မရဏလမ်းမကြီး အ​ပေါ်၌ ယာဉ်​​မောင်းလိုင်​စင်​အား မရဏသွားလိုင်​စင်​အဖြစ်​ အသုံးပြု​နေကြ​သော ယာဉ်​​မောင်းများ

1 view
Skip to first unread message

aki than

unread,
Aug 25, 2013, 10:46:53 PM8/25/13
to aurorage...@googlegroups.com, pao...@googlegroups.com, Mayanmar Dailymail, Alin Say Ta Mum, Buddhism, Myanmarlp

မရဏလမ်းမကြီး အ​ပေါ်၌
ယာဉ်​​မောင်းလိုင်​စင်​အား မရဏသွားလိုင်​စင်​အဖြစ်
အသုံးပြု​နေကြ​သော ယာဉ်​​မောင်းများ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် နေ့စဉ် ဖြတ်သန်းနေသည့် ယာဉ်များအနက် သုံးပုံတစ်ပုံခန့် အရှိန်လွန်မောင်းနှင်မှုဖြင့် အရေးယူခံရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တစ်ရက်ဖြတ်သန်းသော ယာဉ်၏သုံးပုံ တစ်ပုံအား အရှိန်လွန် မောင်းနှင်မှုဖြင့် အရေးယူမှု ပြုလုပ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးနေ၀င်းက သြဂုတ် ၂၁ ရက်က Daily Eleven သတင်းစာသို့ ပြောကြားသည်။

''တစ်နေ့ကို အစီးတစ်ရာ လာတယ်ဆိုရင် သုံးဆယ်ကျော်လောက် အရေးယူနေရတယ်။ သူတို့က အရှိန်ကို သတ်မှတ်နှုန်း အတိုင်း မမောင်းနှင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ကို ၀ှီးတက်တွေ လိုင်စင်တွေ သိမ်းတယ်။ သက်ဆိုင်ရာ တရားရုံးကို ပို့လိုက်တယ်။ အဲဒီမှာ သူတို့သွားလို့ ဒဏ်ကြေးဆောင်ရတယ်'' ဟု ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

ယင်းသို့ အရှိန်လွန် မောင်းနှင်မှုကြောင့် အရေးယူခံရပါက ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်တို့တွင် အမြန်လမ်း တရားရုံးဖွင့်ထားပြီး သက်ဆိုင်ရာ မြို့နယ်များတွင် ဒဏ်ငွေအဖြစ် ကျပ် ၁၅၀၀ ပေးဆောင်ရကြောင်း၊ သို့သော် ယာဉ်စီမံချက် ထုတ်ပြန်ထားရှိသော မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်း တို့တွင်မူ ကျပ် ၃၀၀၀၀ ထပ်မံ ပေးဆောင်ရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

''လက်ရှိစီမံချက်က နေပြည်တော် တစ်ခုပဲ မရှိသေးတာ။ ဒါပေမဲ့ နေပြည်တော် အတွင်းကိုပါ လုပ်ဆောင်ဖို့ ရှိနေပါတယ်'' ဟု ရဲမှူးကြီးနေ၀င်းက ပြောကြားသည်။

ယာဉ်များ အရှိန်လွန် မောင်းနှင်မှုများနှင့် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းတို့ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် တစ်လှည့်စီ စစ်ဆေးကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင် အရှိန်လွန်မောင်း စံနှုန်းပြ ကိရိယာများနှင့် လမ်းအင်ဂျင်နီယာမှူးများ၊ ယာဉ်စစ်ဆေးမှု ကျွမ်းကျင်သည့် အဖွဲ့များ၊ ရဲတပ်ဖွဲ့တို့မှ စစ်ဆေးကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်တိမ်းမှောက်မှုများစွာ ဖြစ်ပေါ်လာသဖြင့် ယခုနှစ်နှစ် လယ်ပိုင်းမှစ၍ အမြန်လမ်းပိုင်းတွင် ယာဉ်ကြံ့ခိုင်ရေး စစ်ဆေးမှုများနှင့် အရက်မူးတိုင်း ကိရိယာ တပ်ဆင် အသုံးပြုမှုများနှင့် အရှိန်တိုင်း ကိရိယာတို့အား အသုံးပြု စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တစ်နာရီ မိုင် ၆၀ (ကီလိုမီတာ ၁၀၀) သာ မောင်းနှင်ရန် သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ယင်းလမ်းပိုင်းအတွင်း ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှုများ၏ အမှုများနှင့် ယင်းနှင့်ဆက်စပ်၍ သေဆုံးသူ၊ ဒဏ်ရာရရှိသူ များမှာလည်း လျော့နည်းသွားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် ကျွဲနွားမှစ၍ ကုန်တင်ကားအထိ အရေးယူ ထားသည်မှာ ယခုနှစ် ခုနစ်လအတွင်း အမှုပေါင်း ၂၇၀၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Eleven

Reply all
Reply to author
Forward
0 new messages