မြန်မာ-တရုတ် အကျိုးတူ ကြေးနီတူးဖော်ရေး စီမံကိန်း နယ်မြေ လက်ပံတောင်းတောင် ဒေသ...

4 views
Skip to first unread message

Frankie Nyi Nyi

unread,
Apr 29, 2011, 6:01:00 AM4/29/11
to antiplastic-c...@googlegroups.com, birds-...@googlegroups.com
 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ ဝက်မှေး၊ ကံတော၊ ဆည်တည်း၊ ဇီးတောကျေးရွာများကို မုံရွာ-ဆားလင်းကြီး လမ်းမဘေးရှိ ပလောင်ကျေးရွာနှင့် ဖောင်းကတာ ကျေးရွာများ အနီးသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း သိရသည်။ ပလောင်းကျေးရွာ အနီးတွင် ဝက်မှေးနှင့် ကံတောရွာအတွက် မြေကွက်နေရာများ သတ်မှတ်၍ အိမ်ရာများ တည်ဆောက်လျက်ရှိပြီး ဆည်တည်းနှင့် ဇီးတောကျေးရွာများအတွက် ဖောင်ကတာ ကျေးရွာအနီးတွင် နေရာ သတ်မှတ်ထားကြောင်း သိရသည်။ ယင်းအပြင် ဖောင်းကတာ၊ မိုးကြိုးပြင်(တောင်ရွာ၊ မြောက်ရွာ၊ အလယ်ရွာ)၊ တုံရွာ ၊ လယ်တီရွာ၊ ကိုင်းရွာ၊ ကျောက်ဖြူတိုင်ရွာနှင့် ရွာသစ်ရွာများမှ စုစုပေါင်း သီးနှံစိုက် မြေဧက ၇၀၀၀ကျော်ခန့် အဆိုပါ ကြေးနီမိုင်းလုပ်ငန်း နယ်မြေအတွင်း ပါဝင်ခဲ့၍ စိုက်ပျိုးမြေများအတွက် တစ်ဧကလျှင် ငွေကျပ် ၅၂၀၀၀၀ နှုန်းဖြင့် တောင်သူများအား ပေးလျော်ခဲ့ကြောင်း၊ ပြောင်းရွှေ့ရမည့် ကျေးရွာများမှ အိမ်ထောင်စုများအတွက် မူလအိမ် အမျိုးအစားပေါ် မူတည်၍ မြေကွက်နှင့်တကွ အိမ်ရာပုံစံ ငါးမျိုးခွဲကာ အခမဲ့ ဆောက်လုပ်ပေးခြင်း၊ လျှပ်စစ်မီး သွယ်တန်းပေးခြင်းများကို ပြုလုပ်ပေးကြောင်း၊ ရွာအသစ် ပြောင်းရွှေ့ ဆောက်လုပ်သည့် မြေနေရာမှ စိုက်ပျိုးမြေပိုင်ရှင်များအတွက် တစ်ဧကလျှင် ငွေကျပ် ၆၅၀၀၀၀နှုန်း၊ ထန်းတစ်ပင်လျှင် ကျပ် ၅၀၀၀နှုန်းဖြင့် ပေးလျော်ခဲ့ကြောင်း တုံရွာရပ်မိရပ်ဖ ဦးသိန်းပိုက ပြောသည်။ သတ္တုမိုင်းမြေအဖြစ် သတ်မှတ်လိုက်သော စိုက်ပျိုးမြေပိုင်ရှင် တောင်သူများအနေဖြင့် မိမိစိုက်ပျိုးမြေအတွက် ငွေကျပ် သိန်း ၄၀၀အထိ ရသူများပင်ရှိကြောင်း ယင်းက ဆက်လက်ပြောသည်။ အဆိုပါ ကြေးစင်တောင် သတ္တုတူးဖော်ရေး စီမံကိန်းကို China Industry Corporation NORINCO Co.,Ltd နှင့် ပြည်တွင်းထိပ်တန်း ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

 
 

Things you can do from here:

 
 
Reply all
Reply to author
Forward
0 new messages