မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးလာ

3 views
Skip to first unread message

Frankie Nyi Nyi

unread,
May 10, 2011, 9:11:00 AM5/10/11
to birds-...@googlegroups.com
 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


မြန်မာနိုင်ငံ မြာက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးလာနေပြီး ယခင်က သစ်ထုတ်လုပ်ခြင်းသာ ရှိခဲ့ရာမှ ယခုအခါ တစ်ဖက်နိုင်ငံသို့ သစ်ပင်လိုက် ပြောင်းရွှေ့သည့် သစ်တော ပြောင်းရွှေ့မှု ရှိလာကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သည် ယခင်က စိမ်းစိုသော သစ်တောများ ပေါများစွာ တည်ရှိခဲ့ပြီး သစ်ပင်သစ်တော အပါအ၀င် သဘာဝ သယံဇာတများကြောင့် ထင်ရှားသော သဘာဝနယ်မြေ တစ်ခုဖြစ်ခဲ့သည်။ သဘာဝ သယံဇာတများကြောင့် ထင်ရှားသော သဘာဝနယ်မြေတစ်ခု ဖြစ်ခဲ့သည်။ “သစ်တောက သိသိသာသာ ပြုန်းလာတယ်။ အရင်ကတော့ သစ်ထုတ်တာ၊ သစ်ခုတ်တာရှိပြီးသား။ တစ်ဖက်ကို သယ်နေတာ။ အခုနောက်ပိုင်းတော့ သစ်ခုတ်တာ မဟုတ်တော့ဘူး။ သစ်ပင်လိုက် အမြစ်ပါအောင် သယ်ပြီး ဟိုဘက်မှာ ပြန်စိုက်နေတာ။ သစ်တောရွှေ့တဲ့ သဘောပေါ့။ နောက်ပိုင်းဆို တရုတ်ဘက်မှာတော့ သစ်ပင်တွေ စိမ်းလန်းနေပြီး ဒီဘက်မှာတော့ သစ်တော မရှိတော့တာတောင် ကြုံနိုင်ပါတယ်”ဟု သစ်ပင်များ ပြောင်းရွှေ့သယ်ယူမှုနှင့် ပတ်သက်၍ လေ့လာသိရှိထားသူ တစ်ဦးက ပြောပြသည်။ မြောက်ပိုင်းဒေသ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု သိသာလာနေသည့် ဒေသများတွင် အပါအ၀င်ဖြစ်နေပြီး ယင်းသို့ သစ်တောပြုန်းတီးလာမှု ကြောင့် ယခင်က ရာသီဥတု သင့်တင့်မျှတခဲ့သော ကချင်ပြည်နယ်မှာ ယခုအခါ မြောက်ပိုင်းစွန်း ဒေသမှလွဲ၍ ရာသီဥတု ပူနွေးပြောင်းလဲခဲ့ပြီ ဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။ “တရုတ်က မြို့ပြဖွံ့ဖြိုးရေးအတွက် စိုက်ဖို့ သစ်ပင်သယ်တယ်။ ယူနန်မှာရှိတဲ့ ရုက္ခဗေဒဥယျာဉ်အတွက် သစ်ပင်သယ်တယ်။ သယ်တဲ့အခါမှာ အရွက်တွေကို အငွေ့မပျံအောင် လုပ်ပြီး၊ စိုထိုင်းဆ မထွက်အောင် ထိန်းညှိပြီး နည်းပညာသုံးပြီး သယ်တာပါ။ မြန်မာနိုင်ငံကလည်း ထိုင်းက သစ်ပင်သွင်းဖူးတာပဲ။ နေပြည်တော် တည်ဆောက်တော့ အမြင့် ၃၊ ၄ မီတာရှိတဲ့ ငုပင်၊ စိန်ပန်းပင်စတဲ့ အပင်တွေကို တင်သွင်းရတယ်။ အမှန်တော့ ကိုယ့်ဆီမှာရှိတဲ့ သစ်ပင်ကို အမြန်လိုလာတော့ တင်သွင်းလိုက်ရတာ။ သစ်ပင်ကတော့ သွင်းတာပဲဖြစ်ဖြစ်၊ ထုတ်တာပဲဖြစ်ဖြစ် စီးပွားရေး အရ ဆုံးရှုံးပါတယ်။ ကိုယ်က ပေးရတော့ ထင်းဈေးသာသာ အလကားနီးပါးလောက်နဲ့ ပေးလိုက်ရတာ။ ကိုယ်ကပြန်ယူတော့ တန်ရာတန်ကြေး ပေးလိုက်ရတာပါ”ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပြသည်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်သို့ သစ်လုံးများကို တင်ဆောင်ထားသည့် ကားများ နေ့စဉ်နီးပါး ၀င်ရောက်မှု ရှိနေသည်ဟုလည်း ဒေသခံများထံမှ သိရှိရကြောင်း ၂၀၁၁ခုနှစ် မေလ ၁၁ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

 
 

Things you can do from here:

 
 
Reply all
Reply to author
Forward
0 new messages