











ကျွန်တော် ဖေ့စ်ဘွတ် မှာပြန်..ရှဲလ် ပရစေခင်ဗျာ..:)
မချောရယ် ... သူများနိုင်ငံတွေများ ဘာမှ မရှိလို့ အတင်းကို ငွေအား
လူအားသုံးပြီး ဖန်တီးနေရတယ်။ ကျွန်မတို့ နိုင်ငံကတော့ ရှိတာတွေ
ကောင်းကောင်းအသုံးမချတတ်ဘူးဖြစ်နေတယ်နော်။
ရင်လေးစရာသိပ်ကောင်းတယ်ရှင်။
ခင်တဲ့
စိတ်မကောင်းစရာချောရယ်။ တော်တော်ဆိုးတဲ့ ဗိုင်းရပ်စ်ပါလားနော်။
(ဗိုင်းရပ်စ်တီထွင်တဲ့လူကို မုန်းဖို့တောင် ကောင်းတယ်၊ ဗိုင်းရပ်စ်ကို
လူတစ်ယောက်က ထွင်ထားသည်ဟု ကြားဖူးထားသောကြောင့် ဖြစ်သည်)။
မလေးရှားတုန်းက
လိုင်းကားပေါ်မှာ မလေးဒကာကြီးတစ်ယောက်က "မင်းတို့ မြန်မာပြည်မှာ
သယံဇာတတွေပေါကြွယ်တယ်။ မင်းတို့ ဟိုနင်းတွေက အသုံးမကျလို့၊ အဲဒီ
သယံဇာတတွေကို လိုချင်နေတဲ့ ဖော်ရင်နာတွေ တစ်ပုံတစ်ခေါင်းကြီး"လို့
ပြောဖူးတာကို ပြန်အမှတ်ရမိတယ်။ တော်တော်များများ ဒီလိုပြောနေကျပါ။
ကျန်းမာပျော်ရွှင်ပါစေ ချော။
စိတ်ပျက်မိတယ်း(
တကယ်ကို စိတ်မကောင်းစရာပါဘဲ။ အလှအပ ပျက်စီးတာထက် အရင်းအမြှစ်ပျက်စီးမှာ ပိုစိုးရိမ်မိတယ်။
အဲဒီနေရာတွေ အကုန်ရောက်ဖူးတယ်။ ဟိုတုန်းကတော့ လှလှပပ စိမ်းလန်းစိုပြေလို့ပါဘဲ။
ခင်မင်လျက်
မကြာသေးခင်ကမှ ဖတ်လိုက်ရတဲ့ မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာလေးကို
သတိရမိတယ် ချောရေ ... ကဗျာနာမည်က မြစ်ကော ... တဲ့။ ချောလဲ ဖတ်ဖူးမယ်
ထင်ပါတယ်။
"မြစ်ကော"
မြစ်မကောအောင်လို့၊
သစ်တောတို့ စိမ်းရပေမည်။
ရေဝေတောတွေ ဆိုင်းစို့စို့၊
မှိုင်းညို့ညို့မှုန်ရီ။
ချင်းတွင်းနှင့်ဧရာဝတီ၊
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။
တတောလုံးပြောင်၊
တတောင်လုံးလင်း၊
မြစ်ကျဉ်းကာသောင်တွေပေါ်တော့၊
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့၊
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြ၊
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့၊
မြစ်ကောမယ့်နေ့။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
ချောရေ..
စိတ်မကောင်းပဲ တကယ်ဖြစ်ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်
မနေ့ကပဲ အဲဒီ လျှပ်စစ်ဝန်ထမ်းတစ်ဦးဆိုပြီး ရေးထားတဲ့ ဆောင်းပါးကို ဖတ်ပြီး
သူရေးတာဘ၀မကျဖြစ်နေတာ။ ဖတ်မိသူတိုင်း ပြောကြတယ်၊ သူဖော်ပြချက်က
မပြည့်စုံဘူးတဲ့..။ ပြီးတော့ လသာညတို့ပါမောက္ခဆရာကြီးက ပြောတယ်..
