အားလပ်ရက်စက်ဘီးစီးခြင်း ကမ္ဘာ ကြီးပူနွေးလာမှုလျော့ကျစေရန်ရည်ရွယ်၍ " ဂေဟဟိတ နှင့် အက်တီဗစ်စတာ " မှ အားလပ်ရက်စက်ဘီးစီးခြင်းအစီအစဉ် တစ်ခုပြုလုပ်ရန်ရှိပါသည်။
၁၈.၆.၂၀၁၁ စနေ နေ့ တွင် တိုင်းရင်းသားကျေးရွာ သို့စက်ဘီးဖြင့်သွားရောက်မည်ဖြစ်သည်။
၁၅.၆.၂၀၁၁ ရက်နေ့ညနေ ၃နာရီ နောက်ဆုံးထား၍စာရင်းပေးသွင်းစေလိုပါသည်။
ကျွန်မတို့ ကျွန်တော်တို့တွေ သစ်ပင်တွေ တအားစိုက်တယ် စက်ဘီးတွေလည်း တအားစီးနေ ကြပါတယ်။
ကာဘွန် ကို လျှော့ချ ချင်လို့ပါ။
ဒါပေမယ့် ကျုပ်တို့တွေက
ငတုံးတွေ ငအတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်နှစ်ကို လူတစ်ဦးလျင် ၀.၂ တန်ပဲ ထုတ်တယ်။ တစ်ချိန်တည်းမှာပဲ တစ်နှဏ်ကို တန် ၂၀ ထုတ်နေကြတဲ့ ကောင်ကြီးတွေ ရှိနေတယ် ဆိုတာကို လည်း သိပါတယ်။ ကျုပ်တို့လို ၀.၂ တန်ပဲ ထုတ်နေတဲ့ သူတွေက ကာဘွန်ကို လျှော့ချဖို့ ကြိုးစားရင်း တန် ၂၀ ထုတ်နေတဲ့ ကောင်ကြီးတွေကို ပညာပေးချင်တာလည်း ပါတယ်။ ကာဘွန်လျော့ချ ဖို့ အရေးကို ကျုပ်တို့တွေက စပြီး တတ်နိင်သလောက် တတ်နိုင်တဲ့ နည်းလေးနဲ့ လုပ်ကြတာပေါ့။ သယ်ရင်း တို့လည်း ၀ိုင်းပါကြလေ။
ကျေးဇူးတင်ရှိစွာဖြင့်
ဂေဟဟိတ
အခန်း၂၀၃၊Diamond condo B၊မေတ္တာဦးဆေးခန်းအနီး၊လှည်းတန်းကမာရွတ်မြို့နယ်။
Phone: :523930-37 ext: 3203
Email: :
gaih...@gmail.com