်ကွက်နိုင်ပါသည်။ ရှုတ်ချနိုင်ပါသည်။ ကမ္ဘာအေးရုံးထဲဝင်၍ ဆရာတော်ကြီးများအား တိုက်ရိုက်မလျှောက်ထားသင့် ပါ။ မရိုသေ မလေးစားရာ၊

(၃)
စော်ကားမော်ကားပြုရာရောက်နေပါသည်။ မိမိအပြုအမူကိုအကြောင်းပြု၍ ရဟန်း၊ ရှင်၊ လူအပေါင်း အကုသိုလ်များ မတိုးပွားစေသင့်ပါ။

(ဂ) ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးလိုပါလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ချီးကျူးခြင်း၊ ရှုတ်ချခြင်းတို့ကို လွတ်လပ်စွာဆောင် ရွက်ခွင့်ပေးရမည်သာဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်များ၌ သမ္မတလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ ပုပ်ရဟန်းမင်းကြီး လည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ အဝေဖန်မခံနိုင်၊ တရားစွဲမခံနိုင်လျှင် ကုလားထိုင်ပေါ်မထိုင်သင့်ပါ။

ယခုကိစ္စ၌ ဦးဂမ္ဘီရ၏ကန့်ကွက်ရှုတ်ချမှုကို မခံမရပ်ဖြစ်နေသောပုဂ္ဂိုလ်တစ်စုက ဦးဂမ္ဘီရကို ဖမ်းဆီးချုပ်နှောင်လိုခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့အကြောင်းပြနိုင်လောက်အောင် လုံလောက်သောဆင်ခြေမရှိသောကြောင့် ဥပဒေမဲ့လုပ်ရပ်ကို အပြစ်ပုံချနေခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သံဃာတော်များအနေဖြင့် တရားဝင်ရပ်တည်နိုင်သည့် ဥပဒေလမ်းကြောင်းမှ သိမ်မွေ့ငြင်သာစွာ လျှောက်လှမ်းခြင်းဖြင့် သူတစ် ပါး၏ထောက်ကွက်မရအောင် ပြုမူဆောင်ရွက်သင့်ပါသည်။ သံဃာထုအပေါ် အုပ်မိုးချုပ်နှောင်ထားသော တရားမမျှတသည့် မည်သည့်ကန့် သတ်ချက်မျိုးကိုမဆို ငြိမ်းချမ်းသောနည်းဖြင့် စည်းလုံးညီညွတ်စွာ ဖယ်ရှားရှင်းလင်းသင့်ပါသည်။

သမ္မောဒမာန ဇာတ်တော်အတိုင်းပင်
ပြိုင်တူ-မ-လျှင်-လွတ်နိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ငြိမ်းနိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ချမ်းသာနိုင်ပါသည်။
မေတ္တာရှေ့ထား၊ မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊
များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊
ညီညီညာညာ၊ သက်စွန့်ရာ၏။(မဃ။၂၂၁)
ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျှက်

ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

Posted by Aung Htet at 8:20 AM 0 comments

NLD under attack

NLD ကိုယ်စားလှယ်လောင်း နှင့် အဖွဲ့ နေပြည်တော်တွင် လေးခွဖြင့် ပစ်ခတ်ခံရ
သတင်းနှင့် ဓာတ်ပုံများ - http://www.facebook.com/PopularNewsJournal
မတ် ၂၁၊ ၂၀၁၂

မပွင့်ဖြူပြုံး

နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒီချုပ် ကိုယ်စားလှယ်လော
င်း စည်းရုံးရေးဆင်းပြီး အပြန်တွင် လောက်လေးခွဖြင့် ပစ်ခတ်ခံရမှုကြောင့် အောင်နိုင်ရေး အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်း၌ အတွင်းဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

မတ်လ ၁၈ ရက်နေ့ ည ၇နာရီ ခန့်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးမင်းသူနှင့်အဖွဲ့သည် ဥတ္တရသီရိ မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အပြန်တွင် အမှောင်တွင်းမှ လောက်လေးခွဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး တွဲဖက်အသုံးပြုသည့် လောက်စာလုံးမှာ သုံးမြှောင့်သဏ္ဌာန် ပြုပြင်ထားသည့်
သစ်သားတုံးကလေး ဖြစ်သည်ဟု ဦးမင်းသူက ပြောသည်။

ယင်းနေ့ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်း ဦးမင်းသူက ''အဲဒီနေ့က ဖောင်းလောင်း၊ မုံနစ်၊ အောင်ချမ်းသာ စတဲ့ ရွာသုံးရွာကို စည်းရုံးေ
ရး ဆင်းတဲ့နေ့ပေါ့။ နောက်ဆုံးကျေးရွာက အောင်ချမ်းသာ ကျေးရွာလေ။ အပစ်ခံရတဲ့အချိန်က ည ၇ နာရီဆိုတော့ မှောင်နေပြီပေါ့။ ဒါပေမဲ့ ရွာခံအချို့နဲ့ အောင်နိုင်ရေးအဖွဲ့ဝင်အချို့က ချက်ချင်းပြန်ဖို့လာပြောတော့ ကျွန်တော်လည်း လက်စသိမ်းပြီး ပြန် တယ်။ အဲဒီမှာ ကျွန်တော့်ကို အောင် နိုင်ရေးအဖွဲ့ လူငယ်တွေက ဝိုင်းရံပြီး ခေါ်သွားတယ်။ ပြီးတော့ ကားခေါင်း ခန်းထဲမှာ မထိုင်ဖို့ အကြံပေးပြီး Light truck ကားရဲ့ နောက်ခန်း ထဲမှာ လူငယ်တွေကာပြီး ထိုင်နေရာ က ဟာလာဟင်းလင်းကြီး ဖြစ်နေ လို့ အောင်နိုင်ရေးအဖွဲ့က လူကြီး တစ်ဦးက အခု ဆေးရုံ တင်ထားရတဲ့ မပွင့်ဖြူပြုံးကို လွတ်နေတဲ့နေရာကို ကာဖို့အတွက် တာဝန်ပေးတယ်။ မပွင့်ဖြူပြုံးက သူ့နေရာက ထပြီး ကျွန်တော့်ရှေ့အရောက် ''ဟာ ဦးပစ် နေပြီ'' လို့ပြောပြီး ပုံလဲကျသွား တယ်။ ဒါနဲ့ ပရိသတ်လဲ ရုတ်ရုတ် သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ လည်း ခပ်မြန်မြန် ပြန်လာရတယ်။ လမ်းမှာ မပွင့်ဖြူပြုံးက အန်တော့ စိုးရိမ်သွားတယ်။ ခေါင်းတွေ ဘာတွေ မပေါက်ဘဲ ထိတဲ့နေရာက ဖူးရောင် ပြီး ဒဏ်ရာရတယ်ပေါ့။ ဒါနဲ့ ဆေးရုံ ပို့ရတယ်။ သူသာ မရှိလိုက်ရင် ကျွန်တော့်မျက်လုံး ထိသွားနိုင် တယ်။ ဘာလို့လဲဆိုတော့ တြိဂံ ပုံသဏ္ဌာန် သစ်သားတုံးက ကျွန် တော့်မျက်နှာချင်းဆိုင် မှောင်ရိပ်ထဲက ထွက်လာပြီး မပွင့်ဖြူပြုံးကို မှန်တာ လေ''ဟု ပေါ်ပြူလာနယူးစ်ဂျာနယ် သို့ ပြောသည်။

