၁။ တောင်အာဖရိကနိုင်ငံမှ ကင်းဘာလီတွင်းကြီး (Kimberley Big Hole)
လူတို့လက်ဖြင့် တူးခဲ့သော ကမ္ဘာပေါ်တွင် အကြီးဆုံး တွင်းကြီး ဖြစ်သည်ဟု ယူဆရသည်။ ၁၉၁၄ ခုနှစ် လုပ်ငန်း ရပ်ဆိုင်းသွားချိန်အထိ စိန် ၃ တန်ချိန်
ကျော်ခန့် ၎င်းတွင်းကြီးမှထွက်ရှိခဲ့သည်။ ထိုတွင်းတူးဖော်စဉ်က အလုပ်သမားများ
သယ်ထုတ်ခဲ့ရသော မြေကြီးမှာ တန်ချိန် ၂၂.၅ သန်းရှိမည်ဟု ခန့်မှန်းရသည်။
၂။ ဂလိုရီတွင်းကြီး (Glory Hole)
ဂလိုရီတွင်းကြီး (Glory Hole) သည် ကယ်လီဖိုးနီးယား (California) ပြည်နယ်ရှိ (Monticello) ရေလှောင်ဆည်ကြီး ရေပြည့် ချိန်တွင် ရေဖောက်ရန် အသုံးပြုသော တွင်းကြီး
ဖြစ်သည်။ ဤကဲ့သို့ ဆည်ရေ ဖောက်ထုတ်သော တွင်းများအနက် ကမ္ဘာပေါ်တွင်
အကြီးဆုံးတွင်း ဖြစ်သည်။ တစ်စက္ကန့်တွင် ရေကုဗပေ ၁၄,၄၀၀ အထိ
ဖောက်ထုတ်ပေးနိုင်သည်။
၃။ ဗင်းဂမ်တောင်ကြားသတ္တုတွင်း (Bingam Canyom Mine)
ယူးထားပြည်နယ် (Utan)ရှိ ဗင်းဂမ် တောင်ကြား သတ္တုတွင်း (Bingam Canyom Mine) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော လူတူးထားသော တွင်းကြီးဟု ယူဆ ထားသည်။ ၁၈၆၃
ခုနှစ်တွင် စတင် တူးဖော်ခဲ့ရာ ယနေ့အထိ ဆက်လက် တူးနေဆဲဖြစ်ရာ အရွယ်အစားလည်း
ပို၍ ကြီးလာနေဆဲ ဖြစ်သည်။ လက်ရှိတွင် ၃/၄ မိုင်နက်ပြီး ၂.၅ မိုင်ကျယ်သည်။
၎။ ဗေလိစ် (Belize)မှ အပြာရောင်တွင်းကြီး (Great Blue Hill)
ဤထူးခြားသည့် အပြာရောင်တွင်းကြီးဟု ခေါ်ဝေါ်သော တွင်းကြီးသည် ဗေလိစ် (Belize) နိုင်ငံမှ မိုင် ၆၀ ခန့်အကွာတွင် ရှိသည်။ ကမ္ဘာတစ်ဝှမ်းတွင် ထိုတွင်းကဲ့သို့
ရင်သပ်ရှုမောဖွယ်ဖြစ်လောက်အောင် လှပသောတွင်း မရှိနိုင်ပေ။ အပြာရောင်
တွင်းသည် ရေမျက်နှာပြင်နှင့် ဆက်စပ်နေပြီး ၁/၄ မိုင်ကျယ်၍ အလယ်တွင် ၁၄၅
မီတာ နက်သည်။ ရေငုတ်သမားများ အလွန်နှစ်သက်သော နေရာဖြစ်သည်။

၅။ မာနီစိန်တွင်း (Marny Diamond Mine၊ ဆားဗီးယား(Serbia)