အီလီနွိုက်စ်ပြည်နယ်က ဗီဗီယံ ၀ှီလာ ဆိုသူ အမေရိကန်အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ
မုတ်ဆိတ်မွေးအရှည်ဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ထားပါတယ် … သူမရဲ့
မုတ်ဆိတ်မွေးအရှည်ဟာ ၁၁ လက်မ( ၂၇.၉ စင်တီမီတာ) ရှိပါတယ် ။သူမဟာ
သူမအမေကဲ့သို့ hypertrichosis, known as werewolf syndrome
မွေးရာပါ ဟိုမုန်းပြောင်းလဲမှုကြောင့် ငယ်ရွယ်စဉ်ထဲက မျက်နှာပြင်မှာ အမွေးတွေ
စပေါက်ခဲ့တာပါ ။ သူမအသက် ၇ နှစ်အရွယ်မှာတော့ သူမအဖေရဲ့ တောင်းဆိုမှုအရ
မုတ်ဆိတ်မွေးတွေ စတင်ရိတ်ခဲ့ပါတယ် … သို.သော်လည်း ၁၉၉၃ ခုနှစ်ကစပြီး
မုတ်ဆိတ်ရိတ်တဲ့အလုပ်ကို လုံးဝစွန့်လွတ်လိုက်ပြီး မုတ်ဆိတ်ထားခဲ့ပါတယ်
သူမရဲ့ထူးခြားလှတဲ့အကြောင်းအရာတစ်ခု ရှိပါသေးတယ် ။ ဒါကတော့…
သူမကို မွေးဖွားစဉ်က အဖို နဲ့ အမ မျိုးပွားအင်္ဂါနှစ်မျိုးလုံး ပါ ပါတယ်တဲ့ ..
သူမရဲ့ ပါးပြင်နဲ့ မေး၇ိုးတစ်လျောက်မှာလည်း တစ်လက်မခွဲခန့်ရှည်တဲ့
အမွေးတွေ ဖုံးလွမ်းနေခဲ့ပါတယ် ။သူမ၇ဲ့ အမေက သူမကို မိန်းကလေးတစ်ယောက်သာ
ဖြစ်စေချင်တာကြောင့် ဖိုမျိုးပွားအင်္ဂါကို ဖြတ်တောက်ပစ်ပေးဖို. ဆရာဝန်များကို
တောင်းဆိုခဲ့ပါတယ် ။
သူမရဲ့ အဖေဟာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေပေါက်နေတဲ့ သမီးကြောင့် ရှက်ရွံ့ခဲ့ပါတယ် ။
သို.ပေမဲ့လည်း အဖေဖြစ်သူဟာ ဒီမုတ်ဆိတ်မွေးပေါက်နေတဲ့ သမီး၇ဲ့ အခြေအနေဆိုးကို
အမြတ်ထုတ်ခဲ့ပါတယ် ။ မစ္စ ၀ှီလာ ဟာ ငယ်စဉ်ကတည်းက ပြပွဲတွေမှာ လူထူးလူဆန်း
တစ်ယောက်အဖြစ် တင်ဆက်ပြသခြင်းအလုပ်ကို လုပ်ဆောင်ခဲ့ပြီး မိသားစုကို
ပိုက်ဆံ၇ှာပေးခဲ့ရပါတယ် ။
မစ္စ ၀ှီလာဟာ ရစ်ချတ်ဆိုသော အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး ရစ်ချတ် ၀ီလီယံ
ဆိုသော သားတစ်ဦးကို ၁၉၇၇ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ် .. သူမဟာ အမျိုးသားကဲ့သို့
အရိုးဖွဲ့စည်းတည်ဆောက်ပုံ၇ှိပြီး ကျားဟိုးမုန်းတစ်ဝက် မဟိုမုန်းတစ်ဝက်ဖြစ်နေတာကြောင့်
မီးဖွားစဉ်အခါက သားဖွားဆရာဝန်များရဲ့အမြင်မှာ မစ္စ ၀ှီလာဟာ သားဖွားနိုင်ဖို.
မဖြစ်နိုင်ဘူးလို. တထစ်ချတွက်ဆခဲ့ပေမဲ့ သူတို.အထင်မှားခဲ့ပါတယ် ။ သို.သော်လည်း
ကံဆိုးသူ မစ္စ ၀ှီလာဟာ သူမ၇ဲ့ကလေး နဲ့ ရက်အနည်းငယ်သာ အတူတူနေခွင့်ရခဲ့ပြီး
ကလေးရဲ့အဖေက သားငယ်လေးကိုယူဆောင်ပြီး သူမနဲ့ဝေးရာကို ထွက်သွားခဲ့ပါတယ် ။
အကျဉ်းချုံးပြောရရင် သူမအသက် ၆၂နှစ်အရွယ်မှာ အသက် ၃၃ နှစ်ရှိပြီဖြစ်သော
သားဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ် ။ကမ္ဘာတစ်လွားထူးထူးခြားခြား
ပုဂ္ဂိုလ်များအကြောင်း ပြသလေ့ရှိတဲ့ အမေရိကန်ရုပ်သံအစီအစဉ်တစ်ခုကိုကြည့်ပြီး
သားဖြစ်သူ ရစ်ချတ်ဂျူနီယာဟာ စတင်အဆက်အသွယ်ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။

ဗီဗီယံ နဲ့ သူ့သားတို. ပြန်လည်ဆုံစည်းခဲ့ကြပုံ..
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0---------------------------------
( ) 0ooo
\ ( ( )
\_) ) /
(_/