ပစ်ခတ်ခံရသူသည် နေပြည် တော် ပျဉ်းမနားမြို့ ဘိုကုန်းရပ်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ရှိ မပွင့်ဖြူပြုံး ဖြစ်ပြီး ဦးခေါင်းနောက် ပိုင်း ညာဘက်ခြမ်းတွင် အတွင်းဒဏ် ရာ ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံ၊ ဦးနှောက်နှင့် အာရုံ ကြော အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အထက်ပါ ဖြစ်ရပ်နှင့် ပတ် သက်၍ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်နေ NLDထောက်ခံပြည်သူတစ်ဦးက ''အခု ချောင်းမြောင်း ပစ်ခတ်တဲ့ ကိစ္စ ကို ဘယ်လို အရေးယူမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါ တယ်'' ဟု သုံးသပ်သည်။

ထိုသို့ ပစ်ခတ်ခံရသည်နှင့် တစ်ပြိုင်နက် နေပြည်တော် ၄ မြို့ နယ် အောင်နိုင်ရေးအဖွဲ့ နာယက ဦးအေးသောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့်တိုင်တန်းပြီးတောင်ညို အပိုင် ရဲစခန်းတွင်လည်း (ပ) ၁၂/ ၂ဝ၁၂၊ ပုဒ်မ ၂၉၄ ဖြင့် လည်း ကောင်း၊ (ပ) ၁၃/၂ဝ၁၂၊ ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း အမှုဖွင့်ထား ကြောင်း အောင်နိုင်ရေးအဖွဲ့ဝင်တစ် ဦးက ပြောသည်။
Posted by Phan Mee Ain - Literature Lovers at 7:33 AM 0 comments

Ashin Pyinnar Nanda - Articles

အညတရအကျဉ်းသားရဟန်းတော်များ (၁၅) ရွှေဝါရောင် ဦးကောဝိဒ
အရှင်ပညာနန္ဒ
မတ်လ ၂၁၊ ၂၀၁၂




၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းက စစ်အဏာရှင်တွေရဲ့ လူမဆန်စွာဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြို့ နယ်သံဃနာယက ဥက္ကဋ္ဌဟောင်းဆရာတော်ဦးကောဝိဒဟာ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်နေ့ကမှ သရက်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာခဲ့ပေမဲ့လည်း အာဏာပိုင်တွေရဲ့ အနီးကပ်စောင့်ကြည့်တာကိုခံနေရတဲ့အတွက် စိတ်အအနှောက်အ ယှက်ဖြစ်ရကြောင်း အင်တာဗျူးတွေကတဆင့် ကြားသိနေရလို့ ဆရာတော်အတွက် တပည့်ရဟန်းသံဃာတော်တွေနဲ့ ဒကာ ဒကာမတွေ စိတ်ပူနေကြရပါတယ်။ ထောက်လှမ်းရေးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ဘုန်းကြီးကျောင်းဝင်းထဲအထိဝင်လာပြီး အင်အားပြ ခြိမ်းခြောက်နေတာဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ဟာ စတင်အဖမ်းခံရကတည်းက လက်သီးနဲ့ ထိုးတာ၊ ရိုက်တာတွေခံခဲ့ရပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော်ကို ပြည်ထဲရေးဝန်ကြီးဌာရုံးကိုခေါ်ဆောင်သွားပြီး သင်္ကန်းကိုအတင်းချွတ်ခိုင်းခဲ့ပါတယ်။

ဆရာတော်အနေနဲ့ ဘာမှအပြစ်မရှိတဲ့အတွက် သင်္ကန်းမချွတ်နိုင်ဘူးလို့ပြောတဲ့အခါ အာဏာရှင်တွေက မင်းရဲ့အမိန့်ဆိုပြီး အတင်းချွတ်ခိုင်း ကြောင်း၊ ကျောင်းတိုက်မှာ အဖမ်းဆီးခံရကတည်းက မျက်နာကိုလက်သီးနဲ့အထိုးခံထားရတဲ့အတွက် ငြင်းဆန်နေရင်လည်း ဘာမှထူးမှာမ ဟုတ်တဲ့အတွက် သင်္ကန်းချွတ်ပေးလိုက်ရကြောင်း၊ သင်္ကန်းအတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာဖြစ်တယ်။ ထောင်ထဲမှာနေခဲ့ရပေမယ့် ဘုန်းကြီးဘ၀နဲ့ရှိနေတုန်းဘဲလို့ မိန့်ကြားပါတယ်။

