Groups
Groups
Sign in
Groups
Groups
Bird & Nature
Conversations
About
Send feedback
Help
လာမည့်ဆယ်စုနှစ် တစ်ခုအတွင်း အခြားမြို့ကြီးများထက် ရန်ကုန်နှင့် မန္တလေးမြို့ကြ...
0 views
Skip to first unread message
Frankie Nyi Nyi
unread,
Apr 29, 2011, 5:58:15 AM
4/29/11
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to birds-...@googlegroups.com, antiplastic-c...@googlegroups.com
Sent to you by Frankie Nyi Nyi via Google Reader:
လာမည့်ဆယ်စုနှစ် တစ်ခုအတွင်း အခြားမြို့ကြီးများထက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွင် လေထုညစ်ညမ်းမှုများ ပိုမိုကြုံတွေ့လာမည်
via
ပြည်တွင်းသတင်း
on 4/26/11
လာမည့် ဆယ်စုနှစ် တစ်ခုအတွင်း မြန်မာနိုင်ငံရှိ အခြားသော မြို့ကြီးများထက် ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် လေထုညစ်ညမ်းမှုများကို ပိုမိုကြုံတွေ့လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ လာရောက် သုတေသနပြုစာတမ်း ဖတ်ကြားသွားခဲ့သည့် ဂျပန်နိုင်ငံမှ ပညာရှင်ငါးဦး၏ တင်ပြချက်များအရ သိရသည်။ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး မြို့တော်ကြီးများဖြစ်သော ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လာမည့် ဆယ်နှစ်တာ ကာလအတွင်း ယာဉ်အစီးရေမှာ ငါးဆမှ ဆယ်ဆခန့်အထိ မြင့်တက်လာနိုင်ဖွယ် ရှိနေပြီး ယာဉ်ကြော ပိတ်ဆို့မှုများလည်း ပိုမိုကြုံတွေ့လာမည့်အပြင် အဆိုပါယာဉ်များမှ ထွက်ရှိသည့် ကာဗွန်ဓာတ်ငွေ့များကြောင့် လေထုညစ်ညမ်းမှုမှာလည်း လက်ရှိထက် ဆယ်ဆခန့်ပိုမိုကြုံတွေ့လာရမည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၂ ဒသမ ၃ သန်း ၀န်းကျင်ခန့် ရှိနေပြီး ယင်းအနက် မော်တော်ယာဉ်စီးရေမှာ လေးသိန်းနှစ်သောင်း ၀န်းကျင်ခန့် ရှိသည်ဟု သိရသည်။ အဆိုပါ မော်တော်ယာဉ်စီးရေတွင် ရန်ကုန်မြို့တော်၌ အစီးရေ တစ်သိန်းကျော်ခန့် ရှိနေပြီး မော်တော်ယာဉ် အများဆုံးရှိသည့်မြို့ ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှု အဓိက ဖြစ်ပေါ်နေသည့် အကြောင်းရင်းမှာလည်း မော်တော်ယာဉ်များကြောင့် ဖြစ်ကြောင်း သိရသည်။ လာမည့် ဆယ်နှစ်တာအတွင်း လက်ရှိ ရန်ကုန်မြို့တွင် ရှိနေသော မော်တော်ယာဉ် စီးရေထက် ငါးဆမှ ၁၀ဆခန့်အထိ မြင့်တက်လာနိုင်ရာ ရန်ကုန်မြို့သည် လေထုညစ်ညမ်းမှုကို အဓိက ရင်ဆိုင်လာရမည့် မြို့ဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ် အများဆုံး တည်ရှိနေသည့် ရန်ကုန်မြို့တွင် အသုံးပြုနေသော မော်တော်ယာဉ်များမှာလည်း ပြည်ပနိုင်ငံများတွင် အသုံးပြုပြီးဖြစ်သော တစ်ပတ်ရစ် မော်တော်ယာဉ်များ ဖြစ်သောကြောင့် အသစ်များထက် လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု သိရသည်။ ရန်ကုန်မြို့တွင် မော်တော်ယာဉ် တစ်သိန်းကျော် အပါအ၀င် ယာဉ်အစီးရေ စုစုပေါင်း နှစ်သိန်းခွဲ ၀န်းကျင်ခန့်ရှိရာ အဆိုပါယာဉ်များမှ ကာဗွန်ထွက်ရှိမှု ပမာဏမှာ တန် ၁၀၀၀ ၀န်းကျင်ခန့် ရှိသည်ဟု သိရသည်။ မန္တလေးမြို့သည်လည်း ရန်ကုန်မြို့ကဲ့သို့ပင် ယာဉ်အစီးရေ များပြားသော မြို့ဖြစ်ပြီး မော်တော်ဆိုင်ကယ်များ အများဆုံးတည်ရှိနေသည့် မြို့ဖြစ်ကြောင်း သိရသည်။ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ စက်တပ်ယာဉ် အမျိုးမျိုးတို့သည်လည်း လာမည့် ဆယ်နှစ်တာအတွင်း ပိုမိုတိုးတက်လာဦးမည် ဖြစ်ရာ မန္တလေးမြို့သည်လည်း လေထုညစ်ညမ်းမှုများကို အဓိက ကြုံတွေ့ လာရမည့်မြို့ဖြစ်သည်ဟု သိရသည်။ လေထုညစ်ညမ်းမှု ကင်းစင်စေရန်မှာ လေထုညစ်ညမ်းမှု လျော့နည်း သက်သာစေမည့် ယာဉ်များ၊ ကင်းစင်စေမည့် ယာဉ်များကို အသုံးပြုခြင်းအပြင် လေထုညစ်ညမ်းမှုကို စုပ်ယူနိုင်သည့် သစ်တောဧရိယာများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန်လည်း လိုအပ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ သစ်တော တစ်ဟက်တာလျှင် ကာဗွန် ၄ ဒသမ ၅ တန်မှ ၁၀ ဒသမ ၉ တန်အထိ စုပ်ယူနိုင်သည်ဟု သိရကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Things you can do from here:
Subscribe to ပြည်တွင်းသတင်း
using
Google Reader
Get started using Google Reader
to easily keep up with
all your favorite sites
Reply all
Reply to author
Forward
0 new messages