ယုတ္တိကို မကိုးကွယ်တော့တဲ့ခေတ်

2 views
Skip to first unread message

သုရှင်

unread,
Sep 13, 2012, 9:21:10 PM9/13/12
to mrsorcerer, buddhism-myanmar, ucs-mandalay, စစ်မှန်သောမိသားစု, myanmargtalkers, mmfu...@googlegroups.com
ဒေါက်တာဆိုရင်လေးစားပါတယ်..တဲ့။ ပြောနေကျ ခေါက်ရိုးကျိုးစကားတွေ
အက်ကြောင်းထပ်နေတဲ့မနေ့က အတိုင်းလူတော်တော်များများ
ရေရွတ်ကြတာပေါ့။ဒေါက်တာ ချင်းတူရင်တောင် သူက ဘယ်ဆီက ရတဲ့ ဒေါက်တာရယ်လို့
လူအထင်ကြီးအောင် လည်းပြောဆိုနေကြတာက ယဉ်ကျေးမှု တစ်ခုလို အခုခေတ်အခုအခါမှာ
ထူးဆန်းနေတာမျိုးတော့လည်း မဟုတ်ပြန်ပါဘူးလေ။ဒီလူက ဖီလော်ဆော်ဖာ ဦးမြသာ
ကို မသိ ပါဘူး။ ဒါမို့လည်း သိပ်နားမလည်ဘူး ထင်ကြတာပေါ့။ ဖြစ်နိုင်ပါတယ်။
ရူးမိုက်တာချင်းအတူတူတောင်နာမည်ရ လူမိုက်က မိုက်မှ မိုက်တယ်ထင်ကြတာ။
လောကကြီးက မျက်နှာလိုက်တယ်။ ပါးပေါ်မှာ ကျ တဲ့
မျက်ရည်ချင်းတူတူတောင်သူတို့တွေကို ကျတော့ သနားကြသတဲ့။ကားလိပ်ချတဲ့
ဇာတ်ထဲ ကလူလည်း ဇာတ်သဘင်ရဲ့ တစ်ထောင့်တစ်နေရာက
ကျရာတာဝန်ထမ်းဆောင်နေတာဘဲလို့ ထည့်တွက်တတ်ရင် အခုလောက် ခွဲခြားဆက်ဆံ
မှုတွေ ရှိကြမှာမဟုတ်ဘူး။အကြီးစားသူခိုးက လူကိုဟစ်တယ်
..ငါ့မြေတွေပြန်ပေးတဲ့။ခြေချစရာ မရှိတဲ့ လူတွေက မြေတွေကို လုယူခံနေရပေါ့။
ခေတ်ကိုက ကြီးနိုင်ငယ်ညင်းဝါဒ ခေတ်။ပြဇာတ်ကတတ်တိုင်း ..
မင်းသားမင်းသမီးမဖြစ်တော့ဘူး။ နည်းနည်းလေးထူးရင်ထူးမှ..ဒါမှမဟုတ်
ရူးရင်ရူးမှ ၊ ဒါမှမဟုတ်..၀ှစ်လစ်စလစ်တွေ ဖောချင်းသောချင်းမှ။
စကားတစ်ခွန်းကလည်း တတ်ဦးမှ… ဘာတဲ့..သူ့ခေတ်သူ့စတိုင်ကို အမီလိုက်
နိုင်မှ ဆိုဘဲ။ ခေတ်က ကျော်သွားတာ ရာစုနှစ်တစ်ခုစာလောက်ရှိပေါ့။ အခုမှ
သူတို့ပြောတဲ့စကားတစ်ခွန်းကို သတိထားမိတယ် … ရအောင်
အမီလိုက်မယ်…ကဆုန်ပေါက်စီးပွါးရေးစနစ်နဲ့တဲ့။
အကြွေးတွေပြားပန်းခတ်နေတဲ့တောသူတောင်သားတွေ မသိတဲ့ စကားလုံးအဆန်းတွေနဲ့
တင် မဲတစ်ပြား မှာ မနေ့က ကတည်းက အောင်မြင်သူခြေရာတွေ
ပျောက်ပျက်သွားခဲ့ပေါ့လေ။ မဲဆွယ်စကားလုံးတွေသာ ငွေကြေးတွေဆိုရင်
တောသားတွေ ချမ်းသာနေတာ ခေတ်က ရာစုနှစ် တစ်ဝက်တောင် ဆယ်စုနှစ်
တစ်ခုစာလောက်ကျော်ခဲ့ပေါ့။အခုကြည့်လေ အမျိုးသားရေး သမား
ကလူရိုင်းဖြစ်ရတဲ့ခေတ်။ အိမ်ရှင်က ခ မှ ဧည့်သည်
ကျေနပ်နိုင်မယ့်ခေတ်။နွေဆို ပူရမှာ က ဟိုးတုန်းက သဘာဝပါ။ အခု မိုးတွေ
ဆောင်း တွေမှာ ဘယ်သူက စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူရတော့မှာလဲ။