အဆိုးဆုံးကတော့ ထောင်ထဲမှာစိတ်ဝေဒနာရှင်တွေနဲ့ရောပြီးထည့်ထားလို့ စိတ်ဝေဒနာရှင်တွေရဲ့ ရိုက်နှက်တာတွေကိုလည်းခံခဲ့ရပါတယ်။ ဆရာတော်ဦးကောဝိဒဟာ ၂၀၀၇ ခုနှစ်၊ စက်တင်္ဘာလ ၂၉ ရက်နေ့မှာအဖမ်းခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် (၁၀) လပိုင်းရောက်မှ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ် ၄ နှစ်နဲ့  ၃ လ ချမှတ်တာခံခဲ့ရပြီး ရှေ့နေလည်း ငှားရမ်းခွင့်မရ။ ချုပ်နှောင်ခံထားရတဲ့တစ်နှစ်အတွက်လည်း လျော့ရက်လည်းမရခဲ့ကြောင်းသိရပါတယ်။ ဆရာတော်ဦးကောဝိဒဟာ ရခိုင်ပြည်နယ်၊ ပေါက် တောမြို့ဇာတိဖြစ်ပြီး ရန်ကုန်ဒဂုန်မြို့သစ်အရှေ့ပိုင်း၊ တက္ကသီလာ မဟောဇေယျသိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်ရဲ့ ဦးစီးပဓာနနာယကဆရာတော် လည်းဖြစ်ပါတယ်။ ဆရာတော်ရဲ့စစ်ကြောရေးအတွေ့အကြုံ၊ ထောင်တွင်းအတွေ့အကြုံများကို ဆရာတော်ပြန်ပြောပြတဲ့အတိုင်း အနည်း ငယ်တည်းဖြတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

● စစ်ကြောရေးအတွေ့အကြုံ၊ ထောင်အတွေ့အကြုံများ
၂၀၀၇ စက်တင်ဘာမှာ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယက ဂိုဏ်းပေါင်းစုံစည်းကမ်းထိမ်းသိန်းရေးအဖွဲ့ဝင် ဒွါရဂိုဏ်းကပါ။ ဓါတ်ဆီ တဂါလံကို ၁၅၀၀ ရောင်းနေရာကနေ သုံးထောင်တင်လိုက်တော့ ဦးဇင်းလေးတွေကနေပြီး ဆွမ်းခံထွက်ရင် ကားခတောင်းတယ်။ တင်လည်းမတင်တော့ဘူး။ ဒကာ ဒကာမတွေလည်း စားဝတ်နေရေးဈေးကြီးပြီး အခက်အခဲတွေတွေ့ကြတယ်။ ဘုန်းကြီးတွေက ရွှေတိဂုံ ဘုရားကနေစတာပေါ့။ ရွှေတိဂုံဘုရားမှာ စုပြီးတော့သွားကြတာပေါ့။ ကလေးတွေပေါ့။ ဘုန်းဘုန်းတို့ကတော့ မပါပါဘူး။ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆိုတော့ မပါဘူး။ စာသင်သားတွေပေါ့။ သွားကြလာကြ၊ အရေးအခင်းကြီးတွေဖြစ်တော့ ဘုန်းဘုန်းတို့ကို တိုင်းဥက္ကဋ္ဌ ဆရာတော်တွေက တင်းတာပေါ့။ တင်းပြီးတော့၊ မြို့နယ်တိုင်းမှာ တော်တော်လေး ဖြစ်နေကြပြီ၊ အဲဒီတော့ မြို့နယ်သံဃာ့နာယက ဆရာတော်တွေက ထိန်းကြပေါ့။ တချို့မြို့နယ်မှာလည်းပဲ ပရိတ်မရွတ်ရသေးဘူးဆိုရင် တနေ့လောက်တော့ရွတ်ပေါ့။ နောက်နေ့တွေ ဆက်တိုက်မရွတ်နဲ့။ တိုင်း ဒုဥက္ကဋ္ဌဆရာတော်က အဲဒီလိုအမိန့်ရှိတယ်။ အမိန့်ရှိတော့ ဘုန်းကြီးတို့က ကိုယ့်မြို့နယ်ရောက်တော့ စာတွေ ဘာတွေရိုက်ပြီး ကျောင်းတိုင်းပို့တာပေါ့၊ မြောက်ပိုင်း ၇၊ ၈ လမ်းဆုံမှာစုပြီးတော့ မြို့ဦးစေတီ အရောက်ပေါ့။ ဖိနပ်လည်းမစီးဘူး။ အဲဒီ ပရိတ်ရွတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၉ လပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ရွတ်ကြတာ။ ဘုန်းဘုန်းတို့လည်း တိုင်းက မှာတဲ့အတိုင်းပေါ့။ တရက် ရွတ်တာ။ ဒါပေမယ့် သံဃာအငယ်တွေကတော့ ထိန်းလို့မနိုင်ဘူး။ ရွှေတိဂုံဘုရားသွားလိုက်၊ ကြေးသွန်းဘုရားသွားလိုက်၊ ထိန်းလို့မနိုင်ဘူး။ မြို့နယ်တိုင်းမှာစုပြီး သွားကြတာပဲ။ ဒါကတော့ ကလေးတွေကိုး။ လူကြီးတွေ သွားတာမတွေ့ပါဘူး။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၇ ရက်နေ့ လောက်မှာ ဘုန်းဘုန်းတို့ကျောင်းကို မနက် ၆ နာရီ ၁၀ မိနစ်မှာ စစ်တပ် တပ်မ ၇၇ က အလုံးအရင်းနဲ့ ၀င်စီးတာ။ ရဲတပ်ရင်းတွေလည်းပါတယ်။ ကျောင်းပေါ်ကိုတက်လာတဲ့ စစ်သားတွေဟာ အကုန်လုံးမူးမူးရူးရူးနဲ့။ လူမှန်းသူမှန်းကိုမသိဘူး။ ဘုန်းကြီးတွေကို ခေါင်းကိုရိုက်တယ်။ ကျောင်းသားတွေကို ရိုက်ထုတယ်။ တချို့ကျောင်းသားတွေ ကွဲတယ်။ သွေးတွေတောင်မှ ခုထက်ထိ ရှိသေးတယ်။

