from thar

3 views
Skip to first unread message

Straw Berry

unread,
Jun 18, 2010, 6:53:16 AM6/18/10
to batch...@googlegroups.com, juli...@gmail.com, aeintmoko, wai.hn...@googlemail.com, crow...@gmail.com, orchid...@gmail.com

အသည်းနဲ့ တည့်အောင်နေပါ

 

          အသည်းဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်ခွဲခန်း သို့မဟုတ် ဓာတုဗေဒစက်ရုံကြီး ဖြစ်ပါတယ်။ ဇီဝယန္တရားကြီး ပုံမှန်လည်ပတ်ဖို့အတွက် အစာအာဟာရကို ကုန်ကြမ်းပြုပြီး လိုအပ်တဲ့ ဇီဝပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်တွင်းကို ရောက်လာတဲ့ အဆိပ်အတောက်တွေ(ဥပမာ - အရက်နဲ့ ဓာတုပစ္စည်းတွေ) ကိုလည်း ချေဖျက်စွန့်ထုတ်ပေးနေပါတယ်။

          ဒီတာဝန်ကို အသည်းဟာ အခြားအင်္ဂါတွေနဲ့ ပူးပေါင်းပြီး ၂၄ နာရီထမ်းဆောင်ရာမှာ ဇီဝနာရီရဲ့ အချိန်ဇယားအတိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လူတွေဟာ ဒီအချိန်ဇယားနဲ့ လိုက်လျောညီထွေ နေထိုင်စားသောက်အိပ်စက်တတ်ရင် အသည်းလည်းကျန်းမာမယ် လူလည်းအသက်ရှည်မယ်လို့ ဆိုကြပါတယ်။ လူတွေရဲ့အချိန်ဇယားနဲ့ အသည်းရဲ့အချိန်ဇယားဟာ အံမ၀င်ခွင်မကျဖြစ်နေရင်တော့ အသည်းလည်း ပျက်စီးလွယ်ပြီး လူလည်းကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

          ဒီတော့ ကိုယ့်ရဲ့အသည်းနဲ့ ကိုယ်နဲ့ ချိန်ကိုက်ညီ သဟဇာတဖြစ်အောင် ဆင်ခြင်တတ်ဖို့ အသည်းရဲ့ အချိန်ဇယားကို ဖော်ပြလိုက်ပါတယ်။

ည ၉ နာရီမှ ၁၁ နာရီ

          ဒီအချိန်မှာ အသည်းဟာ လင့်ကျိတ်(Lymph nodes)တွေကတဆင့် ကိုယ်ခံစွမ်းအားစနစ်နဲ့ အဆိပ်အတောက်တွေကို ချေဖျက်နေတဲ့အချိန် ဖြစ်ပါတယ်။ လူရဲ့ခန္ဓာကိုယ်ဟာ အနားယူရမယ့် အချိန်ပါ။ တေးဂီတ၊ တီဗီ၊ ဗီဒီယိုကြည့် အပန်းဖြေရမယ့်အချိန်မျိုး ဖြစ်ပါတယ်။ အလုပ်ဇောကပ်တဲ့ ယောက်ျားတွေ၊ နေ့မှာ စီးပွားရေးလုပ်ပြီး ညကျမှ အိမ်မှုကိစ္စတွေလုပ်ရတဲ့ အိမ်ရှင်မတွေ ဒီအချိန်အထိ အလုပ်လုပ်ရတုန်းဆိုရင်တော့ အသည်းရဲ့ အချိန်ဇယားနဲ့ လွဲချော်နေပြီဆိုတာ သတိထားသင့်ပါတယ်။

ည ၁၁ နာရီမှ သန်းခေါင်ကျော် ၁ နာရီ

          အသည်းဟာ သည်းခြေအိတ်နဲ့အတူ အဆိပ်အတောက်တွေ ဖယ်ရှားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ လူဟာလည်း အိပ်စက်အနားယူရမယ့်အချိန် ဖြစ်ပါတယ်။ ဒီအချိန်အထိ မအိပ်သေးဘဲ  ဖျော်ဖြေမှုတွေနဲ့ ပျော်ပါးနေရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

 

 

သန်းခေါင်ကျော် ၁ နာရီမှ ၃နာရီ

အသည်းထဲမှာ အဆိပ်အတောက်တွေ ချေဖျက်နေဆဲအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရမယ့်အချိန် ဖြစ်ပါတယ်။

နံနက် ၃ နာရီမှ ၅ နာရီ

          အသည်းဟာ အဆုတ်မှတဆင့် အဆိပ်အတောက်တွေ ဖယ်ရှားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ချောင်းဆိုးကြတာဟာ သလိပ်နဲ့အတူ အဆိပ်တောက်တွေကို စွန့်ထုတ်နေတာမို့ ချောင်းဆိုးပျောက်ဆေးတွေ မသောက်သင့်ဘူးလို့ ဆိုထားပါတယ်။

