ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ ယင်းပိုင်ရှင် (သို့)
စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် (သို့) သဘောတူညီချက် မရှိဘဲ
ဝင်ရောက်ခြင်း ၊ ကြည့်ရှုခြင်း ၊ နှောင့်ယှက်ခြင်း ၊ စံချိန်စံညွှန်း
သတ်မှတ်ချက်များကို ဖြစ်စေ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း (သို့)
ဖျက်ဆီးခြင်း ၊
ဆက်သွယ်ရေး ကွန်ယက်ကို ထိခိုက် ပျက်စီးစေနိုင်ရန် ရည်ရွယ်၍
မရိုးဖြောင့်သော သဘောဖြင့် ဗိုင်းရပ်စ် သို့ အခြားနည်းလမ်း တစ်ခုခုဖြင့်
ဝင်ရောက်ဖျက်ဆီးခြင်း ၊ဆက်သွယ်ရေး ကွန်ရက် တစ်ခုခု ကို အသုံးပြု၍
ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊
အလွဲသုံးစားပြုခြင်း သို့ ပျက်စီးစေခြင်း ၊ဆက်သွယ်ရေး ကွန်ရက်တစ်ခုခု ကို
အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊
အနိုင်အထက်ပြုခြင်း ၊ အသရေဖျက်ခြင်း ၊နှောင့်ယှက်ခြင်း ၊
မလျော်သြဇာသုံးခြင်း သို့ ခြိမ်းခြောက်ခြင်း ၊တို့အတွက်
ပြစ်မှုထင်ရှားကြောင်းတွေ့ရှိ ရပါက ( ၅ )နှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ
၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်းပါရှိသည် ။
--
*အမှန်မြင်မှ...အမြင်မှန်မည်။*
*သုရှင်*