ဘုန်းဘုန်းတို့ကျောင်းမှာရှိတဲ့သေတ္တာတွေကိုဖွင့်တယ်။ သေတ္တာတွေထဲကပစ္စည်းတွေ၊ ကင်မရာတွေ၊ ကက်ဆက်တွေ၊ ရေဒီယိုတွေ နောက် ကျောင်းသားလေးတွေ အပ်ထားတဲ့ မလေးရှားတို့ စင်ကာပူတို့ သွားလို့ အပ်ထားတဲ့ သေတ္တာတွေထဲကပစ္စည်းတွေ အကုန်ယူတာ၊ သေတ္တာ တလုံးယူတယ်။ ဘုန်းဘုန်းကျောင်းဆောက်နေတယ်။ ထိုင်ဝမ်က တရုတ်တွေက ဒေါ်လာ ၁ သောင်းလှူထားတယ်။ ဒေါ်လာ ၄ ထောင် လောက်ကျန်တယ်။ မြန်မာငွေက ၈ သောင်းပေါ့။ အဲဒါတွေကိုနှိုက်ပြီး ယူသွားတယ်။ ဘဏ်စာအုပ်တွေကိုလည်း သိမ်းသွားတယ်။

နောက် တရားရုံးရောက်တော့ ဘဏ်စာအုပ်တွေကို ပြန်ပေးတယ်။ ပိုက်ဆံတွေတော့ တပြားမှပြန်မရဘူး။

သူတို့လာဖမ်းတဲ့အချိန်မှာ ဘုန်းကြီးမျက်နှာကြက်မှာတက်ပုန်းနေတယ်။ နောက်ကလေးတွေကိုရိုက်မေးတော့ ဘုန်းကြီးမျက်နှာကြက်မှာ ဆိုတော့သူတို့ သေနတ်တွေနဲ့ချိန်ပြီး တက်လာတော့ ဆင်းလာတယ်။ ဆင်းလာတဲ့အချိန်မှာ ဘုန်းဘုန်းကို နောက်ပြန်လက်ထိတ်ခတ်ပြီး လက်သီးနဲ့ပိတ်ထိုးတယ်။ ခုတောင် ဒဏ်ရာတွေရှိသေးတယ်။ မျက်စေ့မှာ၊ မျက်သားတက်တဲ့ဒဏ်ရာ။ ဘုန်းဘုန်း ကလေးတွေကို တား လည်းတားတယ်။ သိပ်မသွားကြနဲ့တော့ ဖမ်းလိမ့်မယ်။ အမိန့်တွေလည်း ထုတ်ပြီးပြီ။ တပါး ၂ ပါးကတော့သွားတယ်။ နောက်ဆုံးတော့ ဘုန်းဘုန်းကို ဒီမြို့နယ်မှာ အမိန့်ထုတ်တယ်။ နှစ်ပါးဖမ်းတယ်။ ဖမ်းတဲ့နေ့သင်္ကန်းချွတ်ပြီး အင်းစိန်ထောင်တိုက်ရိုက်ပို့တာပဲ။ အဲဒီတုန်းကဘုန်းဘုန်းကျောင်းမှာစာသင်သား သံဃာ (၇၀) လောက်ရှိတယ်။ သင်္ကန်းအတင်းချွတ်တယ်။ ဒါလည်း အတင်းပါပဲ။ အတင်းချွတ်ခိုင်းတာ။ဘုန်းကြီးတို့က ချွတ်ရတာပဲလေ။ သူတို့က လက်နက်နဲ့ ချိန်ထားတာကိုး၊ အင်းစိန်ထောင်ရောက်သွားတော့လည်း ခြင်ထောင်မရှိဘူး။ ခြင်တအားကိုက်တယ်။ ကျွေးတာမွေးတာလည်း ဘုန်းကြီးတို့က အကောင်းစားနေတာ။ အင်းစိန်မှာ တပါတ်မှာ နှစ်နပ်လောက်ပဲကောင်းတာ။ ကျန်းမာရေး အရရော၊ စိတ်ဓါတ်ရေး အရရော၊ အင်းစိန်ထောင်မှာ ဖမ်းထားတာ တော်တော်လေးကို ဒုက္ခရောက်တယ်။

အင်းစိန်ထောင်မှာကျနေတုန်း တပွင့်နဲ့ တယောက်က ဦးဇင်းကို လက်သီးနဲ့ထိုးတယ်။ လက်ကိုထိုးတယ်။ ထိုးရတဲ့အကြောင်းရင်းက ဘုန်းဘုန်းကျောင်းကနှစ်ပါးပါလာတယ်။ သူက ပရိတ်ရွတ်တုန်းကပါတဲ့ အပါးသုံးဆယ်နာမည်တွေကို ရေးခိုင်းတယ်။ ဖမ်းတဲ့အထဲမှာ ဘုန်းဘုန်း ကျောင်းကတပါးလည်းပါတော့ သူကတော့ အကုန်ရေးနိုင်တာပေါ့။ ဘုန်းဘုန်းကတော့ မရေးနိုင်ဘူး။ ပြည့်အောင် ဖြည့်ပြီးရေးတာကိုး။ အဲ လိုဆိုတော့ ဟိုဦးဇင်းနဲ့မတူတော့ ညာပြောတယ်ဆိုပြီး စစ်နေတုန်းအချိန်မှာ လက်သီးနဲ့ထိုးတယ်။ စရဖကလည်း လာစစ်တယ်။ မတ်တပ်ရပ် ခိုင်းထားတယ်။ သူတို့ကတော့ သင်္ဃန်းချွတ်လိုက်ပေမယ့် ဘုန်းဘုန်းတို့မှာ သိက္ခာမှမချပဲ။ သူတို့ သာမန်လူတယောက်လောက်တောင် မဆက်ဆံဘူး။

