ဖိစီးမှုများသော အလုပ်သည် ကိုလက်စထရောကို မြင့်မားစေပြီး အသက်အန္တရာယ် ရှိနိုင်သည်ဟု သိရ

0 views
Skip to first unread message

aki than

unread,
May 28, 2013, 8:41:41 AM5/28/13
to Myanmarlp, Paowyne, Aurorageneration, Alin Say Ta Mum, Mayanmardailymail, Buddhism, moezaw...@gmail.com, Lwin Moe Zaw

 ဖိစီးမှုများသော အလုပ်သည် ကိုလက်စထရောကို မြင့်မားစေပြီး အသက်အန္တရာယ် ရှိနိုင်သည်ဟု သိရ

ဖိစီးမှုများသော အလုပ်တစ်ခုသည် ခန္ဓာကိုယ်တွင်း၌ ကိုလက်စထရော ပါဝင်မှုကို မြင့်တက် စေနိုင်ပြီး ကြောက်မက်ဖွယ် နှလုံး ရောဂါကိုလည်း ဖြစ်ပွား စေနိုင်ကြောင်း သိရသည်။ ဖိစီးမှုများသော

အခြေအနေ သည် ခန္ဓာကိုယ်၏ ဇီဝကမ္မ ဖြစ်စဉ်ကို သက်ရောက်မှု ရှိစေပြီး ကိုလက်စထရော ပါဝင်မှု မြင့်တက်စေခြင်း ကို စပိန် သုတေသီများက လေ့လာ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ စိတ်ဖိစီးမှုသည် (ဆေးလိပ်သောက်ခြင်း၊ မသင့်လျော်သော အစားအသောက်များ သို့မဟုတ် ပုံစံမကျသော လူနေမှု ပုံစံတို့ကြောင့်) နှလုံးကြွက် သားနှင့် ဆိုင်သော ရောဂါများ ဖြစ်ပွားမှု အန္တရာယ်နှင့် ဆက်စပ်မှု ရှိသည်ကို ကျွမ်းကျင်သူများက နှစ်ပေါင်း များစွာ လေ့လာ၍ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လေ့လာမှု အသစ်တစ်ရပ် အရ စိတ်ဖိစီးမှုသည် သွေးတွင်းရှိ အဆီနှင့် လစ်ပိုပရိုတိန်း ပါဝင်မှု မူမမှန်ခြင်းကိုပါ ဖြစ်ပေါ် စေနိုင်သည်ဟု တွေ့ရှိရသည်။ စပိန်နိုင်ငံ မာလာဂါမြို့ရှိ ဗစ်တိုးရီးယား ဆေးရုံနှင့် ဆန်တီယာဂို တက္ကသိုလ်တို့မှ သုတေသီများက အလုပ် ဖိစီးမှုနှင့် ခန္ဓာကိုယ်တွင်းရှိ ဖက်တီး အက်စစ်တို့၏ ဆက်စပ်မှုကို လေ့လာ ခဲ့ကြသည်။ အဆိုပါ လေ့လာမှု သည် ဆေးစစ်ဆေးမှု ခံယူနေကြသော လုပ်သား ၉ဝဝဝ ကျော်အား နမူနာ စစ်တမ်း ကောက်ခံခဲ့ခြင်း ဖြစ်ပြီး စကင်ဒီနေးဗီး ယန်း ပြည်သူ့ကျန်းမာရေး ဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်းခွင်တွင် လွန်ခဲ့သည့် ၁၂ လ ကာလ အတောအတွင်း စိတ်ဖိစီးမှု အခက်အခဲများကို ကြုံတွေ့ နေရသော လုပ်သားများ သည် သွေးတွင်း အဆီနှင့် လစ်ပိုပရိုတိန်း မူမမှန်မှုကြောင့် ရောဂါကို ခံစားရမည့် အန္တရာယ် ရှိနေကြောင်း လုပ်ငန်းခွင် ဖိစီးမှုဆိုင်ရာ ကျွမ်းကျင်သူ ကားလို့စ် ကက်တာလီနာက ပြောကြားခဲ့သည်။ ။

Credit to မြဝတီ
 

 

Reply all
Reply to author
Forward
0 new messages