တာလေငလျင်ကြောင့် မြေအောက်ရေကြောင်းများ ပြောင်းလဲ

1 view
Skip to first unread message

Frankie Nyi Nyi

unread,
May 4, 2011, 11:23:09 PM5/4/11
to birds-...@googlegroups.com, antiplastic-c...@googlegroups.com
 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


တာချီလိတ် ခရိုင်အတွင်း တာလေမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြေအောက်ရေကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရာ အချို့သော ရေတွင်း၊ ရေကန်များ ရေခန်းခြောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ရေလုံးဝ မရရှိသည့် နေရာများတွင် ရေထွက်များ ဖြစ်ပေါ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီဒေသက အချို့ချောင်းတွေ ငလျင်လှုပ်ပြီးမှ ရေတွေ ပိုကြီးလာတယ်။ တချို့ရေတွင်းဟောင်းတွေက ရေတွေ ပြန်ထွက်လာတယ်။ အခုချောင်းတွေမှာ ရေတွေ တက်လာတယ်။ ရေတွင်းတွေက ရေတွေမှာလဲ အနံ့တစ်မျိုး ရလာတာကြောင့် ဒေသကလူတွေ ရေမသောက်ရဲဘူး ဖြစ်နေတယ်။ တချို့ချောင်းတွေမှာ ရေမရှိတော့ဘူး” ဟု တာချီလိတ်မြို့နယ်မှ သူနာပြုဆရာမ မနန်းရွှေကြာက ပြောသည်။ မတ် ၂၄ရက်တွင် ရစ်ခ်ျတာစကေး ၇အဆင့်ရှိ တာချီလိတ်ခရိုင် လွယ်မွေမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သော တာလေ ငလျင်လှိုင်းကြောင့် မြေအောက် ရေကြောင်းများ၊ ပြတ်ရွေ့ကြောင်းများ ပြောင်းလဲပြီး ယခင်ရေထွက်ရှိသော ရေတွင်း၊ ရေကန်အချို့တွင် ရေများ ခန်းခြောက်ခဲ့ပြီး အချို့လယ်မြေနှင့် မြေပြင်များ၊ လမ်းများတွင် ရေများထွက်ရှိလာကြောင်း အဆိုပါ ဒေသသို့ သွားရောက်လေ့လာသူများနှင့် အဆိုပါဒေသရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ သိရကြောင်း ၂၀၁၁ခုနှစ် မေလ ၅ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

 
 

Things you can do from here:

 
 
Reply all
Reply to author
Forward
0 new messages