ဒီလောက်လေးနဲ့သာသနာကို ရက်ရက်စက်စက်လုပ်တော့ ဘုန်းကြီးတို့စိတ်မကောင်းဖြစ်နေတာပေါ့။ အထက်ကလူလည်းပဲ ဒီလောက်ထိ ခိုင်းမယ်လို့ မထင်ဘူး။ လုပ်တဲ့သူက မူးမူးရူးရူးနဲ့လုပ်တာလို့ ထင်တယ်။ အေးအေးဆေးဆေး ခေါ်လာလို့ရပါတယ်။ အခုတော့ ဘုန်းကြီးက သင်္ဃန်းဝတ်ကြီးနဲ့  ကားမှာဝပ်ပြီးလိုက်ရတာ။ သူတို့က ထိုင်ပြီးလိုက်လာတာ။ ကားပေါ်မှာ ထိုင်လိုက်လာတာက စစ်သားတွေ၊ ဘုန်းဘုန်းတို့ သိက္ခာတောင်မချရသေးပဲ အဲလိုဆက်ဆံတာကတော့ အန်မတန်ဘာသာရေးမှာ ရိုင်းစိုင်းမှုရှိတယ်လို့ ယူဆတယ်။ စစ်ကားပေါ်မှာ ၀ပ်နေရ တယ်။ လက်ထိပ်ကြီးနဲ့ သွေးတွေတောင်ထွက်တယ်။ တင်းလွန်းလို့။ သံလက်ထိပ်နဲ့ ဦးဇင်းနှစ်ပါး အောက်မှာ ၀ပ်ထားခိုင်းတာ။ သိက္ခာလည်း မချရသေးဘူး။ သင်္ဃန်းလည်း မချွတ်ရသေးဘူး။ မြင်တာက ဒီပုဂ္ဂိုလ်ဟာ ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီး လုပ်လို့မှမရပဲ။ သာသနာမှာမ ဟုတ်ဘူးလား။ ကောင်းကောင်းမွန်မွန်ခေါ်ရမယ်။ ကောင်းကောင်းမွန်မွန်ခေါ်ပြီး ဆရာတော်ကြီးတွေနဲ့ သိက္ခာချခိုင်းရမယ်။ လူရိုင်းသဘော မျိုးဖြစ်နေတယ်။ သူတို့လုပ်တာက။

ထောင်ထဲမှာ သူတော်ကောင်းတွေလည်းရှိတယ်။ ဆရာတော်ခေါ်တာမျိုးလည်းရှိတယ်။ ရှိခိုးတယ်။ တချို့ရဲတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ သူတို့ သဘောတရားတွေကိုလည်း အကုန်လုံးနားလည်တယ်။ ဘုန်းဘုန်းတို့က အကုန်လုံးကိုမပြောပါဘူး။ ယုတ်မာတဲ့သူရှိ သလို သူတော်ကောင်းတွေလည်းရှိတယ်။ ညွှန်ချုပ်တွေလည်း ဆရာတော်ခေါ်တယ်။ သင်္ဃန်းမရှိပေမယ့်။ သုံးပွင့်နဲ့ ၀န်ထမ်းတွေလည်း ဆရာတော်၊ ဆရာတော်ကြီး အဲလိုခေါ်တယ်။ ဒါသူတို့ရဲ့ ဟိုဥစ္စာပေါ့။ ဘာသာရေးအပေါ်မှာ ယုံကြည်ချက်ပေါ့။ တချို့ကတော့ ဘုန်းကြီး မဟုတ်တော့ဘူးဆိုပြီး အဲလိုလုပ်တာ။

သူတို့အနေနဲ့ ဘယ်ဥပဒေနဲ့ကြည့်ကြည့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမယ်။ မြို့နယ်သံဃနာယကတပါးကို အမှုလုပ်မယ်။ စစ်ဆေးမယ် ဆို တိုင်းသံဃာ့နာယကကတဆင့်သာ လုပ်ရမယ်။ အခုက သူတို့က ပြောင်းပြန်ဖြစ်နေတယ်။ သူတို့လုပ်ပြီးမှ တိုင်းသံဃနာယက တွေကို ခေါ်ပြီးတော့ တဖက်သတ် ဒီဘုန်းကြီး ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အမျိုးမျိုးလုပ်ပြီးတော့ အထက်ကို တင်ပြတယ်။ ဘုန်းဘုန်းတို့က ဒီ လောက်ကြီး အပြစ်ရှိတာမဟုတ်ဘူး။ ၀ိဘဇ္ဖ ၀ိဉာဏ ဉာဏ်နဲ့ စဉ်းစားကြည့်ရင် ဟုတ်လား။ ဥပဒေ အတိုင်းလုပ်သင့်တယ်။ အခုက ဥပဒေကို မျက်ကွယ်ပြုပြီး ဒီလိုလုပ်တယ်လို့ ဘုန်းဘုန်းတို့ ယူဆတယ်။ အေးအေးဆေးဆေး ခေါ်လို့ရတယ်။ အဲလိုမဟုတ်ပဲ အခုလိုလာခေါ်တာက ခွေးရူးနဲ့တူတယ်လို့ ပြောချင်တယ်။ လူကောင်းတွေကို မစော်ကားဘူး။ ခွေးရူးတွေက ကိုယ့်ကိုကျွေမွေးထားတဲ့သခင်လည်း မသိတော့ဘူး။ ကိုက်မှာပဲ။ အပြစ်ရှိလား မရှိလား မစဉ်းစားတော့ဘူး။ ကိုရင်တွေ့ရင် ကိုရင်ရိုက်၊ ရှိတဲ့ပစ္စည်းကိုယူ။ အဲဒီပစ္စည်းတွေကလည်း တရားရုံးဆုံး ဖြတ်တဲ့အခါ မီးရှို့တဲ့အထဲကို ထည့်လိုက်တယ်။ ပစ္စည်းကောင်းတွေကို၊ မီးရှို့ဖျက်ဆီးတယ်ဆိုပြီး ထည့်လိုက်တယ်။ ကျောင်းသားအ၀တ် အစားတွေပဲ၊ ကျောင်းသားသေတ္တာတွေကို၊ ကျောင်းဆိုတာက တောထဲမှာနေတဲ့ ပုဂ္ဂိုလ်မှမဟုတ်ပဲ။ တောရဆောက်တည်နေတဲ့ ပုဂ္ဂိုလ်မှ မဟုတ်ပဲ။ မြို့မှာနေတာဆိုတော့ ဒီဘုရားတောင်မှ စရိယ သုံးပါးကျင့်ခဲ့တာပဲ။
အထဲမှာနေရတော့လည်း တချို့ထောင်ပိုင်တွေက ဘုန်းဘုန်းတို့ကို ဘုန်းကြီးအနေနဲ့ အသိအမှတ်ပြုပါတယ်။ ဒီဘုန်းကြီးတွေဟာပရိတ်ရွတ် တာပဲ။ ရာဇ၀တ်မှုမှမဟုတ်တာဆိုပြီး ကောင်းကောင်းဆက်ဆံပါတယ်။ တချို့က အဲလို မဟုတ်တာလည်းရှိတယ်။

