မြန်မာနိုင်ငံမှ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများအား တရုတ်နိုင်ငံမှ အဓိက၀ယ် ယူနေ

5 views
Skip to first unread message

Thomas Latt

unread,
Aug 8, 2011, 10:01:35 PM8/8/11
to travelmyanmar, birds-...@googlegroups.com

Monday, August 8, 2011

 မြန်မာနိုင်ငံမှ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများအား တရုတ်နိုင်ငံမှ အဓိက၀ယ် ယူနေ

http://www.weeklyeleven.com/images/stories/Aug11/We/64511.jpg
မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်စုပေါင်း စစ်ဆေးရေးဂိတ်တွင် ဇန်န၀ါရီလ ၁၄ရက်နေ့က မြွေသေတ္တာများ တင်ဆောင်လာသော ကားနှစ်စီးကို ဖမ်းဆီးရမိစဉ် ကားပေါ်ပါလာသော မြွေသေတ္တာများ

မြန်မာနိုင်ငံမှ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား တရုတ်နိုင်ငံမှ အဓိက၀ယ်ယူနေပြီး အချို့နယ်ဒေသများ၌ ဒေသခံများ လိုအပ်သော အခြေခံ စားသောက်ကုန်များကို ကြိုတင်ပေးအပ်ကာ မှာကြားမှုများလည်း ရှိလာကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုး ကွဲစုံလင်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင် အချို့သော မျိုးစိတ်တို့မှာ မျိုးသုဉ်းပျောက်ကွယ်လု အနေအထားများကို ရင်ဆိုင်လာရကာ ယင်းမှာ သစ်တောပြုန်းတီးခြင်းနှင့် အလွန်အကျွံဖမ်းဆီး ထုတ်လုပ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။

“ဝေးလံခေါင်သီတဲ့ နေရာတွေ က ကျေးရွာတချို့မှာ ဒေသခံတွေက စားသောက်ကုန် အခက်အခဲရှိတော့ တရုတ်ဘက်က အဲဒါမျိုးတွေ ကြိုပေးထားကြတယ်။ ပြီးတော့ သူတို့လိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ ကိုမှာတယ်”ဟု မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောကြားသည်။

ဝေးလံခေါင်သီတဲ့ နေရာတွေက ကျေးရွာတချို့မှာ ဒေသခံတွေက စားသောက်ကုန် အခက်အခဲရှိတော့ တရုတ်ဘက်က အဲဒါမျိုးတွေ ကြိုပေးထားကြတယ်။ ပြီးတော့ သူတို့လိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေကို မှာတယ် . . .

မြန်မာနိုင်ငံ၌ ရှားပါးလာသော မျိုးစိတ်များတွင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိ အပင်နှင့်သတ္တ၀ါ ၃၉ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေ ရသော အပင်နှင့်သတ္တ၀ါ ၅၁ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံရမည့် အဆင့်သို့ ရောက်ရှိသွားနိုင်သော အပင်နှင့် သတ္တ၀ါမျိုးစိတ် ၁၁၅ တို့ ပါဝင်နေသည်။

