Fwd: Funny.

12 views
Skip to first unread message

MAY TARYAR

unread,
Aug 25, 2011, 1:08:44 AM8/25/11
to Nang Kein Kham Hsam, tslin...@googlemail.com, Min Htun Zaw, zarza...@gmail.com, myomg...@gmail.com, sujinyin, sithu...@gmail.com, Soe Thet Khine, batch2-cict, PHYO THET


---------- Forwarded message ----------
From: han myint <hanmy...@gmail.com>
Date: 2011/8/23
Subject: Fwd: Funny.
To: May Taryar <mayt...@gmail.com>




---------- Forwarded message ----------
From: Myat Lay MLK <mlk.nov...@gmail.com>
Date: 2011/8/18
Subject: Fwd: Funny.....to "nar bu " <hanmy...@gmail.com>,
To: han myint <hanmy...@gmail.com>




---------- Forwarded message ----------
From: Fu^uRE <future.a...@gmail.com>
Date: 2011/8/18
Subject: Fwd: Funny.....
To:





 

ကျွန်မအကူအညီတစ်ခု တောင်းလိုက်ပါတယ်။

မနှစ်က "ချစ်သူရည်းစား ၅.ဝဗားရှင်း"ကို "ခင်ပွန်းယောက်ျား ၁.ဝဗားရှင်း"အဖြစ် ကျွန်မတိုးမြှင့်ပြီးနောက် စစ်စတန်(System)တချို့ အခြေအနေဆိုးလာတာကို တွေ့ရပါတယ်။အထူးသဖြင့် "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ ဖန်ရှင်ဖြစ်ပါတယ်။ ဒီဖန်ရှင်နှစ်ခုဟာ "ချစ်သူရည်းစား ၅.ဝဗားရှင်း"တုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။အဲဒီအပြင် "ခင်ပွန်းယောက်ျား ၁.ဝ"ဟာ သုံးလို့ကောင်းတဲ့ ဆော့ဝဲလ်တချို့ကိုလဲ ပျက်စီးစေခဲ့ပါတယ်။ ဥပမာ-- "ရိုမန်တစ် ၉.၅"နဲ့ "ဂရုစိုက်မှု ၆.၅"တို့ဖြစ်ပါတယ်။ အဲဒီဆော့ဝဲလ်တွေကို "ဘောလုံးပွဲ ၅.ဝ"၊ "NBA ဘတ်စကက်ဘော ၃.ဝ"နဲ့ "ဂေါက်ပြိုင်ပွဲ ၄.၁"တို့နဲ့ ဝင်ရောက်အစားထိုးခဲ့ပါတယ်။

"စိတ်ချင်းစိတ်နားလည်မှု ၈.ဝ"ဟာလည်း လုံးဝ အလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး "အိမ်အလုပ် ၂.၆"ကို ဖွင့်လိုက်တာနဲ့ စစ်စတန်တစ်ခုလုံး ဟမ်းသွားပါတယ်။ "တပျစ်တောက်တောက် ၅.၃"ကို ရန်း (run)ပြီး ကျွန်မဖြေရှင်းခဲ့လည်း အချည်းနှီးပါပဲ။ ဒါကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖြေရှင်းပေးစေချင်ပါတယ်။

 

မှ/ စိုးရိမ်ပူပန်သူတစ်ဦး

 

 

 

သို့/ စိုးရိမ်ပူပန်သူ

 

ပထမဦးဆုံး သင့်ကိုသတိပေးချင်တာက "ချစ်သူရည်းစား ၅.ဝ"ဆိုတာ ဖြေဖျော်တဲ့ဆော့ဝဲလ်တစ်စုံသာဖြစ်ပြီး "ခင်ပွန်းယောက်ျား ၁.ဝ"က Operating system ဖြစ်တယ်။ http://ငါ့ကိုနင်ချစ်ခဲ့တယ်.htmlဆိုတဲ့/ဆိုက်ထဲဝင်ပြီး "မျက်ရည် ၆.၂" နဲ့ "အပြစ်ရှိတယ် ၃.ဝ"ဆိုတဲ့ဆော့ဝဲလ်ကို တောင်းလုပ်ချပြီး ရန်းလိုက်ပါ။

တကယ်လို့ ဒီဆော့ဝဲလ်တွေ အလုပ်လုပ်တယ်ဆိုရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အလိုလိုနေရင်း "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လည်ပတ်လိမ့်မယ်။ တစ်ခုသတိထားရမှာက "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လိုအပ်တာထက် ပိုမသုံးမိပါစေနဲ့။ တကယ်လို ပိုသုံးခဲ့ရင် "ခင်ပွန်းယောက်ျား ၁.ဝ"က "စိတ်တိုဒေါသ၂.၅"နဲ့ "အိမ်မကပ် ၇.ဝ"၊ "ဟိုတယ်တက် ၆.၁"ဆိုတဲ့ ဆော့ဝဲလ်တွေကို အလိုလိုနေရင်း ရန်းမိတတ်တယ်။

"ဟိုတယ်တက် ၆.၁"တဲ့ ဆော့ဝဲလ်က လုံးဝ သုံးလို့မကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်တယ်။ ဒီဆော့ဝဲလ်က "အငယ်အနှောင်း"ဆိုတဲ့ စမ်းသပ်ဖိုင် (testing file) ကို အလိုလိုနေရင်း တောင်းလုပ်ချတတ်တယ်။နောက်ပြီး "ယောက္ခမ ၁.ဝ"ဆိုတဲ့ ဆော့ဝဲလ်ကိုလည်း ဒေါင်းလုပ်မချမိပါစေနဲ့။ (ဒီဆော့ဝဲလ်က ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး မထင်ရင်မထင်သလို သင့် OS ထဲရှိသမျှကို အပိုင်ယူသွားလိမ့်မယ်) နောက်ပြီး နောက်ထပ်"ချစ်သူရည်းစား ၅.ဝ"အသစ်ကို ထပ်မတပ်ဆင်မိပါစေနဲ့။ ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ လက်မခံသလို "ခင်ပွန်းယောက်ျား ၁.ဝ"နဲ့လည်း အံဝင်ခွင်ကျ မဖြစ်စေပါဘူး။ မမျှော်လင့်နိုင်တဲ့ မှားယွင်းမှုတွေ ဖြစ်စေတတ်ပါတယ်။နောက်ဆုံးပြောရရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အရမ်းကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ် (Memory)အကန့်အသတ်ကြောင့် အချိန်တိုတိုအတွင်းမှာ ပရိုဂရမ်အသစ်တွေကို သူ လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် "အစားအသောက်ကောင်း ၃.ဝ" ၊ "အပြုအစု၊ ဆက်စီ ၇.၇"ဆိုတဲ့ plug in နှစ်ခုထပ်ဆက်ပေးပြီး မှတ်ဥာဏ်နဲ့ စစ်စတန်ကို တိုးချဲ့ပေးလိုက်ပါ။





--
Best Regards - -





Reply all
Reply to author
Forward
0 new messages