အင်းစိန်မှာ ၁၃ လနေခဲ့ရတယ်။ အမှုကပြီးတယ်။ ဒါပေမယ့် ဆုံးဖြတ်တာက အကြာကြီးနေမှဆုံးဖြတ်တာ။ ၂၀၀၇ စက်တင်ဘာမှာ ဖမ်းတာ ကို ၂၀၀၈ ဆယ်လပိုင်းမှဆုံးဖြတ်တာ။ အမိန့်ချတဲ့တရားသူကြီးက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာကို မရေးလိုက်ဘူး။ အဲဒါကြောင့် လွတ် တဲ့အခါ နောက်ကျနေတာ။ မေးကြည့်တော့ တချို့တရားသူကြီးတွေက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာရေးတယ်။ တချို့က မရေးဘူး။ အဲဒါကြောင့် အင်းစိန်ထောင်မှာ နေတဲ့ရက်တွေ အလကားဖြစ်သွားတာပေါ့။

ပုဒ်မက ၅၀၅ (ခ) နဲ့ ဘုန်းကြီးတိုင်းကို တပ်တာပဲ။ သာသနာ ညှိုးနွမ်းမှု၊ နောက်ပြီးတော့ ကျောင်းကသိမ်းလာတဲ့ တုတ်တွေ ဓါးတွေပေါ့၊ ဟင်းလှီးဓါးတွေပါ။ ထင်းခုတ်ဓါးမတွေ။ ဘုန်းဘုန်းလမ်းလျှောက်တဲ့တုတ်တွေကိုလည်း ပုဒ်မတပ်တယ်။ နောက် အဖွဲ့အစည်း တရားမ၀င် အသင်းအဖွဲ့ဆိုပြီး ထောင်ချတယ်။ ဘုန်းဘုန်းတို့ကတော့ ထောင်ထဲမှာတရားထိုင် လမ်းလျှောက်၊ စာဖတ်ပေါ့။ ဒါကတော့ ကိုယ့်အလုပ်လုပ် ရတာပေါ့။

ဘုန်းဘုန်းတို့ကတော့ ထောင်ထဲရောက်ဖူးသူဆိုတော့ ကိုယ်ချင်းစာတယ်။ အကုန်လုံး လွတ်စေချင်တယ်။ အခု ဦးသိန်းစိန်အစိုးရက ဂွတ် ဂါးဗားမင့်၊ ကလင်း ဂါးဗားမင့် ဖြစ်ရမယ်ဆိုတော့ အဲဒီစကားကို တအားယုံကြည်တယ်။ အားလည်း အားကိုးတယ်။ အခုတော့ ဘုန်းဘုန်းတို့က အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်မပေးဘူးဆိုတော့ Dumb Government လိုဖြစ်နေတယ်။ ဉာဏ်ထိုင်းနေတဲ့ အစိုးရလိုဖြစ်နေတာ။ အခု ၂ သုတ်ရှိပြီး အများကြီးကျန်နေသေးတယ်။

အခု ထောက်လှမ်းရေးတွေလည်း ဖမ်းထားတဲ့သူတွေ ဗိုလ်မှူးကြီးစန်းပွင့်တို့ ဗိုလ်ချုပ်ခင်ညွန့် သားမက်ကိုတင်ထွတ်တို့ တူတွေ ဗိုလ်ကြီး တွေအများကြီးပဲ သရက်ထောင်မှာ၊ သူတို့ စိတ်ကောင်းနှလုံးကောင်းရှိရင် လွှတ်ပေးရမှာပဲ။ သူတို့လည်း မိသားစုနဲ့ ပြန်တွေ့ချင်မှာပဲ။ မ ဟုတ်ဘူးလား။ ဘုန်းဘုန်းတို့က အားလုံး ထောင်ခါပစ်လိုက်စေချင်တယ်။ ဒါမှပဲ အသစ်တက်လာတဲ့ အစိုးရဆိုတာ၊ နောက်မှ အပြစ်ရှိရင် ဖမ်းပေါ့။

