ထူးခြားတဲ့ အိန္ဒိယ ကလေးငယ်

5 views
Skip to first unread message

ဦးဦး မှော်ဆရာ

unread,
Mar 13, 2011, 11:10:47 PM3/13/11
to O, 1, 2, 3, 4, 5, 6, 8

(၁)ထူးခြားတဲ့ အိန္ဒိယ ကလေးငယ်


အိနိ္ဒယ နိုင်ငံ မာရုဒ် တွင် နေထိုင်တဲ့ ကရမ် ဆင်း ဆိုသူ ကလေးငယ် တစ်ဦးဟာ မူကြို အရွယ် ကလေးငယ် ဖြစ်ပေ မယ့် ရွယ်တူ ကလေး

ငယ်ထက် ကိုယ်ခန္ဓာ ထွားကြိုင်းပြီး နှစ်ဆ ကြီးမားနေပါတယ်။ ဖခင်မှာ အရပ် ၆ ပေ ၇လက်မရှိတဲ့ ဘတ်စကက်ဘော ကစားသမား

တစ်ဦးဖြစ်ပြီး၊ ဓနသဟာရ အားကစား ပြိုင်ပွဲတွင် ပါဝင် ဆင်နွှဲလျက် ရှိပါတယ်။

 

ကရမ်ဆင်းကို မွေးစဉ် သာမန် အရွယ်ထက် နှစ်ဆရှိပြီး၊ ကိုယ်အလေးချိန် ၁၃ ပေါင်ရှိပါတယ်။ အရပ်အမောင်း ၂ ပေခန့်ရှိသဖြင့် အ၀တ်အစားကို

၁၀ နှစ်သား အရွယ်ဆိုဒ်ကို ချုပ်ပေးရတယ်လို့ ဆိုပါတယ်။ နေ့စဉ် ပန်းသီး ငါးလုံး၊ ပျားရည် ၁၀ ဇွန်း သောက်ပြီး၊ သူ့အတွက် စားစရိတ် ၁၂၄

ပေါင် အပိုကုန် ပါတယ်လို့ သူ့မိခင်က ပြောပြပါတယ်။

 

အိပ်ရာထ,ထချင်း ကရမ်ဆင်းဟာ အစာစားရန် အမြဲတောင်း လေ့ရှိပါတယ်။ မူကြို ကျောင်းပို့ရာ၌ ထွားကြိုင်းလွန်းလှသဖြင့် ကျောင်းက

လက်မခံခဲ့ပေ။ ကရမ်ရဲ့ မိဘများက အားကစားသမား တစ်ဦး ဖြစ်စေချင်ပြီး၊ ကမ္ဘာ့အရပ် အရှည်ဆုံး လူသား တစ်ဦး ဖြစ်ရန် ဆန္ဒရှိတယ်လို့

ပြောဆိုကြပါတယ်။



ဦးဦး မှော်ဆရာ မေးလ်ဂရု 1.jpg


*** ခုကလေးကတော့ နောက်တစ်ယောက်ပေါ့ဗျာ .. ဒီကလေးလည်း မူကြိုကျောင်းကတောင်လက်မခံဘူးတဲ့ဗျာ .. :(

ဦးဦး မှော်ဆရာ မေးလ်ဂရု 2.jpg


(၂)ကမ္ဘာကိုယ် ခန္ဒာအသေးဆုံး အမျိုးသမီး



ဦးဦး မှော်ဆရာ မေးလ်ဂရု 3.jpg

အရပ် အမြင့် ၂၈ လက်မ သာ ရှိသည့် ကမ္ဘာ့ ကိုယ်ခန္ဓာ အသေးဆုံး အမျိုးသမီး ဟာတီစီကိုကာမန်က ၎င်း အပေါ် စစ်မှန်သည့် မေတ္တာ ထားရှိမည့်

ဖူးစာဖက် တွေ့မည် ဟု ယုံကြည် မျှော်လင့် နေကြောင်း The Daily Mail သတင်း မီဒီယာသို့ ထုတ်ဖော် ပြောကြားသည်။

မိမိသည် ယခုအခါ ကိုယ်ခန္ဓာ အရွယ်အစားကြောင့် ထင်ပေါ် ကျော်ကြားနေပြီ ဖြစ်ကြောင်း၊ မိမိသည် ကမ္ဘာ့အရပ် အမြင့်ဆုံး အမျိုးသား အပါအ၀င်

နိုင်ငံတကာ ပြည်သူများနှင့် ထိတွေ့ဆက်ဆံလိုကြောင်း အသက် ၂၁ နှစ်အရွယ်ရှိ ဟာတီစီက ဆိုသည်။ ကမ္ဘာ့ ဒုတိယ ကိုယ်ခန္ဓာ အသေးဆုံး

သက်ရှိ လူသားအဖြစ်လည်း ရပ်တည် နေသူ ဟာတီစီ၏ ခန္ဓာကိုယ် အလေးချိန်မှာ ၁၅ ပေါင်သာရှိသည်။ မိမိသည် ကိုယ်ခန္ဓာကိုယ်