ဒီဆောင်းပါးရှင်က ဆည်ကြီးနဲ့ပတ်သက်တဲ့ ဆန်းစစ်ချက်တွေကို ခိုင်ခိုင်လုံလုံ
သိပ်မဖော်ပြနိုင်တဲ့အပြင်၊ ဆည်ကြီးကြောင့်ဖြစ်လာနိုင်တဲ့ အကျိုးကို
ချဲ့ဖော်ပြပြီး အပြစ်ကို ဖော့ပြောသွားတာပဲတဲ့..။
ပြည်သူတွေ
စိတ်ပူပန်မှုတွေ မရှိရအောင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်အားလုံး
ဝိုင်းဝန်းဆွေးနွေးပြီး ပြန်လည်စီစစ် လုပ်ဆောင်ကြရင် ကောင်းမှာနော်။
အခုလို တင်ပြပေးတဲ့ ချောကို ကျေးဇူးတင်ပါတယ်။
အခုတော့ မီဒီယာတွေမှာ ရပ်သင့်တဲ့အကြောင်းကို ၀ိုင်းပြီးပြောနေတာကို
တော်တော်များများ တွေ့နေရပါတယ်..။ ဒီစီမံကိန်းကို ရပ်နိုင်ပါစေလို့...
ခင်မင်လျက်
နေ၀သန်
Memory Stick ဓါတ်ပုံတွေ ကျနော်လည်းဖြစ်ဖူးပါသည်၊ ဆော့ဝဲလေးတစ်ခု
ဝယ်ပြီးလုပ်ကြည့်တာ recover ပြန်ဖြစ်ပါသည်၊ ဆော့ဝဲနာမည် မမှတ်မိတော့ပါ၊
အွန်လိုင်းက ဂုရုတွေကို အကူအညီတောင်းကြည့်ပါ၊
မေဓာဝီရဲ့မန့်ထားတဲ့ ကဗျာလေးကို ပိုသဘောကျမိတယ်၊
ကဲတတ်နိုင်သလောက်ပေါ့…………
မပျက်စီးသေးခင်
မြစ်ဆုံလည်း မငြိမ်းချမ်းနိုင် ဖြစ်နေပြီနော်..
မမရေ....
ညီမလေးက ဧရာဝတီမြစ်ကမ်းဘေးက မြို့ပေါ်မှာမွေးဖွားကြီးပြင်းခဲ့သူတစ်ယောက်ဆိုတော့
ဧရာဝတီအပေါ်မှာ
ခင်တွယ်တဲ့စိတ်၊ မြတ်နိုးတဲ့စိတ်၊ ချစ်တဲ့စိတ်က သာမန်ထက်ပိုပါတယ်။
ဧရာဝတီကိုဖျက်ဆီးကြမယ့် ဒီစီမံကိန်းအကြောင်းကိုစကြားပြီဆိုကတည်းကလည်း
တော်တော်ဒေါသထွက်မိခဲ့တယ်။
တိုင်းပြည်ကို အဆီစုပ် အသားမျိုရုံတင်မက အမြစ်ကပါ လှန်ပြီး ဖျက်ဆီးပစ်နေကြတယ်။ ညီမလေးအနေနဲ့ကတော့ ဒီစီမံကိန်းကြီးကို
ဆက်လက်အကောင်အထည်မဖော်နိုင်အောင်၊
လုံးဝရပ်တန့်သွားသည်အထိအောင်ကို အားလုံးဝိုင်းကန့်ကွက်သင့်တယ်လို့ ထင်မိတယ်။
ညီမလေး
အင်ကြင်း
ဧရာဝတီဟာ ရေအရင်းအမြစ်တခုတည်း အနေ နဲ့ မဟုတ်ဘဲ တိုင်းပြည်ရဲ့ ကျက်သရေဆောင်လည်းဖြစ်တော့ ခံစားရပါတယ်။
အိုင်အိုရာ
ညီမ ချောရေ
ဧရာဝတီ ဆိုတာ မြန်မာပြည်ရဲ့ အသက်သွေးကြော ပါ ကိုယ့်သွေးကိုယ်ဖောက် သောက်ရမဲ့ အဖြစ်တွေ ကို ဘာကြောင့်များလုပ်ရက်ကျသလည်း မသိ
မောင်စိန်ဝင်း ရဲ့ ကဗျာလေးကို သဘောကျမိတယ်