မတရားမှုကို မလုပ်ဖူးပြောပြီး လောဘနွံ ကျွံကျနေသူတွေက လွဲရင်…
မျက်နှာဖုံးကြီး စွတ်ထားလိုက်တာများ ရွှေမင်းသားရောင်ကို
ပျိုးပျိုးပြက်ပြက်လက်..လို့။အရေးမကြုံခင်တော့ စကားလုံးတွေက ပျားရည်တွေ
ရွှဲလို့.. လျော်ကြေးနဲ့ ပြစ်ဒဏ် ဆိုတာ..ဘာမှမရှိတဲ့သူဆင်းရဲတွေ
အတွက်ပဲသက်ဆိုင်တဲ့ ဝေါဟာရ ဖြစ်ခဲ့တာ ကြာလှပေါ့။တရားမျှတမှု လို့
အသံကုန်ဟစ်နေကြသူတွေကို ကြည့်လေ..တစ်ဖက်စောင်းနေတဲ့
သူတို့အမြင်တွေကိုတောင် ချိန်သီးချပြီး ရေပြင်ညီ မညှိရသေးဘူး။
အမှတ်အသားတွေ ချထားတာတော့ကြာပါ ပြီ။ပြီးရင် မှတ်ထားတဲ့နေရာ ကဘယ်တော့မှ စ
ပြီးမတိုင်းတာက ခက်တယ်။နောက်မှ ပြောနေကျ စကားကို ပြောဦးမယ် ..
လွဲပြန်ပြီ၊မှားပြန်ပြီ၊ အားလုံးသောလူသားတွေကို အစမ်းအသပ်ခံတွေလို
စမ်းသပ်ပြီး သူစား ကိုယ်စား..လုပ်လိုက်တော့ သယံဇာတ ဆိုတာ စာအုပ်ထဲမှာ ဘဲ
ကြွယ်ဝ ခဲ့တဲ့ တိုင်းပြည်အရင်းမမြစ်တွေသာ ဖြစ်ခဲ့ပေါ့။ ခပ်ငယ်ငယ်
သူငယ်တစ်ယောက်စကားနဲ့ပြောရရင် သယံဇာတ ဆိုတာ ကျွန်တော်တို့ အိမ်နောက် ဖေးက
ဘုံပိုင်ရေတွင်းလား ဆိုသလိုဖြစ်နေပြီ။ ရေတွေလေတွေတောင် အခွန်အခနဲ့
သောက်သုံးရှုရှိုက်ရဦးမယ့်ခေတ် ရောက်လာဦးမှာ။ ကျွန်တော်တို့
ပြောပြောနေတဲ့ တိုးတတ်တဲ့ ခေတ်ကြီးကို ရောက်လာတဲ့
အခါရောက်ရင်ပြောပါတယ်။အကြင်နာတွေပေးပါ။ ဒီလို သူဌေးတွေ တောင်းစားနေရပြီ။
ကြွယ်ဝမှုက ဟန်ဆောင်မှုကို ပဲ တိုးတက်ထွန်းကားစေတာမျိုး…လောကကြီး ကို
အပြစ်တင်တဲ့သူတွေများများလာတယ်။ အကြောင်းပြချက်ပျောက်ပျောက်သွားတဲ့
အချိန်တိုင်းမှာလေ။ နေသာ နေလိုက်ကြ ပါတော့ ဒူးနေရာ ဒူးတော်နေရာ တော်။
ပညာရှိဆိုတာ အာဏာ ရှင်ရဲ့ ခိုင်းဖက်ဖြစ်တာ အခုမှ မှ မဟုတ်တာ။
ဟိုးတုန်းကတည်းက ဒီလိုဘဲ။ အာဏာ ဆိုတာက ဘဲပြောင်းသွားတာ။ ငွေရှင် ကြေးရှင်
လူတန်းစား တွေက ပြောရဲမှာပေါ့။ မကြိုက်ရင် အလုပ်ထွက် ဆိုတဲ့ စကားမျိုး။
ကြိုက်လည်း ကုမ္ပဏီ အကြပ်အတည်း မှာ ဒီအတိုင်းအကြောင်း ပြ ချက်ရှာပြီး
ထုတ်လိုက်ကြတာဘဲ။ ထမင်းတစ်လုပ်မှာ အခက်အခဲ ဖြစ်နေကြတာက ဟိုးအောက်ခြေက
လူတန်းစားတစ်ရပ်ပါ။ ကိုယ်ချင်းစာ တရား တစ်ခုလောက်
ထွန်းကားလာရင်ကိုဘဲ…လူတွေမှာ ငြိမ်းချမ်းသာယာဝပြော နိုင်ပါသေးတယ်။
ယုတ္တိဆိုတာကို မကိုးကွယ်ကြတော့ တဲ့ ခေတ်ထဲမှာ။။။။။။။။

--
*အမှန်မြင်မှ...အမြင်မှန်မည်။*

*သုရှင်*

Reply all
Reply to author
Forward
0 new messages