ဒီမိုကရေစီအစိုးရဖြစ်လာမယ်ဆိုရင် လွှတ်ပေးစေချင်တယ်။ လွှတ်ပေးမှလည်း နိုင်ငံတကာက သူတို့အပေါ်အကောင်းမြင်မှာ။ အခု ဘုန်း ဘုန်းက လွတ်ဖို့ ၁၆ ရက်ပဲ ကျန်တော့တယ်။ ၂၈ ရက်နေ့ လွတ်မှာ။ အောက်တိုဘာ ၂၈ လွတ်ဖို့ စာကပ်ထားပြီ။ လွတ်ခါနီး ဖြစ်တာပေါ့။ တချို့လည်း ပါပါတယ်။ အနှစ် ၂၀ ကျတာ အခု ၁၀ နှစ်နဲ့ လွတ်လာတယ်ဆိုတာမျိုး။ အချို့အချို့ပေါ့။ ဒီတသုတ်မှ ထောက်လှမ်းရေးတွေ သူတို့ ပါလောက်တယ်လို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် အခုလွတ်တော့ သူတို့မပါဘူး။ သရက်ထောင်မှာတော့ တနေ့ကို နေ့ခင်း ၂ နာရီပဲ ပိတ်တယ်။ ကျန်တဲ့ နေ့ခင်းအချိန်တွေ အခန်းပြင်ထွက်ခွင့်ရတယ်။ အင်းစိန်မှာတော့ အဲလိုမဟုတ်ဘူး။ သီးသန့်မှာနေရတော့ အဲလို မထွက်ရဘူး။ အထဲက အကျဉ်းသားတွေကလည်း ဘုန်းဘုန်းကို အကုန်လုံးဘုန်းကြီးပဲ။ လှူလည်း လှူကြတယ်။ ရှိလည်းခိုးတယ်။ ထောက် လှမ်းရေးအဖွဲ့တွေလည်း လှူတယ်။ ကိုတင်ထွဋ်တို့ကအစ၊ သူတို့ ဆွမ်းတွေဘာတွေကအစ၊ သူတို့ စနေနေ့ဆို သက်သတ်လွတ်စားရင် ဘုန်းဘုန်းကို သက်သတ်လွတ်လာလှူတယ်။ ဘုန်းဘုန်းလဲ ဘုန်းပေးတယ်။ သူတို့ကလည်း အရင်တုန်းကထောက်လှမ်းရေးဆိုတော့ အာ ဏာတအားကြီးတာကိုးနော၊ အာဏာရှိခဲ့တော့ ဘုန်းကြီးတွေကိုဖမ်းခဲ့တာ ချုပ်ခဲ့တာလည်းရှိတယ်။ သူတို့ကိုတော့ ထောင်ထဲမှာ အညှိုး ထားသူလည်း ထားကြတယ်။ ဘုန်းဘုန်းတို့တော့ မထားပါဘူး။ ၀ဋ်လည်တယ်လို့ပဲ ယူဆတယ်။ ဘုန်းဘုန်းတို့လည်း လက်တွေ့ပဲ ဖမ်း ထားခဲ့တာ။ ဘာမှ အပြစ်မရှိပဲ အတင်းဆွဲချွတ်။ ထောင်ချတာ။ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ ပြုသူအသစ် ခံသူအ ဟောင်းတဲ့။

ဘုရားတရားလုပ်ကြတာတော့ တွေ့တာအများကြီးပဲ။ သံဝေဂရတယ်ဆိုတာတော့ ဘုရားကျမ်းဂန်ပေါ်မူတည်တာပဲ။ သူတို့လည်း ဘုန်းကြီး တွေဖမ်းခဲ့တာ တာဝန်အရလုပ်ခဲ့ရတယ်လို့ပြောတယ်။ ဒီလိုပဲ ပြောတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ တာဝန်အရပေမယ့် ဘုန်းကြီးတို့ ရဟန်းတွေက လူသတ်တာလည်း မဟုတ်။ ခိုးတာလည်း မဟုတ်။ ပရိတ်ရွတ်တာလောက်ပဲ။

ဘုရားသက်တော် ထင်ရှားရှိစဉ်ကတည်းက လိစ္ဆ၀ီမင်းသားတွေကို တရားလည်းမဟောတော့ဘူး။ သူတို့လှူတာလည်း မစားတော့ဘူး။ ဘု ရားက ပါရမီရှင်ပဲ။ ဘုရားကို ပြစ်မှားလို့ရှိရင် ဒိဋ္ဌဓမ္မအကျိုးပေးတာပေါ့။ ဘုန်းဘုန်းတို့ ပါရမီမပြည့်သေးတဲ့ပုဂ္ဂိုလ်တွေကို ပြစ်မှားတာက တော့ လက်ငင်း အကျိုးမပေးတောင် တနေ့တော့ပေးမှာပဲ။ ပေးမှာလို့ ဘုန်းကြီးလည်းယူဆတယ်။ ဒီသံဃာတွေကို မတရားလုပ်ထားတာတွေ စိတ်ကောင်းနှလုံးကောင်းမရှိပဲ လုပ်ထားတာတွေ၊ တချို့ကတော့ သူတော်ကောင်းတွေ ရှိပါတယ်။ အာဏာရှိတဲ့ပုဂ္ဂိုလ်ထဲမှာ ဘုရားတရားကို မစော်ကားရဲဘူး။ သူတော်ကောင်းတရားဆိုတာက မိမိကြောင့် မည်သူမျှ မတရားသဖြင့် မနစ်နာစေရ ဆိုတဲ့အခြေခံမူတော့ ရှိရမှာပေါ့။ ၀န် ထမ်းပေမယ့်လည်း ဒီမူတော့ ရှိရမှာပေါ့။ အဲလိုမရှိဘူးဆိုရင် တိုင်းပြည်က မင်းကျင့်တရားနဲ့ မညီဘူးလို့ဆိုရမှာပေါ့။ အကျဉ်းထောင်မှာ ကျန် နေသေးတဲ့သံဃာတွေကိုလည်း သမတကြီးဦးသိန်းစိန်အနေနဲ့ အမြန်လွတ်ပေးစေချင်ပါတယ်။

ရင်းမြစ်

ဦးကောဝိဒနှင့် အင်တာဗျူး (မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၃၀၊၂၀၁၁)

Tuesday, March 20, 2012

Daw Suu not welcome in Ma Gwe by authority

 သင်းချိုင်းကုန်းနဲ့ သောင်ပြင်မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား
မိုးမခမိတ်ဆွေ (မြေလတ်)။ မတ် ၂၁၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး ခရီးစဉ်ကို မတ်လ ၂၇ မှာ မော်တော်ယာဉ်တန်းဖြင့် သွားမည်လို့ ပြောပါတယ်။ ညောင်ဦးကိုတော့ လေယာဉ်နဲ့ လာမယ်လို့ ဆိုပါတယ်။ မကွေးမှာ ဟောပြောစည်းရုံးခွင့်ရဖို့ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မပေးဘူးလို့ ကြားနေရပါတယ်။ သင်းချိုင်းကုန်းမြေကွက်လပ်တွေမှာ ဟောလို့ ရမယ်လို့ ကော်မရှင်က လက်လွတ်စပယ်ပြောတယ်လို့လည်း ဆိုကြတယ်။ ၀န်ထမ်းတွေကိုလည်း အဲသည်နေ့ အစည်းအဝေးလုပ်ပြီး ရုံးမှာ နေရမယ်လို့ ပြောသံကြားတယ်။ သောင်ပြင်မှာ လုပ်မှာစိုးလို့ သောင်ပြင်တခုလုံးကို သောင်တူးစက်နဲ့ တူးဆွထားတာကလည်း မွနေ ပလဲနေတာပဲဗျာ။
  အခုပေးပို့လိုက်တဲ့ အမတ်လောင်းတွေရဲ့ မဲဆွယ်လက်ကမ်းစာရွက်တွေပါ။ တဆညပါတီအမတ်လောင်းနဲ့ အင်န်အယ်ဒီအမတ်လောင်း ၂ ဦးရဲ့ ဘ၀ဖြတ်သန်းမှုတွေကို နှိုင်းယှဉ်ကြည့်ကြပါ။ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စား အလုပ်လုပ်မယ့် တိုက်ပွဲဝင်မယ့် အမတ်လောင်းက ဘယ်သူလဲဆိုတာ ထင်ရှားပါတယ်။