ဧရာဝတီသာ ပျက်စီးခဲ့ရင် မြန်မာဆိုတာလည်း သမိုင်းထဲမှာပဲ ကျန်ခဲ့ပြီပေါ့...အမွေအနှစ်ဖြစ်လို့ တန်ဖိုးထားသလို သာမန်လူတန်းစားတွေအတွက် အရင်းအမြစ်တွေဖြစ်နေလို့လည်း နှမြောပါတယ်...ပညာရပ်ဆိုင်ရာတွေကိုတော့ မလေ့လာရသေးတာကြောင့် မဆွေးနွေးတော့ပါဘူး ဒေါ်ချောရေ...ဒါကြောင့် ပုဂ္ဂလိက ခံစားချက်ကိုပဲ ပြောတာပါ...
Eleven Media ရဲ့ ဆောင်းပါးကို မဖတ်ရသေးလို့ အခုလို မချော ပြန်ပြီးဖော်ပြပေးတာ ကျေးဇူး တင်ပါတယ်၊ ဒီအကြောင်းကို ပြည်ပမှာ ပြောဆိုနေရာ ကနေ အခုပြည်တွင်းမှာပါ တဖြည်းဖြည်းနဲ့ ပိုပြီး ဆွေးနွေးလာကြလို့ နည်းနည်းတော့ အားတက်စရာ ဖြစ်ပါတယ်၊ Decision makers တွေ အမြင်မှန်လာတဲ့ အထိ ဆက်သွားနိုင်ဖို့ပဲ မျှော်လင့်ရမှာပဲ၊ ဧရာဝတီဟာ အမွေအနှစ်၊ အရင်းအမြစ်၊ အလှအပ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဘယ်သူမှ မငြင်းနိုင်အောင်ကို အရေးကြီးပါတယ်..။
ပညာရှင် တစ်ဦးမဟုတ်လို့ အကျိုး/အပြစ်တွေ ဘာတွေဖြစ်လာမလည်း တိတိကျကျ
မသိရပေမယ့် gut feeling အရတော့ တွေးမိရင် တော်တော်လေး စိတ်ပင်ပန်းမိပါတယ်။
ဧရာဝတီ အဓွန့်ရှည်ပါစေ....
ဧရာဝတီမြစ်ကြီးကို အပိုင်းပိုင်းဖြတ်ရောင်းစားနေပြီတဲ့...။ အပြင်မှာက ဒီသတင်းတွေပျံ့နေတာကြာပြီ...။ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်....။ ချောဒီပို့စ်လေးတင်လိုက်သိပ်ကောင်းတယ်...။ ဓါတ်ပုံတွေပိုးကိုက်သွားတာ နှမြောစရာနော်..။ ကိုယ်သွေးကိုယ်ပြန်ဖောက်သောက်တဲ့လူမျိုး ဒီနိုင်ငံမှာရှိနေတာ ရင်နာစရာပါ..။
ကချင်ပြည်ရဲ့ ရှုခင်းတွေကို ကြည်နူးစွာကြည့်သွားတယ် ချောရေ။ အင်းတော်ကြီးအိုင်ကိုလည်း ရောက်ဖူးချင်တယ်။
လူသားများအတွက်
အကျိုးစီးပွားများစွာကို ဖြစ်ထွန်းစေပြီး မြန်မာပြည်ရဲ့
ကျက်သရေဂုဏ်ဆောင်တဲ့ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်တည်တံ့ပါစေလို့
ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အော် မြစ်ဧရာသာ စိတ်ဆိုးတတ်မယ်ဆိုရင်... အမြဲစီးဆင်းနေတဲ့ရေကိုတောင်
ရပ်တန့်ပစ်မလား မသိဘူး၊ မြစ်ဧရာသာ စကားပြောတတ်မယ် ဆိုရင်
ပေါက်ကွဲမှုသံစဉ်တွေ ဟစ်ကြွေးနေမှာ သေချာတယ်.
