သင်းခွေချပ် ကုန်သည် ထိုင်းတွင် အဖမ်းခံရ

4 views
Skip to first unread message

Thomas Latt

unread,
May 19, 2011, 11:47:50 PM5/19/11
to travel...@googlegroups.com, birds-...@googlegroups.com, antiplastic-c...@googlegroups.com

သင်းခွေချပ် ကုန်သည် ထိုင်းတွင် အဖမ်းခံရ

ဧရာဝတီ Thursday, 19 May 2011 18:16
E-mail Print
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှ တဆင့် တောရိုင်းတိရစ္ဆာန် သင်းခွေချပ် ၅၃ ကောင် တရားမ၀င် သယ် ယူလာသည့် ထိုင်း နိုင်ငံသား တဦးကို ထိုင်းအာဏာပိုင်များက မေလ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

News-19-5-11-final

ထိုင်း နယ်ခြားစောင့် တပ်က ဖမ်းဆီးခဲ့သည့် သင်းခွေချပ်များ (ဓာတ်ပုံ - ဧရာဝတီ)

ယင်း သင်းခွေချပ်များကို တရုတ်နိုင်ငံသို့တင်ပို့ရန်အတွက် သယ်ဆောင်လာခြင်းဖြစ်ပြီး နယ်စပ် သောင်ရင်းမြစ်အနီး ထိုင်း နိုင်ငံဘက်ရှိ ထာ့အာရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုင်း အမှတ် ၃၅ နယ်ခြားစောင့် တပ်က ပြောသည်။

အဖမ်းခံရသည့် ထိုင်းနိုင်ငံသား နိုင်ကျစ်လစာ ထောက်အင်ထာ က“ဒီ သင်းခွေချပ်တွေကို မြ၀တီဘက်က လူတွေ လာပို့တာပါ၊ အရင်ကလည်း ကျနော်လာယူနေကြပါ၊ ဒီကနေ တရုတ်နိုင်ငံဘက်ကို တဆင့်ပြန်ပို့တာပါ”ဟု ထွက်ဆိုခဲ့သည်။

၎င်းအဆိုအရ သင်းခွေချပ် အပါအ၀င် ရှားပါးသတ္တ၀ါ တောရိုင်း တိရစ္ဆာန်များကိုတင်ပို့ရာတွင် မြ၀တီ-မဲဆောက်မှ တဆင့် လာအိုနိုင်ငံ နယ်စပ် နောင်ခိုင်မြို့အထိ သယ်ယူပြီး တရုတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

နယ်စပ် ထိုင်း နိုင်ငံဘက် လှေဆိပ်ရှိ ကုန်တင်ကုန်ချစာရေးတဦးက“မဲဆောက်ဘက်သွားနေတာကတော့ သင်းခွေချပ်၊ တောကြောင်နဲ့ အခြားအကောင်တွေအစုံပဲ၊ အခုနောက်ပိုင်း တောက်တဲ့ တွေလည်းပါတယ်၊ အရင်ကဆိုရင် ၀က်ဝံအမည်း တွေပါ ညဘက် မဲဆောက်ဘက်ကိုပို့တယ်၊ နောက်ပိုင်း အန္တရာယ်ရှိလို့ဆိုပြီး ၀က်ဝံကိုမယူကြတော့ဘူး၊ ၀က်ဝံ သည်းခြေ ကိုပဲ ၀ယ်တော့တယ်၊ ဒီကိစ္စပြောရတာ အန္တရာယ်များတယ်၊ ဒါမျိုးက နှစ်ဘက်အာဏာပိုင်အချို့နဲ့ပေးကမ်းပြီးလုပ်နေကြ တာ၊ ဒီနယ်စပ်မှာ အရောင်းအ၀ယ်ဈေးကွက် ဖြစ်နေတာ ၁၀ နှစ်ကျော်ပြီ”ဟု ပြောပြသည်။

မြန်မာနိုင်ငံ မြ၀တီမြို့ မှတဆင့် ထိုင်းဘက်ပို့နေသည့် သင်းခွေချပ်နှင့် အခြားတောကောင်အသေးများမှာ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းမှဖြစ်ပြီး ၀က်ဝံသည်းခြေများမှာ မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တရုတ် တိုင်းရင်းဆေး ရောင်းချသည့်ဆိုင်မှ မြန်မာ အရောင်းဝန်ထမ်း တဦးက"မြ ၀တီ ဘက်က လာတဲ့၊ ၀က်ဝံသည်းခြေနဲ့ စပါးကြီးမြွေ သည်းခြေတွေကို လာသမျှဝယ်တဲ့နေရာတွေ အများကြီးရှိတယ်၊ တောက်တဲ့ အကောင်ကြီးဆိုရင် ဆိုင်းဘုတ်ထောင်ပြီးတောင် ၀ယ်တယ်"ဟုပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သည့် သင်းခွေချပ် ၅၃ ကောင်ကို ဘေးမဲ့တောသို့သွားရောက် လွှတ်ပေးမည်ဖြစ်ပြီး တရားမ၀င် သယ်ဆောင်သူကို သစ်တောဌာနသို့ လွှဲပြောင်း၍ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မဲဆောက် အခြေ စိုက် အမှတ် ၃၅ ထိုင်း နယ်ခြားစောင့်တပ်မှ ဒု ဗိုလ်မှူးကြီး Suton က ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများသည် ၀က်ဝံသည်းခြေကဲ့သို့သော သစ်တောထွက် ပစ္စည်းများ၊ တော ရိုင်းတိရစ္ဆာန်များအား တရားမ၀င်နယ်စပ်ဖြတ်ကျော်ရောင်းဝယ်နေမှုကို လျစ်လျူရှု နေကြောင်း တောရိုင်းတိရစ္ဆာန် စောင့် ကြည့်လေ့လာရေးအဖွဲ့TRAFFIC က ပြီးခဲ့သည့် အပတ်အတွင်း ထုတ်ပြန်ထားသည်။ ဆေးဖက်ဝင်သည်ဟူသော ယုံကြည်မှုကြောင့် မြန်မာ၊ တရုတ် ဟောင်ကောင်၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများရှိ ပရဆေးဆိုင် ထက်ဝက်ကျော်သည် ၀က်ဝံ သည်းခြေကို ရောင်းဝယ်နေကြကြောင်းလည်း ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

TRAFFIC အဖွဲ့သည် ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၃၀ ၌ အဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် တောရိုင်းတိရစ္ဆာန် လေ့လာ စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဗြိတိန် နိုင်ငံတွင် ရုံးချုပ် ထားရှိကြောင်း သိရသည်။

Reply all
Reply to author
Forward
0 new messages