သေးလွန်းခြင်းမှ တစ်ပါး သာမန် အမျိုးသမီးတစ်ဦးအတိုင်း ဖွဲ့စည်းမှုပြည့်စုံ ကြောင်း ဟာတီစီက ထပ်လောင်း ပြောကြားသည်။

တူရကီ နိုင်ငံ ကာဒီအာလီမြို့၌ နေထိုင်လျက်ရှိသူ ဟာတီစီမှာ မိဘများ ဆင်းရဲ နွမ်းပါးသော် လည်း အဆင့်မြင့်ပညာများ

ဆက်လက် ဆည်းပူးရန် စိတ်အား ထက်သန်လျက်ရှိသည်။

လက်ရှိ ကမ္ဘာ့ ကိုယ်ခန္ဓာ အသေးဆုံး အမျိုးသားမှာ နီပေါ နိုင်ငံမှ ခါဂန် ဒရာသာပါးမာဂါဖြစ်ပြီး ၎င်း၏အရပ်အမြင့်မှာ ၂၅ ဒသမ ၈လက်မ ဖြစ်သည်။

ဟာတီစီအနေဖြင့် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့က ချီးမြှင့်သော ဆုကြေး အမေရိကန် ဒေါ်လာ ၅၀,၀၀၀ လက်ခံ ရရှိပြီးဖြစ်သည်။


(၃)သစ်သားစ ထုတ်ချင်းပေါက် စိုက်ဝင် နေသော်လည်း ဆုရအောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် စက်ဘီးသမား


မလေးရှား စက်ဘီးစီး အားကစားသမား တစ်ဦးသည် ကမ္ဘာ့ဖလား စက်ဘီးစီးပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ်အတွင်း  ၉ လက်မရှည်သည့် သစ်သားစတစ်ခု ခြေသလုံးတွင် ထုတ်ချင်းပေါက် စိုက်ဝင်သွားသော်လည်း မရပ်ဘဲ ဆက်လက်ပြီး အပြင်းအထန် နင်းလျက် ကြေးတံဆိပ် ဆုရအောင် ယဉ်ပြိုင်နိုင်ခဲ့သည်ဟု သိရသည်။


Azizulhasni Awang သည် မန်ချက်စတာ တွင်ကျင်းပသော စက်ဘီးစီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေစဉ်အတွင်း မတော်တဆ တိမ်းမှောက်ကာ ၉ လက်မရှည်သည့် သစ်သားစတစ်ခု ခြေသလုံးတွင် ထုတ်ချင်းပေါက် စိုက်ဝင်သွားသော်လည်း ချက်ချင်းဆိုသလို စက်ဘီးပေါ် ပြန်တက်ကာ အပြင်းအထန် ဆက်ပြီးနင်းနိုင်ခဲ့သောကြောင့် ဗြိတိန်မှ Chris Hoy နှင့် သြစတေးလျမှ Jason Niblett တို့နောက်မှ တတိယမြောက် ပန်းဝင်သူအဖြစ် ကြေးတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။



ဦးဦး မှော်ဆရာ မေးလ်ဂရု 4.png

ဦးဦး မှော်ဆရာ မေးလ်ဂရု 5.jpg

ဦးဦး မှော်ဆရာ မေးလ်ဂရု 6.jpg

ဦးဦး မှော်ဆရာ မေးလ်ဂရု 7.jpg

ဦးဦး မှော်ဆရာ မေးလ်ဂရု 8.jpg

ဦးဦး မှော်ဆရာ မေးလ်ဂရု 9.jpg

ဦးဦး မှော်ဆရာ မေးလ်ဂရု 10.jpg

ဦးဦး မှော်ဆရာ မေးလ်ဂရု 11.jpg

ဦးဦး မှော်ဆရာ မေးလ်ဂရု 12.jpg

အသက် ၂၃ နှစ်ရှိပြီ ဖြစ်သော Azizulhasni Awang ကို ပြိုင်ပွဲအပြီးတွင် အလျင်အမြန် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ

စိုက်ဝင်နေသော သစ်သားစကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။


--
Thanks,


                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
 ---------------o00o-- (_)--o00o---------------
         
======ஜ۩۞۩ஜ======= 
     ◄██▓░ 
 ဦးဦး မှော်ဆရာ ░▓██►
         ======ஜ۩۞۩ஜ======= 

  
-------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/

ဦးဦး မှော်ဆရာ မေးလ်ဂရု 2.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 7.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 9.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 4.png
ဦးဦး မှော်ဆရာ မေးလ်ဂရု 6.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 5.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 11.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 8.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 12.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 3.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 10.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 1.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 1.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 10.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 11.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 12.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 2.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 3.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 4.png
ဦးဦး မှော်ဆရာ မေးလ်ဂရု 5.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 6.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 7.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 8.jpg
ဦးဦး မှော်ဆရာ မေးလ်ဂရု 9.jpg
Reply all
Reply to author
Forward
0 new messages