နံနက် ၅ နာရီမှ ၇ နာရီ

          အသည်းဟာ အူမကြီးမှတဆင့် အဆိပ်အတောက်တွေကို စွန့်ထုတ်နေပါတယ်။ ဒါကြောင့် အိမ်သာတက်၊ ဆီး၊ ၀မ်းသွားတာ အကျင့်ဖြစ်နေဖို့ လိုပါတယ်။ ဒီအချိန်မှာ အိမ်သာမတက် မစွန့်ထုတ်ဖြစ်သေးရင် ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတွေ(မြန်မာလို - အပုပ်အစပ်တွေ)ကို သိမ်းဆည်းသိုလှောင်ထားသလို ဖြစ်နေပါလိမ့်မယ်။

နံနက် ၇ နာရီမှ ၉ နာရီ

          အူသိမ်ထဲက အစာအာဟာရတွေကို အသည်းက စုပ်ယူနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ အူသိမ်ထဲမှာ အစာသစ် ရှိနေရမှာဖြစ်လို့ နံနက်ခင်းစာ(breakfast)ကို စားထားပြီး ဖြစ်နေသင့်ပါတယ်။ မကျန်းမာတဲ့သူဆိုရင် နံနက် ၆ နာရီခွဲ ကတည်းက စားထားရမယ်လို့ ဆိုပါတယ်။ အိပ်ယာထနောက်ကျလို့     ၉ နာရီ ကျော်မှ နံနက်ခင်းစာစားရင်လည်း မိမိအကျင့်နဲ့ ဇီဝနာရီ အချိန်ဇယားက လွဲချော်နေပြီလို့ မှတ်ယူရပါမယ်။

          ဒီတော့ အသည်းကို ပျက်စီးစေမယ့် အမူအကျင့်တွေကို ပြောရမယ်ဆိုရင်-

v      ညဥ့်နက်မိုးချုပ်တဲ့အထိ အလုပ်လုပ်တာ၊ ညဥ့်နက်သန်းခေါင်ထိ မအိပ်သေးတဲ့အကျင့်ဟာ မကောင်းပါဘူး။

v      သန်းခေါင်ကျော်အချိန်မှ နံနက် ၄ နာရီအတွင်းမှာ ရိုးတွင်းခြင်ဆီက သွေးအသစ်ထုတ်လုပ်တဲ့အချိန်မို့ ဒီအချိန်ထိ မအိပ်သေးရင် ပိုဆိုးပါတယ်။

v      နံနက်စောစောမထဘဲ အိပ်ရာထနောက်ကျလို့ အိမ်သာစောစောမတက်ဖြစ်တာ နံနက်ခင်းစာကို မစားဖြစ်တတ်ကြတာတွေလည်း ကျန်းမာရေးကို ထိခိုက်ပါတယ်။

v      အစားကြူးတာ၊ အရက်၊ ဆေးလိပ်နဲ့ မလိုဘဲ ဆေးဝါးနဲ့ဓာတုပစ္စည်းတွေ၊ ရောင်ခြယ်ပစ္စည်းအနံ့အရသာ အပိုကောင်း(ဥပမာ - အချိုမှုန့်)ပါတဲ့အစားစာတွေဟာ အသည်းကို တာဝန်ပို ၀န်ပိစေပါတယ်။

v      မသန့်တဲ့ဆီနဲ့ ကြော်ချက်တဲ့ အစားအစာတွေဟာ အသည်းနဲ့ မတည့်ပါဘူး။ (သံလွင်ဆီဟာ အသည်းအတွက် အသင့်တော်ဆုံးလို့ ပြောကြပါတယ်။) ဟင်းသီးဟင်းရွက်တွေကို အစိမ်းသန့်သန့်စား၊ ကြော်မယ်ဆိုရင်လည်း အကျက်မလွန်စေနဲ့။ ကြော်ထားတဲ့ အသီးအရွက်တွေကို တစ်ခါတည်းနဲ့ အပြတ်စား၊ ကျန်တာကို သိမ်းထားပြီး နောက်မှ တစ်ခါပြန်စားတာလည်း ကျန်းမာရေးနဲ့ မသင့်တော်ဘူးလို့ မှတ်သားရပါတယ်။ ကိုယ့်အသည်းနဲ့ကိုယ် တည့်အောင်နေတတ်ဖို့ လိုပါတယ်။

 

ဒေါက်တာရဲနိုင်

၂၆.၁၀.၂၀၀၅

ကျန်းမာရေး နှင့် အလှ

Reply all
Reply to author
Forward
0 new messages