သုရှင်
unread,Sep 17, 2012, 4:47:45 AM9/17/12Sign in to reply to author
Sign in to forward
You do not have permission to delete messages in this group
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to mrsorcerer, Newgeneration, buddhism-myanmar, ucs-mandalay, စစ်မှန်သောမိသားစု, mmfu...@googlegroups.com
ဖတ်လိုက်ရတဲ့ စာအုပ်တွေများပြောပါတယ်
ဘ၀င်တစ်ခုပဲ အဖတ်တင်တယ်။
ကျန်တာတွေကတော့ ကိုယ်မရလိုက်တဲ့
မျှော်လင့်ခြင်းဆိုတဲ့ အရာတစ်ခု။
ပြီးတော့လက်တွေ့ အသုံးမချသမျှ ဘာမှ အသုံးမကျတဲ့
အသိဉာဏ် ဆိုတဲ့ ဘာမှန်းမသိတဲ့ အရာတစ်ခု။
ကန့်လန့်သွားသင်ပေးတဲ့ နည်းပညာတစ်ခု။
အမြင်တွေပြောင်းပြောင်းလာစေတဲ့ မျက်မှန်တစ်ခု။
ငါ သိ ငါ တတ် ဆိုတဲ့ မာန်မာန တစ်ခု ။
ပြီး တော့ အသွင်ကွဲ အတ္တ တစ်ခု။
ကိုယ်လိုလို...သူလိုလို ..ခံစားချက်ကိုယ်ပွားတစ်ခု။
ဝေါဟာရတွေ စကားလုံးတွေ နဲ့ ချည်းပြည့်နက်နေတဲ့
ခပ်မှိုင်းမှိုင်း ဦးနှောက်တစ်ခု။
အားလုံးဟာ စကားလုံးတွေ ပုံရိပ်တွေ အသံတွေ ရုပ်ဝတ္ထုတွေ
တစ်ခုနဲ့ တစ်ခု (ဇွတ်) သဟဇာတ ဖြစ်နေတဲ့ သီအိုရီ ( သီဝရီ ) တွေ။
--
*အမှန်မြင်မှ...အမြင်မှန်မည်။*
*သုရှင်*