မြန်မာနိုင်ငံ၌ ၁၀နှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ဟက်တာ ငါးသန်းကျော် လျော့ကျ

2 views
Skip to first unread message

Frankie Nyi Nyi

unread,
May 21, 2011, 6:50:16 AM5/21/11
to antiplastic-c...@googlegroups.com, birds-...@googlegroups.com
 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ၁၀နှစ်တာ ကာလအတွင်း သစ်တောဧရိယာသည် ဟက်တာ ငါးသန်းကျော်အထိ လျော့ကျသွားခဲ့သော်လည်း သစ်တောလွှမ်းခြုံနိုင်မှု ပမာဏမှာ ၄၇ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ ၁၉၉၅ ခုနှစ်တွင် ဟက်တာ ၃၉၂၁၈ သန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဟက်တာ ၃၄၈၆၈ သန်း၊ ၂၀၀၅ ခုနှစ်တွင် ဟက်တာ ၃၃၃၂၁ သန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဟက်တာ ၃၁၇၇၃ သန်းအထိ ပြောင်းလဲမှု ရှိလာကြောင်း သိရသည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၁၀နှစ်တာ ကာလအတွင်း ဟက်တာ ၄၃၅၀၀၀ သန်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ဟက်တာ ၃၀၉၀၀၀၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း ဟက်တာ ၃၁၀၀၀၀ အသီးသီး လျော့ကျ ပြောင်းလဲခဲ့ကြောင်း စာရင်းများက ဆိုပါသည်။ မြန်မာနိုင်ငံတွင် ယခင်က သဘာဝသစ်တောကြီးများသည် နိုင်ငံဧရိယာ၏ ၇၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုအခါ နိုင်ငံဧရိယာ၏ ၄၇ ရာခိုင်နှုန်း ရှိကြောင်း ၂၀၁၁ခုနှစ် မေလ ၂၀ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

 
 

Things you can do from here:

 
 
Reply all
Reply to author
Forward
0 new messages