မြစ်ဧရာသာ နှလုံးသာရှိမယ်ဆိုရင် စိတ်မကောင်းစွာနဲ့ ဘယ်လောက်များ ကြေကွဲလိမ့်မလဲ...ချောရယ်...
စိတ်မကောင်းပါဘူး ကျွန်တော်အမြဲတန်း ဂုဏ်ယူစွာနဲ့ ပြောခဲ့တဲ့ ဒါငါတို့မြန်မာ့ကျောက်စိမ်း ဆိုတာကို နောက်ပြောနိုင်ပါ့မလားမသိတော့ဘူး.....?
စိထ်တဲမကောင်းဘူး။
ဧရာဝတီအမြဲရှင်သန်ပါစေ။
ချစ်တဲ့
pp
မကြီးချောရေ..
တကယ်တော့ဧရာဝတီဆိုတာ..
မြန်မာတနိုင်ငံတည်းကပိုင်တဲ့မြစ်ကြီးပါ..
ညီမတို့ရဲ့ကိုယ်ထဲမှာမြန်မာဆိုတဲ့သွေးတွေ
လှည့်ပတ်စီးဆင်းနေသလိုမျိုးပါဘဲ...
ဧရာဝတီကလည်းမြန်မာပြည်ထဲမှာဘဲမြစ်ဖျားခံပြီး..
မြန်မာတနိုင်ငံလုံးကိုဖြတ်သန်းစီးဆင်းသွားတာပါ..
ဧရာဝတီဆိုတာကိုမှီပြီးရပ်တည်ရှင်သန်နေတဲ့
မိသားစုပေါင်းများစွာ..အသက်ခန္ဓာပေါင်းများစွာ
ရှိပါတယ်..ကမ္ဘာတည်နေသရွေ့အချိန်ထိ
ဧရာဝတီ..ကိုရှိစေချင်ပါတယ်
မြစ်ဆုံရေကာတာ..ဆိုတဲ့..ဒီစီမံကိန်းကြီးကို
လုံးဝလက်ခံနိုင်စရာမရှိပါဘူး..
ရေအားလျှပ်စစ်တွေဘယ်လောက်ဘဲထုတ်နေပါစေ..
မြန်မာပြည်ကြီးကတော့
အမြဲတမ်းမှောင်မည်းနေတာပါဘဲလေ..
ချစ်တဲ့...Blackroze
ဒို့တိုင်းပြည်က ရင်းမြစ်တွေဟာ လူတစ်စုအတွက်တော့ မဖြစ်သင့်ဘူး မဖြစ်ထိုက်ဘူး :(
ချစ်သော အမိမြေ နဲ့ ဧရာဝတီ ထိခိုက် ပျက်စီးစေ မယ့် ကိစ္စများ..... ချက်ချင်းရပ်။ ထောက်ခံအားပေးသူများ ကြံစည် လုပ်ကိုင် နေသူများ နည်းတူ နောင်တတွေနဲ့ သမိုင်းတရားခံ ဖြစ်မယ်။
မြန်မာပြည်သူအားလုံးနီးပါးက ဒီစီမံကိန်းကိုရပ်စေချင်ကြ
တယ်..၊ရပ်သွားဖို့လည်း ကိုယ်တတ်နိုင်သလောက်တောင်း
ဆိုနေကြတယ်...၊ဟင်း..၊ခုထိရပ်ပေးဖို့မပြောနဲ့ ပြန်စီစစ်
ဖို့တောင်လေသံမကြားရသေးဘူးဗျာ...၊စိတ်ကုန်၊စိတ်ပျက်
တယ်...၊စိတ်လည်း ဆင်းရဲရတယ်....:(
တိုင်းတပါးသားတွေက မေးတယ်။ မင်းတို့နိုင်ငံက သဘာဝသယံဇာတထွက်လားတဲ့။'ငါတို့ဆီမှာ ကျောက်စိမ်း၊ေ၇ွှ၊သစ်တွေထွက်တာ နာမည်ကြီးပဲ။' ဒါဆိုဘာလို့အဲလောက် ဆင်းရဲတဲ့နိုင်ငံဖြစ်နေ၇တာလဲတဲ့ဗျာ။ ကိုယ့်နိုင်ငံရဲ့ သဘာဝသယံဇာတတွေအတွက်တော့ ဂုဏ်ယူစွာနဲ့ ပြောမိတယ်။ ဒါပေမယ့် မေးလာတဲ့မေးခွန်းကို ဘယ်လိုပြန်ဖြေ၇မလဲ စကားလုံးရှာမ၇ဘူး။
တော်တော်လေးကို ရင်လေးမိပါတယ် အစ်မချောရေ..။ ကျနော်တို့ နိုင်ငံရဲ့
အသက်သွေးကြောကို ဓါးနဲ့  ထိုးဖောက်ကြမယ့် လူတွေပါလားဗျာ။ ကျနော်တို့ 
တတ်နိုင်တဲ့ ဖက်က တားဆီးကြရလိမ့်မယ်။ ဧရာဝတီသာ တိမ်ကောပျောက်ကွယ်သွားခဲ့ရင်
မြန်မာပြည်ဆိုတာ ပျောက်ကွယ်သွားဖို့ ပဲ ရှိတော့တယ်လို့  ထင်တယ်။
တစ်ဖက်တစ်လမ်းက ကူညီကြပါစို့ လား။
မချောရေ..
ဒီမြေပေါ်မှာမွေး ဒီရေကိုသောက် ဒီမြေမှာကြီး
ဒီအရိပ်ကိုခိုလာခဲ့ကြသူတွေ ၊ လူလို သိတတ်သူတွေ လူစိတ်ရှိကြသူတွေ အားလုံး
ဒီဧရာဝတီမြစ်ကြီး တိမ်ကော မဲ့ အရေးကို ဘယ်သူမှ မလိုလားကြဘူးဆိုတာ လူတိုင်း
သိပေမဲ့ ကိုယ့်ဘို့ တခုပဲ သိပြီး ဘယ်သူသေသေ ငတေမာ ၊
မသိချင်ယောင်ဆောင်နေသူများရှိနေတဲ့ အတွက် ဝမ်းနည်း မိတယ်။
ဘယ်လို နည်းနဲ့ ကာကွယ်ကြမလည်း ဆိုတာ သိသူများ ရှိရင် ပြောကြပါအုံး။ အရေးကြီးတဲ့ အချိန် သွေးစည်းကြမှာပါပဲ။
မကိ..
ကော်မန့်တွေ အားလုံးအတွက် ကျေးဇူးအထူးတင်မိပါတယ်
ဧရာဝတီကို
ချစ်ခင်ကြသူတွေ ဧရာဝတီအတွက် စိုးရိမ်ပူပန်ကြသူတွေ အများကြီး
ရှိနေတာသိရလို့လည်း ဝမ်းသာမိပါတယ်။ မြန်မာပြည်သားမှန်ရင် စေတနာမှန်စွာဖြင့်
ဧရာဝတီကို ချစ်ကြပါစို့လို့...
အင်း..
ဒီကိစ္စကတော့ ကြာပါပြီဗျာ..။
အမေစုကတောင်ထွက်ပြောလာပါပြီ။
ဒီလူတွေ နားမပါ၊ မျက်စေ့ မပါတာဖြစ်မှာပါ။
ကျွန်တော် မြစ်ကြီးနားကနေ မြစ်စုံကို ဒီတီနဲ့ 
တက်ပြီးသွားကြည့် ခဲ့  တာကို ပြန်သတ်ရမိ
တယ်၊ ဓါတ်ပုံလေးတွေကြောင့် လေ..။
ကျွန်တော်တို့ မြေ၊ ကချင်မြေနဲ့  တိုင်းရင်းသား
မြေတွေအားလုံး အလင်းထဲကို အမြန်ရောက်
နိုင်ကြပါစေဗျာ....။
မောပါတယ် ချောရယ်၊ မနေ့ကပဲ အမေစုရဲ့ ဧရာဝတီကို ကယ်တင်ကြဖို့ မြန်မာ-အင်္ဂလိပ်
၂ဘာသာနဲ့စာ ဖတ်ရသေးတယ်။ ဒီလောက် အသံကျယ်ကျယ်နဲ့ ဝိုင်းအော်နေကြတာတောင်
နားပိတ်နေနိုင်ကြတာ အံ့ပါရဲ့။
ဧရာဝတီ ကျန်းမာပါစေ...
ချောရေ
ဒီပို့စ်လေးနဲ့ တတ်နိုင်သမျှ အမိမြေအတွက် လှုပ်ရှားတာ ကို လေးစားဂုဏ်ယူပါတယ်။
လူမျိုးနဲ့ နိုင်ငံပျက်စီးနိုင်တဲ့ အထိ ဆိုးကျိုးရှိနိုင်တယ်ဆိုတာမသိတာကတော့ တကယ်ဝမ်းနည်းစရာပဲ။
သူတို့ရဲ့ တိုင်းပြည်နဲ့လူမျိုးပျောက်စေမယ့် ဒီစီမံကိန်း ကို အမြန်ဆုံးရပ်တံ့ နိုင်ဘို့အားလုံး မျှော်လင့်နေကြတယ်။
အိမ်ကလူတွေဆို ဖုန်းခေါ်လိုက်တိုင်း ဒီဆည်ကြီးအတွက် ဘယ်လောက်သောက ရောက်ရကြောင်း ပြောပြတယ်၊၊ တစ်မြို့လုံးသာ ရေမြှုပ်သွားရရင်တော့ လူ့အသက်တွေ မနည်းဘူးဆုံးရှုံးသွားမှာ၊၊ ဘာကြောင့်များ ကိုယ့်တစ်ဝမ်းအတွက်ပဲ လူတွေကြည့်ကြတာလဲ၊၊
မြန်မာပြည်ဆိုတာကိုက ဧရာဝတီကို တည်မှီပြီးတည်ထောင်လာခဲ့တဲ့နိုင်ငံပါ။ ဧရာဝတီမှမရှိတော့ရင် မြန်မာပြည်ဆိုတာ ရှိနိုင်ပါအုံးတော့မလား... ကျေးဇူးရှင်ကို ကျေးစွပ်တယ်လို့ပဲမြင်မိတယ်။ ကျေးဇူးမသိတတ်ရင် ကိုယ်တိုင်ပါပျက်စီးရတတ်တာကို အကျိုးအမြတ်သာ မျှော်ကိုးကြတဲ့သူတွေ အချိန်မှီ သတိထားနိုင်ကြပါစေ...။
ရင်မောတယ်...မြစ်ဆုံကို ရောက်ဖူးချင်နေတာ...သူတို့  ဧရာဝတီကို သတ်နေပြီ..ငါတို့ ချစ်တဲ့ ဧရာဝတီ အသက်ရာကျော် ရှည်ပါစေ...
မြစ်ဆုံရဲ့ အံ့သြစရာကောင်းတဲ့ ရှုခင်းဓါတ်ပုံတွေ ကြည့်သွားတယ် ချောရေ။
မြစ်ဆုံကို ရောက်ဖူးချင်လိုက်တာ။
ဒီလိုလှပတဲ့ သဘာဝ သယံဇာတတစ်ခု ထာဝစဉ်တည်တံ့ပါစေလို့ ဆုတောင်းပါတယ်။