naywai2009@gmail.com နာမည်နှင့် သူဧ။် ပတ်သတ်သူဗရန်းဗတာစကားပြောသူများ သိစေရန်

3 views
Skip to first unread message

may zaw han

unread,
Feb 5, 2011, 12:15:55 AM2/5/11
to mrsor...@googlegroups.com, မြန်မာဆိုက်ဘာမီဒီယာဖိုရမ်, burmes...@googlegroups.com, worldm...@googlegroups.com, aurorage...@googlegroups.com
naywa...@gmail.com နာမည်နှင့် သူဧ။် ပတ်သတ်သူဗရန်းဗတာစကားပြောသူများ သိစေရန်

mandalay gazette တွင် ကျမရေးသားခဲ့သော ပို့စ် ခေါင်း စဉ် " အပျော်ကစားနေကြတာလား "
http://www.mandalaygazette.com/39877/creative-writing/my-dear-diary နဲ့ ပတ်သတ်ပြီး ယနေ့မနက်ချက်တင်ထဲတွင် ကျမ နှင့် အလုပ်အတူလုပ်နေသော လုပ်ဖော်ကိုင်ဖက်တစ်ဦး အား လင့်ပေးကာ ဤစာသားများ သည် ထို မိန်းကလေး အကြောင်းရေးထားသည်ဟု ပြောကြားသွားခဲ့သည် ။ ထို လုပ်ဖော်ကိုင်ဘက် မိန်းကလေးမှာလည်း အလွန် စိတ်ဆိုးပြီး မည်သူပြောကြောင်းမေးရာ naywa...@gmail.com က သူဧ။် သူငယ်ချင်းတယောက်ပြောသည်ဟုသာပြောပြီး တဆင့်ကြားသိခြင်းသာဖြစ်သည်ဟု အတည်ပြုပြောကြားပြီး ဘလော့လုပ်သွားခဲ့သည် ။ အပြောခံရသော ထိုမိန်းကလေးမှာလည်း စွပ်စွပ်စွဲစွဲ ချိုးချိုးပဲ့ပဲ့ ခိုင်းနှိုင်း ခံရသဖြင့် အလွန်အမင်း ဒေါသထွက်လျှက်ရှိသည် ။

တစ်ကယ်ဆို သူတပါး ကို အထင်နှင့်သော်လည်းကောင်း ၊ သူတပါးပြောစကားဖြင့်လည်းကောင်း သတ်မှတ်ပြောဆိုခြင်းသည် စိတ်ဓါတ် အလွန် နိမ့်ကျပြီး ၊ လူသား အချင်းချင်း စာနာထောက်ထားမှူ ကင်းသော လုပ်ရပ်ဖြစ်သည် ။ မိမိက နှုတ်မှ ဗရမ်းဗတာ ပြောသော စားများကို တာဝန်မယူနိုင်ပဲ ပစ်စလတ်ခတ်ပြောခြင်းကြောင့် အပြောခံရသူ များစွာ နစ်နာရသည် ။ ထိုကြောင့် မိမိတို့ပြောသော စကားများသည် သူတပါးဧ။် ပုဂ္ဂိုလ်ရေးကို ထိခိုက်ခြင်း မပြုစေရန် ၊ မှန်းသမ်းပြောဆိုခြင်းများ မပြုလုပ်ကြရန် သတိပေးလိုက်ပါသည် ။

ထိုခေါင်းစဉ်ပါ ပို့စ်သည် ကျမရေးခဲ့သော ပို့စ်ဖြစ်သည် နှင့် အညီ ထို သတင်းများကြားရခြင်း အပေါ် လွန်စွာ စိတ်မကောင်းဖြစ်မိပါသည် ။
စာရေးသူ ကိုယ်တိုင်ကပင် မည်သူ့ကို ရည်ရွယ်ကာ ရေးခဲ့ခြင်း ဖြစ်သည်ကို အတိကျသိသော်လည်း သွားပုပ်လေလွင့် သူတပါးပုဂ္ဂိုလ်ရေးအား မဆင်မခြင် ၀င်ရောက် စွပ်စွဲပြောဆိုသူများ ရှိနေသဖြင့် သတိပေးခြင်းဖြစ်ပါသည် ။ ကိုယ့်စကားကိုယ် တာဝန်ယူသင့်ပါသည် ။ ယခုလတ်တလော တဆင့်ပြောဆိုသူအဖြစ် သံသယရှိသူ နှင့် naywa...@gmail.com ကိုလည်း ဧ။် စာနှင့်တကွ ပထမဆုံး အ ကြိမ် သတိပေးလိုက်သည် ။လူတိုင်း ကိုယ်ချင်းစာစိတ်ရှိသင့်ပါသည် ။


Etone
Reply all
Reply to author
Forward
0 new messages