U Kovida, head master of Burmese refugee's children school

ထိုင်းနိုင်ငံ၊ မဲဆောက်၊ ရွှေသဇင်စာသင်ကျောင်း ဆရာတော် ဦးကောဝိဒနှင့်တွေ့ဆုံခြင်း
အရှင်ပညာနန္ဒ၏ ရွှေဝါရောင် ရုပ်သံမှတ်တမ်းအစီအစဉ်
မိုးမခရုပ်သံ၊ မတ် ၂၁၊ ၂၀၁၂
Posted by MoeMaKa at 10:29 PM 0 comments
Labels: MoeMaKa VDO

Cartoon Saw Ngo

သတ်ပုံမှားလို့ ...
ကာတွန်းစောငို 
မတ်လ ၂၁၊ ၂၀၁၂

Posted by Ko Oo at 8:18 PM 0 comments
Labels: Cartoon Box, Saw Ngo

Kyaw Thu - FFSS Yangon Activity,

ခရီးသွားရင်း ကုသိုလ်ယူမယ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၂၁၊ ၂၀၁၂




လူ့ဘဝတွင် သက်ရှိလူသားများသည် နေ့စဉ်နှင့်အမျှ ခရီးသွားနေကြသူများဖြစ်သည်။ မိမိတို့၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး မှတ်တိုင်များကို တစ်ခုချင်း တစ်ခုချင်း ကျော်ဖြတ်၍ သွားလာလှုပ်ရှားနေကြသည်။ ထိုသူများထဲတွင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လူမှုရေးသမားများသည်လည်း လူမှုခရီးသွားများဖြစ်ကြသည်။





လူသားတို့သည် မိမိတို့၏ မိသားစုအရေးကိစ္စသော်၎င်း၊ မိမိ၏ ကိုယ်ပိုင်ကိစ္စအတွက်သော်လည်းကောင်း၊ အများအတွက် ပရဟိတအရေး အတွက်သော်လည်းကောင်း၊ နေ့စဉ် မြန်မာပြည်အနှံ့ ခရီးသွားနေကြရသည်။ ထိုကဲ့သို့ခရီးသွားနေကြသော ခရီးသွားပြည်သူများတွင် ရွှေစင်စင်္ကြာ ခရီးသွားလုပ်ငန်းမှ မော်တော်ယာဉ်များဖြင့် ခရီးသွားကြသော မိဘပြည်သူတို့အတွက် ထူးခြားမှုတစ်ရပ် ဖြစ်ပေါ်လာတော့သည်။



နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ၁၇.၃.၂၀၁၂ (စနေနေ့) တွင် ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မှ အလှူငွေ သိန်းနှစ်ရာကျပ်နှင့် ဆယ်ခြောက်သိန်းခွဲ တန်ဖိုးရှိငွေစက္ကူရေစက်အား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပိုင်ရှင်ဖြစ်သူ ဦးလှမိုးလှိုင် ဦး ဆောင်၍ ရွှေစင်စင်္ကြာ၏ ဝန်ထမ်းများနှင့်အတူ လာရောက်လှူဒါန်းခဲ့သည်။ ရွှေစင်စင်္ကြာ၏ ကြိုးပမ်းမှုကြောင့် သမ္မာအာဇီဝဖြင့် ရလာခဲ့သော ငွေများထဲမှ ခရီးသည်များနှင့် ပြည်သူများအတွက်တဖက်တစ်လမ်း လှူဒါန်းမှုပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထိုကဲ့သို့ ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်တင်ပို့ဆောင်ရေးလုပ်ငန်း) သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လာရောက်၍ လှူဒါန်းမှုပြု ခဲ့သည်မှာ စတုတ္တအကြိမ်မြောက် လှူဒါန်းမှုဖြစ်ပြီး ယင်းကဲ့သို့လှူဒါန်းမှုမျိုးလုပ်သည့်အတွက် ဆေးဝါးကုသကြမည့် မျက်စိဝေဒနာရှင်များ၊ လူနာများ၊ အလှူငွေများ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် ရွှေစင်စင်္ကြာမိသားစုဝင်များ၊ ဝန်ထမ်းများအားလုံးနှင့် ခရီးသွား မိဘပြည်သူများအပေါင်းတို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေဟု မေတ္တာပို့သဆုတောင်းလိုက်ရပါတော့သည်။ ခရီးသွားမိဘပြည်သူအပေါင်းတို့သည်လည်း မိမိတို့လိုရာခရီးပန်းတိုင်သို့သွားရင်းဖြင့် ကောင်းမှုကုသိုလ်ကိုပါ တပြိုင်နက်တည်း ရယူနိုင်ပြီဖြစ်ပါတော့သည်။

Letter - Burmese Generals pensions and awards in millions

၁၉၈၈ - ၂၀၁၁ န၀တနဲ့ နယက စစ်အုပ်ချုပ်ရေးခေတ်အတွင်း စစ်ဗိုလ်ချုပ်ကြီးများ၏ ပင်စင်နှင့် နိုင်ငံရေးဆုကြေးငွေ လေ့လာဖွယ်
မိုးမခစာဖတ်သူတဦး၊ မတ် ၂၁၊ ၂၀၁၂


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages