သာလွန်သောအချက်

6 views
Skip to first unread message

Khen Solomon Lethil

unread,
Sep 5, 2010, 1:35:10 PM9/5/10
to are-yo...@googlegroups.com, nahnuai
အမျိုးသမီးများ ၏ သာလွန်သောအချက်
အမျိုးသမီးများ ၏ သာလွန်သောအချက်
အမျိုးသမီးတို့ ညဏ်ပညာအရာ၌ အမျိုးသားတို့ ထက် ပိုမိုသာလွန်ပုံကိုပြောပြခြင်တာပါ။
အမျိုးသမီးတို့ က အမျိုသားတို့ ထက်သာလွန်ပုံ လေးမျိုးရှိကြောင်း လောကနီတိ၊ပကဏ္ဏက ဂါထာ(၂၄)တွင်ဖေါ်ပြထားပါတယ်။၎င်းတို့ မှာ မိန်းမများသည် ယောက်ျားများထက်..
၁။အစားတွင်နှစ်ဆ သာလွန်သည်။
၂။ညဏ်ပညာအရာတွင် လေးဆသာလွန်သည်။
၃။လုံ့ လ၀ီရိယကား ခြောက်ဆသာလွန်သည်။
၎။ကာမဂုဏ်ကို တက်မက်ခြင်းကား ရှစ်ဆသာလွန်သည်။
အဲဒီထဲက ညဏ်ပညာအရာမှာ လေးဆသာလွန်တာလေးကို အော်ပီကျယ်၏ ကာတွန်းပေါင်းချုပ် ပထမစာအုပ်မှာ ပုံလေးတွေနဲ့ ရေးထားတာက
ကားတစ်စီးက အပြေးသွားနေသည်။ကားပေါ်တွင် ကားမောင်းသောအမျိုးသားနှင့် ဘေးမှထိုင်လိုက်သော အမျိုးသမီးတို့ ပါသည်။ထိုအချိန်တွင် အမျိုးသားကကြောက်ရွံ့ ထိတ်လန့် သော အမူအရာဖြင့်ပြောလိုက်သည်မှာ….
….ဟာ ဘရိတ်ပေါက်သွားပြီ ကားရပ်လို့ မရတော့ဘူး၊ဘယ်လိုလုပ်ကြမလဲ….ထိုအခါ အမျိုးသမီး ချက်ခြင်းပြန်ပြောလိုက်သည်က..
….လွယ်ပါတယ် ဈေးအနည်းဆုံး ပစ္စည်းတစ်ခုကို ၀င်တိုက်ပစ်လိုက်….ဟူပါ၏။စိုးရိမ်ကြောင့်ကြဖွယ်ရာ အခက်အခဲအကြပ်အတည်းကြားထဲမှာပင် အမျိုးသမီးတို့ ၏ တင်္ခဏုပ္ပတ္ထိညဏ် လျှင်မြန်စွာ ထွက်လာတက်ပုံကို ကာတွန်းဆရာက သရုပ်ဖော်ထားခြင်းဟု ယူဆမိပါသည်။
နောက်တစ်ခုမှာ မိသားစုထမင်းဝိုင်း တစ်ခုတွင်ဖြစ်၏။
ထမင်းဝိုင်းကို ထိုင်ထိုင်ချင်းမြင်လိုက်ရသော ချဉ်ရည်ဟင်း၏ အရောင်အဆင်းမှာ နှစ်သက်ဖွယ်မရှိသဖြင့် သောက်မကြည့်ရသေးခင်မှာ ခင်ပွန်းဖြစ်သူက
….ဟင် ချဉ်ရည်ဟင်းကြီးကလဲကွာ..ဟု ငြီးတွားလိုက်ရာ မိမိအပေါ် အပြစ်တင်မည်ကို အလိုမရှိသော ဇနီးသည်က ထမင်းဝိုင်းမှာ အသင့်ထိုင်လျှက်ရှိသော သမီးပျိုကိုမေးငေါ့ပြလျှက်..
….တော့်….သမီးချက်တာ….ဟု
ဆင်ဝှေ့ ရန်ရှောင် စကားကြီးကိုအသုံးပြုလိုက်ပါသည်။အရောင်အဆင်းကတော့နှစ်လို ဖွယ်မရှိ အရသာကတော့ ဘယ်လိုနေမည်မသိဟူသော
အတွေးနှင့်အတူ ခင်ပွန်းဖြစ်သူက ချဉ်ရည်ဟင်းကို ခပ်သောက်ကြည့်လိုက်ပြီး ငါးနိုင်နိုင်လေး ထည့်ထားသဖြင့် အရသာရှိသွားရာ..
….ဟားးး….တော်တော်ကောင်းတာပါလားကွာ….ဟု ချီးမွန်းအပြီးမှာပင် ဇနီးသည်ကချက်ချင်းဝင်ထောက်လိုက်သည်က…
…..အဲဒါ ကျုပ်ဟင်းအိုးပြင်ပေးလိုက်တာ…..ဟူ၏။
အပြစ်တင်တာကျတော့ မခံလို၊တစ်ဖန် အချီးကျုးကျတော့လည်း ခံချင်ပြန်သဖြင့် စကားကိုအကွက်ကျကျ ၀င်ထောက်နေသည်ကို ကြည့်ခြင်းအားဖြင့်
ကမျိုးသမီးတို့ ၏ညဏ်ပညာ မည်မျှလျှင်မြန်ထက်မြက်ကြောင်း သတိထားနိုင်ပေသည်။
သူငယ်ချင်းများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။

Tags: သာလွန်သောအချက်, အမျိုးသမီးများ,


Reply all
Reply to author
Forward
0 new messages