မြန်မာနိုင်ငံမှ တောရိုင်း တိရစ္ဆာန်များနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို အဓိက ၀ယ်ယူနေသည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ထိုင်းနိုင်ငံသည် အိမ်မွေးတိရစ္ဆာန်အနေဖြင့် ၀ယ်ယူမှုများကာ တရုတ်နိုင်ငံမှာမူ ဆေးဝါးဖော်စပ်ရန်အတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေသခံတွေဟာ နေ့စဉ်ရှင်သန်မှုအတွက် တခြားနည်းလမ်း တွေမရှိတော့ တောင်ယာခုတ်တာ၊ အမဲလိုက်တာ၊ ရွှေတူးတာတွေ လုပ် ကြတယ်။ မရှိလို့လုပ်ကြတာ။ တချို့ အိမ်တွေမှာဆို တောရိုင်းတိရစ္ဆာန်ထွက်တွေ အများကြီးစုထားတယ်။ ဘာလုပ်ဖို့လဲဆိုတော့ တရုတ်တွေ လာဝယ်တယ်လို့ ပြောပြ ကြတယ်။ ဒီကနေ ၀င်ငွေရတာ။ ဆားနဲ့လဲရတာ လည်းရှိတယ်။ သမင်တစ်ကောင်မှ ဆားတစ်ပိဿာလောက် ရတာ။ သူတို့အတွက် alternative livelihood ဖန်တီးပေးဖို့ လိုအပ်ပါတယ်”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံ တွေ့နေရသော တိရစ္ဆာန်များတွင် ဆင်၊ ကျား၊ အင်းကျား၊ ၀က်ဝံ၊ လိပ်မျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ တောင်ဆိတ်၊ မျောက်လွှဲကျော် စသည့်မျိုးစိတ်များ ပါဝင်နေသည်။

“ဒေသမှာက ၀င်ငွေအနေနဲ့ တ ခြားလည်းမရှိဘူး။ အစားအသောက် ကလည်း ရှားတယ်။ ဒီတော့ ဟို ဘက်ကလည်းလိုအပ်တာတွေ ကြို တင်ပေးပြီး လိုချင်တဲ့ပစ္စည်းတွေမှာ တာပါ”ဟု ဦးစိုးညွန့်က ဆိုပါသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသ အ၀င်အထွက်ဂိတ်များတွင် တစ်ဖက် အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချမည့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို ဖမ်းဆီးရမိခြင်းများလည်း ရှိခဲ့ပြီး တစ်ဖက်နိုင်ငံအထိ ပို့ဆောင် ရောင်းချမှုများလည်း ရှိနေဆဲဖြစ် သည်ဟု သိရှိရသည်။

http://www.weeklyeleven.com/

NIL ZMW

unread,
Aug 8, 2011, 10:26:52 PM8/8/11
to Thomas Latt, travelmyanmar, birds-...@googlegroups.com
အားလုံးကအမှန်တွေပါပဲ။ ကျွန်တော်တို့ဘက်က ဒီလိုသစ်တောထွက်ပစ်စည်းရောင်းဝယ်ဖေါက်ကားမှုတိုကို ဘယ်လိုတားဆီးမလဲ၊ဖြေရှင်းမလဲ စဉ်းစားဖို့အထူးလိုအပ်လာပါပြီ။ ကြာရင်မြန်မာပြည်ကြီးရဲ့သယံဇာတတွေဟာ မြန်မာတွေမသုံးရပဲ တရုတ်ပြည်အတွက်ဖြစ်ဖို့များနေပါပြီ။ ဆောင်းပါးထဲမှာပါသလို ဒေသခံတွေရဲ့စားဝတ်နေရေးကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အချက်ဟာအလွန်အရေးကြီးပါတယ်၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုရင် အစိုးရအဖွဲ့အစည်းတွေ၊ဒေသဆိုင်ရာအာဏာပိုင်တွေ၊ LNGOs, INGOs, ခရီးသွားလုပ်ငန်းရှင်တွေ၊ဧည့်လမ်းညွှန်တွေ၊( CBT, CBET၊ပညာပေးအစီအစဉ်)၊ဒေသခံတွေပူပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ တခြားနိုင်ငံတွေမှာ အခုလိုမျိုးပူးပေါင်းဆောင်ရွက်လို့ ဒေသခံလဲဝင်ငွေရ၊ Ecosystem ကိုလဲ ထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။ Ecosystem ဆိုတာလဲ လူတို့ရဲ့စီးပွားရေး၊အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ ဒီဖြစ်စဉ်တွေအမြန်ဆုံးပပျောက်အောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါခင်ဗျာ။
2011/8/9 Thomas Latt <thomas...@gmail.com>
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

Reply all
Reply to author
Forward
0 new messages