သတင်းပေးသူ ဆုကြေးတစ်ဝက် ရရှိမည်

3 views
Skip to first unread message

Thomas Latt

unread,
May 23, 2011, 10:14:02 PM5/23/11
to travel...@googlegroups.com, birds-...@googlegroups.com, antiplastic-c...@googlegroups.com

သတင်းပေးသူ ဆုကြေးတစ်ဝက် ရရှိမည်

ရန်ကုန်၊ မေ ၁၂ - ရန်ကုန်မြို့တော် သာယာလှပစေဖို့အတွက် ဆုပေးဒဏ်ပေးစနစ် အသုံးပြုသွားမယ်လို့ သိရပါတယ်။ ‘စည်းပျက်၊ကမ်းပျက် ဖြစ်တဲ့သူကို ပထမပညာပေးမယ်၊ ပညာပေးလို့မရရင် အရေးယူမယ်၊ အရေးယူတဲ့သူကို သတ်မှတ်ထားတဲ့ ဒဏ်ကြေးရှိတယ်၊ သတင်းပေးတဲ့သူကို အဲဒီဒဏ် ကြေးရဲ့ တစ်ဝက်ပေးမယ်’လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဝန်ကြီး ဦးဥာဏ်ထွန်းဦးက ပြောပါတယ်။

စင်ကာပူနိုင်ငံက သန့်တယ်ဆိုတာ စင်ကာပူက အရေးယူတဲ့ ဖိုင်း (fine) တပ်တဲ့အတွက် ဖြစ်တယ်။ ကျွန်တော်တို့လည်း သူများနည်းတူ ကိုယ့်တိုင်းပြည် သန့်ရှင်းအောင် လိုက်ပြီး လုပ်ရမယ်လို့ ဝန်ကြီးချုပ်ကပြောကြောင်း မေလ ၁၀ ရက်နေ့ပြုလုပ်တဲ့ အစည်းအဝေးပွဲမှာ ဝန်ကြီးက တစ်ဆင့်ပြောပြပါတယ်။

‘သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ကို မလိုက်နာလို့ ဒဏ်ရိုက်တာပါ။ ဘယ်သူ့ဆီကမှ ဒဏ်ကြေးအလကား မတောင်းပါဘူး။ ဖိုင်း (fine) ချတယ်ဆိုတာက အစိုးရအဖွဲ့အတွက် ရံပုံငွေရအောင် လုပ်ဖို့ မဟုတ်ဘူး’လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

တချို့ကိစ္စတွေကို အစိုးရအဖွဲ့တွေက ချက်ချင်းလုပ်ဖို့ ခက်တယ်။ အချိန်ယူပြီး လုပ်ရတာ ဖြစ်လို့ နှောင့်နှေးမှုတွေလဲ ရှိတယ်။ အမှိုက်တွေကို ဘယ်လိုပစ်မလဲ၊ သိမ်းမလဲ ဆိုတာကို အစီအမံတွေ လုပ်နေတယ်လို့ သိရပါတယ်။

‘အမှိုက်ကားတွေလာမသယ်လို့ ပြောကြသလို အမှိုက်ကို စနစ်တကျ မပစ်တဲ့ ပြည်သူ တွေမှာလဲ တာဝန်ရှိတယ်၊ ကိုယ့်တာဝန်ကိုယ်ကျေဖို့ လိုတယ်’လို့ ဝန်ကြီးကပဲ ဆက်ပြော ပါတယ်။

ပျက်နေတဲ့ အမှိုက်သိမ်းကားတွေကို ပြုပြင်နေတာ ရှိသလို လိုအပ်တဲ့ကားတွေကို ထပ်တိုး ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ သိရတယ်။

ယာဉ်အလုံအလောက် မရှိလို့ ပြည်သူတွေ သွားရေးလာရေး အခက်အခဲဖြစ်တဲ့ နေရာမှာ ယာဉ်တွေ ထပ်တိုးပြေးဆွဲဖို့ အစီအစဉ်လုပ်ဆောင်ခဲ့သလို စည်းပျက်ကမ်းပျက် ယာဉ်တွေ ကိုလည်း အရေးယူလျက် ရှိတယ်လို့ ဆိုပါတယ်။

‘ဘယ်လိုနေရာ၊ ဘယ်လိုဒေသမှာ ဘယ်လိုယာဉ်က ဘယ်အချိန်မှာ စည်းပျက်ကမ်းပျက် လုပ်သွားခဲ့တယ်ဆိုတာကို အကြောင်းကြားတာနဲ့ အစိုးရက အရေးယူပေးမှာပါ’လို့ ဝန်ကြီး ဦးဥာဏ်ထွန်းဦးက ပြောပါတယ်။

တိုင်ကြားမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီး ရုံးခန်းကို လိပ်မူပြီး တိုက်ရိုက်တိုင်ကြားနိုင်တယ် လို့ သိရပါတယ်။

Ref : The Kumudra


Reply all
Reply to author
Forward
0 new messages