Groups
Groups
Sign in
Groups
Groups
Bird & Nature
Conversations
About
Send feedback
Help
သစ်တောပြုန်းတီးမှု၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားမှုတို့ကြောင့် မြစ်ဆုံဒေသ၌ေ...
2 views
Skip to first unread message
Frankie Nyi Nyi
unread,
Apr 29, 2011, 5:58:59 AM
4/29/11
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to birds-...@googlegroups.com, antiplastic-c...@googlegroups.com
Sent to you by Frankie Nyi Nyi via Google Reader:
သစ်တောပြုန်းတီးမှု၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားမှုတို့ကြောင့် မြစ်ဆုံဒေသ၌ မြေဆီလွှာ တိုက်စားမှုများ ပိုမိုလာပြီး ရေပြင်ညစ်ညမ်းခြင်း ယခင်ကထက် ပိုသိသာလာ
via
ပြည်တွင်းသတင်း
on 4/25/11
မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် တည်ရှိသည့် မြစ်ဆုံဒေသ၌ သစ်ပင်သစ်တော ပြုန်းတီးမှု များပြားခြင်း၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားခြင်းတို့ကြောင့် မြေဆီလွှာ တိုက်စားမှုများ ပိုမိုလာပြီး ရေပြင်ညစ်ညမ်းခြင်း သည်လည်း ယခင်ထက် သိသာလာကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။ မေခနှင့် မလိခမြစ်တို့ ဆုံရာ ဧရာဝတီမြစ်ဆုံဒေသသည် ကချင်ပြည်နယ်၌ တည်ရှိပြီး သစ်ပင်သစ်တောများ ပြုန်းတီးလာမှု၊ သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲစေမှု၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားလာမှုတို့ကြောင့် မြေဆီမြေနှစ်များ မြစ်အတွင်းသို့ တိုက်စားရောက်ရှိမှု ပိုမိုလာကြောင်း သိရသည်။ “မြစ်ဆုံက ရေအရောင်ဟာ အခုနောက်ပိုင်း ပိုပြီးနီလာတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ဒီလို မဟုတ်ပါဘူး။ ကြည်လင်နေပြီး တော်တော်လည်း လှခဲ့ပါတယ်။ အခုကတော့ တောင်ကတုံးတွေ များလာပြီး မြစ်ဆုံမှာလည်း ရွှေတူးကြတာတွေ များလာတော့ ရေအရောင်ကလည်း ပြောင်းလာတယ်။ မိုးရွာချိန်မှာ တော်တော်သိသာပါတယ်” ဟု မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။ ဧရာဝတီမြစ်သည် မြစ်ဖျားပိုင်းဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု အားနည်းလာမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ မြစ်၌ အနည်အနှစ် ပို့ချခြင်း များပြားလာမှု စသည်တို့ကြောင့် မြစ်အတွင်း သောင်ထွန်းမှုများလည်း ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များအတွင်း သိသာလာခဲ့ကာ ၂၀၁၁ ခုနှစ်တွင်မူ ပိုမို သိသာသော အနေအထားသို့လည်း ရောက်ရှိလာခဲ့သည်။ “မြစ်ဆုံကို ပြည်တွင်းပြည်ပ ဧည့်သည်တွေ ပို့ပေးဖို့ မကြာမကြာ ရောက်ဖြစ်တယ်။ ဟိုတုန်းကတော့ ရွှေတူးကြတာက တစ်နိုင်တစ်ပိုင်ပဲ၊ အခုနောက်ပိုင်းတော့ စက်ကြီးတွေ သုံးပြီး လုပ်ကြတာ ပိုများလာတယ်။ ရွှေလုပ်ငန်းမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကလည်း ရေစီးနဲ့အတူ မြစ်ထဲရောက်၊ မြေဆီတွေကလည်း မြစ်ထဲရောက်နဲ့ ရေအရောင်က တော်တော် ပြောင်းလာတာလည်း သတိထားမိပါတယ်။ နောက်ပြီး မြစ်ကမ်း တစ်လျှောက်မှာလည်း သစ်ပင်ကြီးတွေ မရှိတော့ဘဲ တောင်ကတုံးတွေ များလာတော့ မိုးရွာရင် မိုးရေနဲ့အတူ မြေဆီတွေပါ ပါလာတာပဲ”ဟု မြစ်ကြီးနားမြို့မှ လူငယ်တစ်ဦးက ဆိုခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Things you can do from here:
Subscribe to ပြည်တွင်းသတင်း
using
Google Reader
Get started using Google Reader
to easily keep up with
all your favorite sites
Reply all
Reply to author
Forward
0 new messages